လူမှုကွန်ယက်တွင် လတ်တလော မြင်တွေ့နေရ တဲ့ သတင်းတွေ ကြောင့် သူငယ်ချင်းဖြစ်သူ ရေမွန်အတွက် စိတ်မကောင်း ဖြစ်နေတဲ့ မေ

Posted on

ကျန်းမာရေး အခြေအနေကြောင့် ရုတ်တရက် ကွယ်လွန်သွားတဲ့ အဆိုတော် ရေမွန်အတွက် ပရိသတ်တွေသာမကဘဲ အနုပညာအသိုင်းအဝိုင်းက ညီအစ်ကိုမောင်နှမများအားလုံးကပါ နှမျောတသ ဖြစ်ခဲ့ကြတာ ဖြစ်ပါတယ်။ လူသေသွားသော်လည်း နာမည်မသေသွားတဲ့ ရေမွန်ရဲ့ သီချင်းတွေကို အခုထိ အားပေးနားဆင်နေကြတာ ဖြစ်ပါတယ်။ ရေမွန်ကို ချစ်ကြသူများ အားလုံးက သူ့အတွက် ရည်ရွယ်ပြီး ကမ္ဘာမြေကို အကျိုးပြုစေတဲ့ သစ်ပင်လေးတွေကိုယ်စီစိုက်ပျိုးကြဖို့ Raymond Tree ဆိုတဲ့ campaign တစ်ခု ပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်။

ရေမွန်ကွယ်လွန်တာ ရက်ပိုင်းပဲ ရှိသေးပေမယ့် သူနဲ့ ပတ်သက်တဲ့ တစ်ချို့ အကြောင်းအရာတွေဟာ Facebook ပေါ်တွင် အခုထိ မငြိမ်သက်သေးပဲ ပြောနေကြဆဲ ဖြစ်ပါတယ်။ မနေ့ညကလည်း အဆိုတော် မေရဲ့ Facebook Page တွင် သူ့သူငယ်ချင်း နဲ့ ပတ်သက်ပြီး ခံစားနေရတဲ့ အကြောင်းလေးတွေကို ဖွင့်ဟပြောပြလာတာ ဖြစ်ပါတယ်။ ဒါကတော့ လူမှုကွန်ယက်တွင် လတ်တလော မြင်နေရတဲ့သတင်းတွေကြောင့် သူငယ်ချင်းဖြစ်သူ ရေမွန်အတွက် စိတ်မကောင်းဖြစ်နေကြောင်း ပြောပြထားတာ ဖြစ်ပါတယ်။ ” တွတ်ပီရဲ့ “သဘာဝနဲ့ငါ” သီချင်းကို နားထောင်ချင်တယ်.. သူ Live မှာပြောသွားတာ ဒီ society ကြီးကို စိတ်ကုန်ပြီးသဘာဝနဲ့နီးတဲ့ နေရာကို တစ်ယောက်ထဲ ဒိုးသွားတဲ့ အကြောင်းတဲ့.. အခု ဒီ societyကြီး က သူသွားတာတောင် ရက်ပိုင်းပဲရှိသေးတယ် ဖြစ်နေကြတဲ့ ပွဲတွေကို သူသိရင်လည်း စိတ်ကောင်းမယ်မထင်ဘူး..” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။

မေကလည်း အခုလိုပွဲတွေ ဖြစ်နေတာထက်စာရင် ရေမွန်ရဲ့ ဘယ်သီချင်းတွေကို အကြိုက်ဆုံး ဖြစ်ခဲ့ကြောင်းနဲ့ ဘယ် show မှာ ဘယ်လိုအားပေးခဲ့တာတွေ ရေးသားကြမယ် ဆိုရင် သူလည်း ပိုသဘောကျမှာ ထင်ကြောင်း ပြောပြထားတာပါ။ ရေမွန်နဲ့ဆုံဖြစ်လို့ သီချင်း ဆိုခိုင်းတဲ့ အခါတိုင်းလည်း ” ချန်ခဲ့ကလွဲလို့ တခြားသီချင်းတောင်းကြဟာတဲ့.. သူခဏခဏဆိုရလို့ မဆိုချင်ဘူးတဲ့ သူပြောတာလေး မှတ်မိလိုက်လို့ပါ” ဆိုပြီး အမှတ်တရ အချို့ကိုလည်း သတိတရနဲ့ ရေးသားပြောပြထားတာ ဖြစ်ပါတယ်။ ရေမွန်တစ်ယောက် ကောင်းကင်ဘုံမှာအေးချမ်းစွာ အနားယူနိုင်ပါစေ လို့ ဆုတောင်းပေးရင်း ဒီသတင်းလေးကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-May’s Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *