လူမင်း ရဲ့ မွေးနေ့မှာ ဘေးအန္တရာယ် ကင်းပြီး မိသားစုတွေ အမြန် ဆုံဆည်းပါစေလို့ ဆုတောင်းပေး လိုက်တဲ့ မင်းမော်ကွန်း

Posted on

ဆယ်စုနှစ်တွေ များစွာတိုင်အောင် ပရိသတ်တွေရဲ့ ချစ်ခင် အားပေးမှုတွေ ကို သိမ်းပိုက်ရရှိထားသူကတော့ သရုပ်ဆောင် လူမင်းပဲ ဖြစ်ပါတယ်။ သူကတော့ ဖေဖော်ဝါရီလအစကတည်းမှစတင်ပြီး မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ အားကြိုး မာန်တက် ပါဝင်ခဲ့သူတစ်ဦး ဖြစ်ပါတယ်။ တတ်နိုင်တဲ့ အခန်း ကဏ္ဍကနေ ပါဝင်ခဲ့တဲ့ လူမင်းရဲ့ စိတ်ဓာတ်ကတော့ လေးစားစရာပါပဲနော်။ အခုလို လှုပ်ရှားမှုမှာ ပါဝင်ခဲ့တာကြောင့်လည်း ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုကာ ဖမ်းဆီးထိန်းသိမ်းခံထားရတာ ဖြစ်ပါတယ်။

ပရိသတ်တွေနဲ့ ချစ်ခင်ကြတဲ့ အနုပညာ လောကမှ ညီအစ်ကို မောင်နှမတွေကလည်း လူမင်းရဲ့ ကျန်းမာရေးအတွက် စိတ်ပူနေကြတာ ဖြစ်ပါတယ်။ ဒီနေ့ကတော့ သရုပ်ဆောင် လူမင်းရဲ့ မွေးနေ့ရက်မြတ်လေးပဲ ဖြစ်ပါတယ်။ ဧရာဝတီလူမင်း Facebook အကောင့်တွင်လည်း ချစ်ခင်ရသူများမှ မွေးနေ့ ဆုမွန်ကောင်း တောင်းပေးထားကြတာကို မြင်တွေ့ကြရမှာပါ။ ဒါ့အပြင် သရုပ်ဆောင် မင်းမော်ကွန်းရဲ့ လူမှုကွန်ယက်စာမျက်နှာတွင်လည်း လူမင်းရဲ့မွေးနေ့မှာ အန္တရာယ်ကင်းပြီး မိသားစုတွေ အမြန်ဆုံဆည်းပါစေလို့ ဆုမွန်ကောင်းတောင်းပေးထားတာ ဖြစ်ပါတယ်။

သူကလည်း ” ပျော်စရာကောင်းတဲ့မွေးနေ့မဟုတ်ပေမယ့် ကျန်းမာစေကြောင်း၊ အန္ဒရာယ် ကင်းပါစေကြောင်းဆုတောင်းပါတယ် မိသားစုတွေအမြန်ဆုံကြပါစေ ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဖမ်းဆီးခံထားရတဲ့အနုပညာရှင်များနဲ့ အခြားသောသူများ အားလုံးအမြန်ဆုံး လွှတ်ပေးရန် ပြည်သူများက သူတို့ ရဲ့ ဆိုရှယ်မီဒီယာများတွင် speak out လုပ်ပေးနေကြတာ ဖြစ်ပါတယ်။ သရုပ်ဆောင် ဒွေး နဲ့ မေတိုးခိုင်လည်း ဒီကနေ့မှာ မွေးဖွားကြသူတွေဖြစ်ပါတယ်။

Source and Photo Crd-Kyaw Kyaw Htay Lwin’s and Ayarwaddy Lu Min’s Facebook Account

zawgyi

ဆယ္စုႏွစ္ေတြ မ်ားစြာတိုင္ေအာင္ ပရိသတ္ေတြရဲ႕ ခ်စ္ခင္ အားေပးမႈေတြ ကို သိမ္းပိုက္ရရွိထားသူကေတာ့ သ႐ုပ္ေဆာင္ လူမင္းပဲ ျဖစ္ပါတယ္။ သူကေတာ့ ေဖေဖာ္ဝါရီလအစကတည္းမွစတင္ၿပီး ျမန္မာႏိုင္ငံတြင္ လက္ရွိျဖစ္ေပၚေနတဲ့ လူထုလႈပ္ရွားမႈေတြမွာ အားႀကိဳး မာန္တက္ ပါဝင္ခဲ့သူတစ္ဦး ျဖစ္ပါတယ္။ တတ္ႏိုင္တဲ့ အခန္း က႑ကေန ပါဝင္ခဲ့တဲ့ လူမင္းရဲ႕ စိတ္ဓာတ္ကေတာ့ ေလးစားစရာပါပဲေနာ္။ အခုလို လႈပ္ရွားမႈမွာ ပါဝင္ခဲ့တာေၾကာင့္လည္း ပုဒ္မ ၅၀၅(က) ျဖင့္ တရားစြဲဆိုကာ ဖမ္းဆီးထိန္းသိမ္းခံထားရတာ ျဖစ္ပါတယ္။

ပရိသတ္ေတြနဲ႔ ခ်စ္ခင္ၾကတဲ့ အႏုပညာ ေလာကမွ ညီအစ္ကို ေမာင္ႏွမေတြကလည္း လူမင္းရဲ႕ က်န္းမာေရးအတြက္ စိတ္ပူေနၾကတာ ျဖစ္ပါတယ္။ ဒီေန႔ကေတာ့ သ႐ုပ္ေဆာင္ လူမင္းရဲ႕ ေမြးေန႔ရက္ျမတ္ေလးပဲ ျဖစ္ပါတယ္။ ဧရာဝတီလူမင္း Facebook အေကာင့္တြင္လည္း ခ်စ္ခင္ရသူမ်ားမွ ေမြးေန႔ ဆုမြန္ေကာင္း ေတာင္းေပးထားၾကတာကို ျမင္ေတြ႕ၾကရမွာပါ။ ဒါ့အျပင္ သ႐ုပ္ေဆာင္ မင္းေမာ္ကြန္းရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာတြင္လည္း လူမင္းရဲ႕ေမြးေန႔မွာ အႏၲရာယ္ကင္းၿပီး မိသားစုေတြ အျမန္ဆုံဆည္းပါေစလို႔ ဆုမြန္ေကာင္းေတာင္းေပးထားတာ ျဖစ္ပါတယ္။

သူကလည္း ” ေပ်ာ္စရာေကာင္းတဲ့ေမြးေန႔မဟုတ္ေပမယ့္ က်န္းမာေစေၾကာင္း၊ အႏၵရာယ္ ကင္းပါေစေၾကာင္းဆုေတာင္းပါတယ္ မိသားစုေတြအျမန္ဆုံၾကပါေစ ” ဆိုၿပီး ေရးသားထားတာ ျဖစ္ပါတယ္။ ဖမ္းဆီးခံထားရတဲ့အႏုပညာရွင္မ်ားနဲ႔ အျခားေသာသူမ်ား အားလုံးအျမန္ဆုံး လႊတ္ေပးရန္ ျပည္သူမ်ားက သူတို႔ ရဲ႕ ဆိုရွယ္မီဒီယာမ်ားတြင္ speak out လုပ္ေပးေနၾကတာ ျဖစ္ပါတယ္။ သ႐ုပ္ေဆာင္ ေဒြး နဲ႔ ေမတိုးခိုင္လည္း ဒီကေန႔မွာ ေမြးဖြားၾကသူေတြျဖစ္ပါတယ္။

Source and Photo Crd-Kyaw Kyaw Htay Lwin’s and Ayarwaddy Lu Min’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *