လူမင်း နဲ့ ပတ်သက်ပြီး အရမ်းစိတ်ပူမိသလို မိသားစု ဝင်တွေ ကိုလည်း ကိုယ်ချင်းစာ စာနာမိ ကြောင်း ဝမ်းနည်း စာလေးရေးကာ ဖော်ပြလာတဲ့ ခင်လှိုင်

Posted on

မြန်မာနိုင်ငံမှာခုဆိုရင် လှုပ်ရှားမှုတွေဟာအားကောင်း လာတာနဲ့အမျှ အတိုက်အခိုက်တွေ ကြားမှာ အသက်လုပြီး လှုပ်ရှားမှုတွေကို အားမလျာ့ဘဲ စွမ်းစွမ်းတမံလှုပ်ရှားနေကြတာလည်းဖြစ်ပါတယ်။ ပြည်သူလူထုကလည်း အချင်းချင်း လူသားချင်းစာနာစွာ ရသလောက် တတ်နိုင်တဲ့ဘက်ကနေ ကူညီမှုတွေမျိုးစုံပေးနေတာလည်းဖြစ်ပါတယ်။

လှုပ်ရှားမှုပြုလုပ်ရင်း ကြွေလွင့်သွားရတဲ့ အာဇာနည် သူရဲကောင်းတွေဟာလည်း တစ်ဆတစ်ဆ များပြားလာတာကိုလည်း ဝမ်နည်းကြေကွဲစွာတွေ့မြင်နေရပါတယ်။အနုပညာရှင်တွေကလည်း ရရာနေရာကနေ အားလုံးကိုကူညီစောင့်ရှောက်ရင်း ပြည်သူတွေနဲ့အတူရပ်တည်​ပေးနေကြတာပါ။အစွမ်းကုန်ရပ်တည်ပေးနေတဲ့ အနုပညာရှင်တွေထဲမှာမှ ကိုလူမင်းဟာ ဆိုရင်လည်း တိုင်းပြည်အတွက် ဘက်ပေါင်းစုံက နိုင်ငံဝန်ထမ်းများကို လူထုလှုပ်ရှားမှုမှာ ပါဝင်ရန် တိုက်တွန်းပေးခဲ့မှုကြောင့် မိသားစုနဲ့ ကွဲကွာပြီး ထိန်းသိမ်းခံထားရတာလည်း ဖြစ်ပါတယ်။

အန်ကယ်လေးနဲ့ပတ်သက်ပြီး အနုပညာရှင် အသိုင်းအဝိုင်းကော ပြည်သူတွေ အားလုံးကပါမကျန် စိတ်ပူပန်နေကြရတာအမှန်ပါပဲနော်။ခုလည်း ခင်လှိုင်က အန်ကယ်လေးကို စိတ်ပူပန်နေမိကြောင်းကိုခုလိုလေး ရေးသားဖော်ပြလာတာဖြစ်ပါတယ်။” ကိုလူမင်း ကျွန်တော်တို့ လောကသားချစ်စနိုးနှင့်ခင်မင်ရင်းနှီးစွာခေါ်ခဲ့ကြတာက…အန်ကယ်လေးရေ…အခုလိုအချိန်မှာ အန်ကယ်လေးမိသားစုတွေဘယ်လောက်တောင်မှစိတ်ပူပြီးသောကရောက်နေကြလဲဆိုတာတွေးကြည့်စရာမလိုအောင်အားလုံးကစာနာနားလည်နိုင်ကြပါတယ် ကျွန်တော်အပါအဝင် အန်ကယ်လေးကို ချစ်ခင်ကြတဲ့လောကသားအားလုံးအန်ကယ်လေးကို ချစ်ခင်အားပေးကြတဲ့ချစ်ပရိတ်သတ်အားလုံးကလည်းမိသားစုနှင့် ထပ်တူခံစားနေကြရပါတယ်ဗျာပရိတ်သတ်တွေအပေါ်မှာ လေးစားချစ်ပြီးလောကသားတွေအပေါ်မှာလဲ တတ်စွမ်းသမျှ ကူညီပေးတတ်ပြီး ပျော်ပျော်ရွှင်ရွှင် ဖေါ်ဖေါ် ရွေရွေနေတတ်တဲ့အန်ကယ်လေး ကျန်းမာစွာဖြင့်ဘေးရန်ကင်းပြီးမိသားစုများရှိရာကိုအမြန် ပြန်လာနိုင်ပါစေခင်ဗျာ”ဆိုတဲ့စာလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်မျှဝေပေးရင်း နိုင်ငံတော်ကြီး အမြန်အေးချမ်းပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Source & Photo Credit : Khin Hlaing Facebook Account

zawgyi

ျမန္မာႏိုင္ငံမွာခုဆိုရင္ လႈပ္ရွားမႈေတြဟာအားေကာင္း လာတာနဲ႔အမွ် အတိုက္အခိုက္ေတြ ၾကားမွာ အသက္လုၿပီး လႈပ္ရွားမႈေတြကို အားမလ်ာ့ဘဲ စြမ္းစြမ္းတမံလႈပ္ရွားေနၾကတာလည္းျဖစ္ပါတယ္။ ျပည္သူလူထုကလည္း အခ်င္းခ်င္း လူသားခ်င္းစာနာစြာ ရသေလာက္ တတ္ႏိုင္တဲ့ဘက္ကေန ကူညီမႈေတြမ်ိဳးစုံေပးေနတာလည္းျဖစ္ပါတယ္။

လႈပ္ရွားမႈျပဳလုပ္ရင္း ေႂကြလြင့္သြားရတဲ့ အာဇာနည္ သူရဲေကာင္းေတြဟာလည္း တစ္ဆတစ္ဆ မ်ားျပားလာတာကိုလည္း ဝမ္နည္းေၾကကြဲစြာေတြ႕ျမင္ေနရပါတယ္။အႏုပညာရွင္ေတြကလည္း ရရာေနရာကေန အားလုံးကိုကူညီေစာင့္ေရွာက္ရင္း ျပည္သူေတြနဲ႔အတူရပ္တည္​ေပးေနၾကတာပါ။အစြမ္းကုန္ရပ္တည္ေပးေနတဲ့ အႏုပညာရွင္ေတြထဲမွာမွ ကိုလူမင္းဟာ ဆိုရင္လည္း တိုင္းျပည္အတြက္ ဘက္ေပါင္းစုံက ႏိုင္ငံဝန္ထမ္းမ်ားကို လူထုလႈပ္ရွားမႈမွာ ပါဝင္ရန္ တိုက္တြန္းေပးခဲ့မႈေၾကာင့္ မိသားစုနဲ႔ ကြဲကြာၿပီး ထိန္းသိမ္းခံထားရတာလည္း ျဖစ္ပါတယ္။

အန္ကယ္ေလးနဲ႔ပတ္သက္ၿပီး အႏုပညာရွင္ အသိုင္းအဝိုင္းေကာ ျပည္သူေတြ အားလုံးကပါမက်န္ စိတ္ပူပန္ေနၾကရတာအမွန္ပါပဲေနာ္။ခုလည္း ခင္လႈိင္က အန္ကယ္ေလးကို စိတ္ပူပန္ေနမိေၾကာင္းကိုခုလိုေလး ေရးသားေဖာ္ျပလာတာျဖစ္ပါတယ္။” ကိုလူမင္း ကြၽန္ေတာ္တို႔ ေလာကသားခ်စ္စႏိုးႏွင့္ခင္မင္ရင္းႏွီးစြာေခၚခဲ့ၾကတာက…အန္ကယ္ေလးေရ…အခုလိုအခ်ိန္မွာ အန္ကယ္ေလးမိသားစုေတြဘယ္ေလာက္ေတာင္မွစိတ္ပူၿပီးေသာကေရာက္ေနၾကလဲဆိုတာေတြးၾကည့္စရာမလိုေအာင္အားလုံးကစာနာနားလည္ႏိုင္ၾကပါတယ္ ကြၽန္ေတာ္အပါအဝင္ အန္ကယ္ေလးကို ခ်စ္ခင္ၾကတဲ့ေလာကသားအားလုံးအန္ကယ္ေလးကို ခ်စ္ခင္အားေပးၾကတဲ့ခ်စ္ပရိတ္သတ္အားလုံးကလည္းမိသားစုႏွင့္ ထပ္တူခံစားေနၾကရပါတယ္ဗ်ာပရိတ္သတ္ေတြအေပၚမွာ ေလးစားခ်စ္ၿပီးေလာကသားေတြအေပၚမွာလဲ တတ္စြမ္းသမွ် ကူညီေပးတတ္ၿပီး ေပ်ာ္ေပ်ာ္႐ႊင္႐ႊင္ ေဖၚေဖၚ ေ႐ြေ႐ြေနတတ္တဲ့အန္ကယ္ေလး က်န္းမာစြာျဖင့္ေဘးရန္ကင္းၿပီးမိသားစုမ်ားရွိရာကိုအျမန္ ျပန္လာႏိုင္ပါေစခင္ဗ်ာ”ဆိုတဲ့စာေလးပဲျဖစ္ရာ ပရိသတ္ႀကီးအတြက္ ျပန္လည္မွ်ေဝေပးရင္း ႏိုင္ငံေတာ္ႀကီး အျမန္ေအးခ်မ္းပါေစ ဆုေတာင္းေပးလိုက္ပါတယ္။

Source & Photo Credit : Khin Hlaing Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *