လူနေ အိမ်တွေနား မှာ DEFENSE လုပ်မိရာ ကနေ မောင်းထုတ် ခံရတာကြောင့် ခွင့်လွှတ်ပေးဖို့ ထိုင်ကန်တော့ပြီး ဒူးထောက် တောင်းပန်ခဲ့ ကြတဲ့ လူငယ် တစ်စု

Posted on

လူငယ်တွေကတော့ သူတို့ရဲ့ ဆန္ဒနဲ့ မျှော်လင့်ချက်တွေ အတွက် လုံးဝ နောက်မဆုတ်ဘဲ ရှေ့ဆက်လျှောက်လှမ်းနေကြတာ ဖြစ်ပါတယ် ။ ဒါကြောင့်လည်း လူငယ်တွေက အခက်အခဲတွေ၊ အန္တရာယ်တွေကြားကနေ ရဲရဲဝင့်ဝင့် အရှေ့ထွက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေတာ ဖြစ်ပါတယ် ။ လူထု လှုပ်ရှားမှုတွေမှာ ဦးဆောင် ပါဝင်နေကြတဲ့ လူငယ်တွေက ပြည်သူတွေကို ကာကွယ် ပေးတဲ့အပြင် မရိုးနိုင်တဲ့ အိုင်ဒီယာအသစ်အဆန်းတွေနဲ့ နည်းလမ်းမျိုးစုံသုံးကာ ဆန္ဒဖော် ထုတ်နေကြတာလည်း ဖြစ်ပါတယ် ။

ပြီးခဲ့တဲ့ ဧပြီလ (၂) ရက်နေ့ကဆိုရင်လည်း ရန်ကုန်မြို့မှာ ဆန္ဒ ဖော်ထုတ် နေကြတဲ့ လူငယ်တစ်ချို့က ပြည်သူတွေကို တောင်းပန်ခဲ့ရတာ ဖြစ်ပါတယ် ။ အခုလိုပြုလုပ်ရတဲ့ အကြောင်းအရင်းကတော့ လူငယ်တွေက လူစုခွဲဖြိုခွင်းမှုတွေနဲ့ ကြုံတွေ့ရတဲ့အခါမှာ Defense ပြန်လုပ်မိရာ ကနေ အနီးအနားမှာရှိတဲ့ လူနေအိမ်တွေက သူတို့ကို မောင်းထုတ် ခဲ့တာကြောင့်ပဲ ဖြစ်ပါတယ် ။ ဒါ့ကြောင့် လူငယ်တွေက သူတို့ကိုခွင့်လွှတ်ပေးဖို့အတွက် ပြည်သူတွေကို လက်အုပ်ချီပြီး တစ်ညီတစ်ညာတည်း ဒူးထောက် တောင်းပန်ခဲ့ကြတာ ဖြစ်ပါတယ် ။

ဒီအဖြစ်အပျက်အကြောင်းကို ပြောပြထားတဲ့ လူငယ် တစ်ယောက်ကတော့ “ဝမ်းနည်းကြောင်း ဆုတောင်းနေရတာ မဟုတ်ဘူးနော် အဲ့နားမှာ defense လုပ်မိလို့ အဲ့နားက လူနေအိမ်တွေက အမြဲမောင်းထုတ်လို့ ခွင့်လွှတ်ပေးကြဖို့ ထိုင်ကန်တော့ပြီး တောင်းပန်နေရတာ ကျွန်တော်တို့ မိန်းကလေးတွေကိုတော့ ဒူးမထောက်ခိုင်းပါဘူး ကျွန်တော်တို့ ယောက်ျားလေးတွေပဲ ဒူးထောက် ခဲ့ပါတယ်။ “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားမျှဝေခဲ့တာ ဖြစ်ပါတယ် ။ လူငယ်တွေကို လက်ခံပြီး ဖေးမကူညီပေးနေတဲ့ လူကြီးတွေရှိပေမယ့်လည်း တစ်ချို့လူကြီးတွေကတော့ အမြဲမောင်းထုတ်ကြတာကြောင့် အခုလို တောင်းပန်ခဲ့ရတာပဲ ဖြစ်ပါတယ် ။

Source:Ye Hein’s FB Acc

zawgyi

လူငယ္ေတြကေတာ့ သူတို႔ရဲ႕ ဆႏၵနဲ႔ ေမွ်ာ္လင့္ခ်က္ေတြ အတြက္ လုံးဝ ေနာက္မဆုတ္ဘဲ ေရွ႕ဆက္ေလွ်ာက္လွမ္းေနၾကတာ ျဖစ္ပါတယ္ ။ ဒါေၾကာင့္လည္း လူငယ္ေတြက အခက္အခဲေတြ၊ အႏၲရာယ္ေတြၾကားကေန ရဲရဲဝင့္ဝင့္ အေရွ႕ထြက္ၿပီး ျပည္သူေတြနဲ႔အတူ ရပ္တည္ေနတာ ျဖစ္ပါတယ္ ။ လူထု လႈပ္ရွားမႈေတြမွာ ဦးေဆာင္ ပါဝင္ေနၾကတဲ့ လူငယ္ေတြက ျပည္သူေတြကို ကာကြယ္ ေပးတဲ့အျပင္ မ႐ိုးႏိုင္တဲ့ အိုင္ဒီယာအသစ္အဆန္းေတြနဲ႔ နည္းလမ္းမ်ိဳးစုံသုံးကာ ဆႏၵေဖာ္ ထုတ္ေနၾကတာလည္း ျဖစ္ပါတယ္ ။

ၿပီးခဲ့တဲ့ ဧၿပီလ (၂) ရက္ေန႔ကဆိုရင္လည္း ရန္ကုန္ၿမိဳ႕မွာ ဆႏၵ ေဖာ္ထုတ္ ေနၾကတဲ့ လူငယ္တစ္ခ်ိဳ႕က ျပည္သူေတြကို ေတာင္းပန္ခဲ့ရတာ ျဖစ္ပါတယ္ ။ အခုလိုျပဳလုပ္ရတဲ့ အေၾကာင္းအရင္းကေတာ့ လူငယ္ေတြက လူစုခြဲၿဖိဳခြင္းမႈေတြနဲ႔ ႀကဳံေတြ႕ရတဲ့အခါမွာ Defense ျပန္လုပ္မိရာ ကေန အနီးအနားမွာရွိတဲ့ လူေနအိမ္ေတြက သူတို႔ကို ေမာင္းထုတ္ ခဲ့တာေၾကာင့္ပဲ ျဖစ္ပါတယ္ ။ ဒါ့ေၾကာင့္ လူငယ္ေတြက သူတို႔ကိုခြင့္လႊတ္ေပးဖို႔အတြက္ ျပည္သူေတြကို လက္အုပ္ခ်ီၿပီး တစ္ညီတစ္ညာတည္း ဒူးေထာက္ ေတာင္းပန္ခဲ့ၾကတာ ျဖစ္ပါတယ္ ။

ဒီအျဖစ္အပ်က္အေၾကာင္းကို ေျပာျပထားတဲ့ လူငယ္ တစ္ေယာက္ကေတာ့ “ဝမ္းနည္းေၾကာင္း ဆုေတာင္းေနရတာ မဟုတ္ဘူးေနာ္ အဲ့နားမွာ defense လုပ္မိလို႔ အဲ့နားက လူေနအိမ္ေတြက အၿမဲေမာင္းထုတ္လို႔ ခြင့္လႊတ္ေပးၾကဖို႔ ထိုင္ကန္ေတာ့ၿပီး ေတာင္းပန္ေနရတာ ကြၽန္ေတာ္တို႔ မိန္းကေလးေတြကိုေတာ့ ဒူးမေထာက္ခိုင္းပါဘူး ကြၽန္ေတာ္တို႔ ေယာက္်ားေလးေတြပဲ ဒူးေထာက္ ခဲ့ပါတယ္။ “ဆိုၿပီး လူမႈကြန္ယက္စာမ်က္ႏွာထက္မွာ ေရးသားမွ်ေဝခဲ့တာ ျဖစ္ပါတယ္ ။ လူငယ္ေတြကို လက္ခံၿပီး ေဖးမကူညီေပးေနတဲ့ လူႀကီးေတြရွိေပမယ့္လည္း တစ္ခ်ိဳ႕လူႀကီးေတြကေတာ့ အၿမဲေမာင္းထုတ္ၾကတာေၾကာင့္ အခုလို ေတာင္းပန္ခဲ့ရတာပဲ ျဖစ္ပါတယ္ ။

Source:Ye Hein’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *