လူနာများ တင်ဖို့ အတွက် ကား အဆင်မပြေ ဖြစ်နေတဲ့ အသင်းကို ကားတစ်စီး လှူဒါန်း ရန် သူကိုယ်တိုင် (၁၀) ကျပ်မတည် လှူဒါန်းခဲ့တဲ့ မအေးသောင်း…..

Posted on

ပရိတ်သတ်ကြီးရေ…..တစ်နေ့ထက်တစ်နေ့ အရှိန်အဟုန်ပြင်းပြင်းနဲ့ အားကောင်း လာတဲ့ ဆန္ဒ ထုတ်ဖော်မှုတွေဟာ နိုင်ငံတကာ ရဲ့ သတင်းတွေထိ ပြန့်နှံနေခဲ့တာလည်းဖြစ်ပါတယ်။ပြည်သူတွေကလည်းတစ်ရက်မှ လက်မလျော့ဘဲ ရရာနေရာတွေကနေ ယုံကြည်ချက်တွေအတွက် ရင်ထဲကဆန္ဒတွေကို ညီညီညွတ်ညွတ် ထုတ်ဖော်လျက်ရှိနေဆဲပါ။

ပြည်သူတွေနဲ့အတူ အနုပညာရှင်တွေကလည်း အင်တိုက်အားတိုက် ပါဝင် ရပ်တည်ခဲ့တာကိုလည်း လေးစားစွာတွေ့မြင်ရပါတယ်။ဒီလိုအနုပညာရှင်တွေထဲမှာဆိုရင် မအေးသောင်းလည်း အပါအဝင်ပါပဲ ။မအေးသောင်းက ဖေဖော်ဝါရီလအစထဲက ပြည်သူလူထုနဲ့အတူ ရပ်တည်ကာ ဆန္ဒထုတ်ဖော်မှုတွေ ကို မမောမပန်းနိုင်အောင် တက်တက်ကြွကြွ စိတ်ရောကိုယ်ပါနှစ်ပြီး လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဒါ့အပြင် အရေးကြီးသတင်းတွေကိုလည်း သူမရဲ့အကောင့်မှာ အချိန်နဲ့ တစ်ပြေးညီဖော်ပြလျက် ရှိပါတယ်။အခုလည်း လူနာများတင်ဖို့အတွက် ကားအဆင်မပြေဖြစ်နေတဲ့အသင်းကို ကားတစ်စီးလှူဒါန်းရန် သူကိုယ်တိုင် (၁၀) ကျပ်မတည်လှူဒါန်းရင်း လိုအပ်တဲ့ငွေများကိုလည်း သူရဲ့အကောင့်လေးမှာ ခုလိုရေးသားကာ အလှူခံလျက် ရှိတာကို လေးစားစွာတွေ့မြင်ရပါတယ်။” ကယ်ဆယ်ရေးအဖွဲ့အတွက်တတ်နိုင်သလောက် လိုအပ်တာလေးတွေ လှူဖြစ်ပေမဲ့ အခုလူနာတွေတင်ဖို့ခေါ်ဖို့အတွက် ကားအဆင်မပြေတဲ့ အသင်းကိုလှူချင်လို့ပါ။ ကားလေးတစ်စီးလှူဖို့ ကျတော့တစ်ယောက်တည်းမတတ်နိုင်လို့အလှူခံပါတယ်။ ကျမ ကိုယ်တိုင် ၁၀ သိန်းကျပ်မတည်ပြီး အလှူငွေလည်းလက်ခံပါ့မယ်။ အားနာနာနဲ့ပဲဒီတခါတော့အလှူခံပါရစေရှင့် Chat box မှတဆင့်ဆက်သွယ်ပေးပါရှင့် “ဆိုတဲ့စာလေးပဲ ဖြစ်ရာ ပရိသတ်ကြီးအတွက် ပြန်လည်ဝေမျှပေးလိုက်ပါတယ်။

Credit – Cele Zone
Photo – Aye Thaung

zawgyi

ပရိတ္သတ္ႀကီးေရ…..တစ္ေန႔ထက္တစ္ေန႔ အရွိန္အဟုန္ျပင္းျပင္းနဲ႔ အားေကာင္း လာတဲ့ ဆႏၵ ထုတ္ေဖာ္မႈေတြဟာ ႏိုင္ငံတကာ ရဲ႕ သတင္းေတြထိ ျပန႔္ႏွံေနခဲ့တာလည္းျဖစ္ပါတယ္။ျပည္သူေတြကလည္းတစ္ရက္မွ လက္မေလ်ာ့ဘဲ ရရာေနရာေတြကေန ယုံၾကည္ခ်က္ေတြအတြက္ ရင္ထဲကဆႏၵေတြကို ညီညီၫြတ္ၫြတ္ ထုတ္ေဖာ္လ်က္ရွိေနဆဲပါ။

ျပည္သူေတြနဲ႔အတူ အႏုပညာရွင္ေတြကလည္း အင္တိုက္အားတိုက္ ပါဝင္ ရပ္တည္ခဲ့တာကိုလည္း ေလးစားစြာေတြ႕ျမင္ရပါတယ္။ဒီလိုအႏုပညာရွင္ေတြထဲမွာဆိုရင္ မေအးေသာင္းလည္း အပါအဝင္ပါပဲ ။မေအးေသာင္းက ေဖေဖာ္ဝါရီလအစထဲက ျပည္သူလူထုနဲ႔အတူ ရပ္တည္ကာ ဆႏၵထုတ္ေဖာ္မႈေတြ ကို မေမာမပန္းႏိုင္ေအာင္ တက္တက္ႂကြႂကြ စိတ္ေရာကိုယ္ပါႏွစ္ၿပီး လုပ္ေဆာင္ေနတာျဖစ္ပါတယ္။

ဒါ့အျပင္ အေရးႀကီးသတင္းေတြကိုလည္း သူမရဲ႕အေကာင့္မွာ အခ်ိန္နဲ႔ တစ္ေျပးညီေဖာ္ျပလ်က္ ရွိပါတယ္။အခုလည္း လူနာမ်ားတင္ဖို႔အတြက္ ကားအဆင္မေျပျဖစ္ေနတဲ့အသင္းကို ကားတစ္စီးလႉဒါန္းရန္ သူကိုယ္တိုင္ (၁၀) က်ပ္မတည္လႉဒါန္းရင္း လိုအပ္တဲ့ေငြမ်ားကိုလည္း သူရဲ႕အေကာင့္ေလးမွာ ခုလိုေရးသားကာ အလႉခံလ်က္ ရွိတာကို ေလးစားစြာေတြ႕ျမင္ရပါတယ္။” ကယ္ဆယ္ေရးအဖြဲ႕အတြက္တတ္ႏိုင္သေလာက္ လိုအပ္တာေလးေတြ လႉျဖစ္ေပမဲ့ အခုလူနာေတြတင္ဖို႔ေခၚဖို႔အတြက္ ကားအဆင္မေျပတဲ့ အသင္းကိုလႉခ်င္လို႔ပါ။ ကားေလးတစ္စီးလႉဖို႔ က်ေတာ့တစ္ေယာက္တည္းမတတ္ႏိုင္လို႔အလႉခံပါတယ္။ က်မ ကိုယ္တိုင္ ၁၀ သိန္းက်ပ္မတည္ၿပီး အလႉေငြလည္းလက္ခံပါ့မယ္။ အားနာနာနဲ႔ပဲဒီတခါေတာ့အလႉခံပါရေစရွင့္ Chat box မွတဆင့္ဆက္သြယ္ေပးပါရွင့္ “ဆိုတဲ့စာေလးပဲ ျဖစ္ရာ ပရိသတ္ႀကီးအတြက္ ျပန္လည္ေဝမွ်ေပးလိုက္ပါတယ္။

Credit – Cele Zone
Photo – Aye Thaung

Leave a Reply

Your email address will not be published. Required fields are marked *