လူထု လှုပ်ရှားမှု မှာ ပါဝင်ရင်း အသက်ပေးသွားရတဲ့ ညီညီအောင်ထက်နိုင် ရဲ့ ကျန်ရစ်သူ မိသားစုဆီ ကို သွားပြီး အားပေးစကားတွေပြောကာ နှစ်သိမ့်ခဲ့တဲ့ အိုင်ရင်းဇင်မာမြင့်

Posted on

အဆိုတော်တစ်ယောက် ဖြစ်တဲ့ အိုင်ရင်းဇင်မာမြင့်ကတော့ ဂီတ လမ်းကြောင်းပေါ်မှာ ပရိသတ်တွေရဲ့ချစ်ခင်အားပေးမှုတွေနဲ့ လျှောက်လှမ်းနေတာဖြစ်ပါတယ်။အိုင်ရင်းဇင်မာမြင့်ရဲ့သီချင်းတွေကိုလည်း လူကြီး၊လူငယ်မရွေးကြိုက်နှစ်သက်ကြတာကြောင့် ဘယ်တော့မှမရိုးသွားဘဲ နားထောင် လို့ ကောင်းနေဆဲဖြစ်တဲ့ သီချင်းကောင်းလေးတွေဖြစ်ပါတယ်နော်။ အိုင်ရင်းဇင်မာမြင့်တို့အနုပညာရှင်တွေကလည်း COVID-19 (First Wave)ကတည်းက အလုပ်တွေကို ရပ်နားထားကြတာ အခုချိန်ထိပဲဖြစ်ပါတယ်။ အိုင်ရင်းဇင်မာမြင့်က လက်ရှိအခြေအနေမှာဆိုရင်လည်း ပြည်သူလူထုနဲ့အတူ တစ်တပ်တစ်အားပါဝင်နေတာဖြစ်ပါတယ်နော်။

အိုင်ရင်းဇင်မာမြင့်က ယခုလိုအချိန်မျိုး မှာပဲ မိခင်ကို ဆုံးရှုံးလိုက်ရသေးတာကြောင့် ဖြည်မဆည်နိုင်အောင်ဝမ်းနည်းနေရတာဖြစ်ပါတယ်။ဘဝတစ်ပါးကိုကူးပြောင်းသွားတဲ့ မေမေ့ကိုလည်း အိုင်ရင်းဇင်မာမြင့်က အမြဲသတိရပြီးပူဆွေးနေတာဖြစ်ပါတယ်နော်။ ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက ဖြစ်ပျက်သွားတဲ့အခြေအနေတွေကြောင့် အိုင်ရင်းဇင်မာမြင့်ကလည်း ပြည်သူလူထုနဲ့အတူ လမ်းမပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်သေးတာဖြစ်ပါတယ်။အရမ်းဇွဲကောင်းကြတဲ့ မြန်မာပြည်သူ၊ပြည်သားတွေကတော့ ယနေ့ထိတိုင်အားမလျော့ကြသေးတာကို တွေ့မြင်နေရဆဲပဲ ဖြစ်ပါတယ်နော်။

ပြည်သူလူထုတွေထဲမှာလည်း တချို့လူငယ်လေးတွေက လူထု လှုပ်ရှားမှုမှုပါဝင်ရင်း အသက်ဆုံးရှုံးခဲ့ရတာဖြစ်ပါတယ်။ဖေဖော်ဝါရီလ(၂၈)ရက်နေ့ကဆိုရင် တစ်နိုင်ငံလုံးပူဆွေးသောကရောက်ရတဲ့နေ့လေးပဲဖြစ်ပါတယ်။အမြို့မြို့၊အနယ်နယ်မှာ ကျဆုံးသွားရတဲ့ လူငယ်လေးတွေအတွက်လည်း ပြည်သူလူထုက တတ်နိုင်တဲ့ဘက်ကနေဝန်းရံပြီး ဆုတောင်းပွဲတွေပြုလုပ်ပေးခဲ့တာဖြစ်ပါတယ်နော်။အိုင်ရင်းဇင်မာမြင့်ကတော့ လှည်းတန်းမှာကျဆုံးသွားတဲ့သူရဲကောင်းညီညီအောင်ထက်နိုင်ရဲ့နောက်ဆုံးခရီးကိုလိုက်ပို့ပေးပြီး ကျန်ရစ်သူ မိသားစုကိုလည်း အားပေးစကားနဲ့နှစ်သိမ့်ခဲ့တာဖြစ်ပါတယ်။ အခုလိုအချိန်မျိုးမှာ ပြည်သူအချင်းချင်းကပဲ အပြန်အလှန်ဖေးမကူညီကြပြီး မိသားစုနဲ့ထပ်တူဝမ်းနည်းနေကြတာပဲဖြစ်ပါတယ်နော်။

Source&Photo Credit:Irene Zin Mar Myint’s Facebook Acc

zawgyi

အဆိုေတာ္တစ္ေယာက္ ျဖစ္တဲ့ အိုင္ရင္းဇင္မာျမင့္ကေတာ့ ဂီတ လမ္းေၾကာင္းေပၚမွာ ပရိသတ္ေတြရဲ႕ခ်စ္ခင္အားေပးမႈေတြနဲ႔ ေလွ်ာက္လွမ္းေနတာျဖစ္ပါတယ္။အိုင္ရင္းဇင္မာျမင့္ရဲ႕သီခ်င္းေတြကိုလည္း လူႀကီး၊လူငယ္မေ႐ြးႀကိဳက္ႏွစ္သက္ၾကတာေၾကာင့္ ဘယ္ေတာ့မွမ႐ိုးသြားဘဲ နားေထာင္ လို႔ ေကာင္းေနဆဲျဖစ္တဲ့ သီခ်င္းေကာင္းေလးေတြျဖစ္ပါတယ္ေနာ္။ အိုင္ရင္းဇင္မာျမင့္တို႔အႏုပညာရွင္ေတြကလည္း COVID-19 (First Wave)ကတည္းက အလုပ္ေတြကို ရပ္နားထားၾကတာ အခုခ်ိန္ထိပဲျဖစ္ပါတယ္။ အိုင္ရင္းဇင္မာျမင့္က လက္ရွိအေျခအေနမွာဆိုရင္လည္း ျပည္သူလူထုနဲ႔အတူ တစ္တပ္တစ္အားပါဝင္ေနတာျဖစ္ပါတယ္ေနာ္။

အိုင္ရင္းဇင္မာျမင့္က ယခုလိုအခ်ိန္မ်ိဳး မွာပဲ မိခင္ကို ဆုံးရႈံးလိုက္ရေသးတာေၾကာင့္ ျဖည္မဆည္ႏိုင္ေအာင္ဝမ္းနည္းေနရတာျဖစ္ပါတယ္။ဘဝတစ္ပါးကိုကူးေျပာင္းသြားတဲ့ ေမေမ့ကိုလည္း အိုင္ရင္းဇင္မာျမင့္က အၿမဲသတိရၿပီးပူေဆြးေနတာျဖစ္ပါတယ္ေနာ္။ ေဖေဖာ္ဝါရီလ(၁)ရက္ေန႔ကတည္းက ျဖစ္ပ်က္သြားတဲ့အေျခအေနေတြေၾကာင့္ အိုင္ရင္းဇင္မာျမင့္ကလည္း ျပည္သူလူထုနဲ႔အတူ လမ္းမေပၚထြက္ၿပီး လူထုလႈပ္ရွားမႈေတြမွာ ပါဝင္ေသးတာျဖစ္ပါတယ္။အရမ္းဇြဲေကာင္းၾကတဲ့ ျမန္မာျပည္သူ၊ျပည္သားေတြကေတာ့ ယေန႔ထိတိုင္အားမေလ်ာ့ၾကေသးတာကို ေတြ႕ျမင္ေနရဆဲပဲ ျဖစ္ပါတယ္ေနာ္။

ျပည္သူလူထုေတြထဲမွာလည္း တခ်ိဳ႕လူငယ္ေလးေတြက လူထု လႈပ္ရွားမႈမႈပါဝင္ရင္း အသက္ဆုံးရႈံးခဲ့ရတာျဖစ္ပါတယ္။ေဖေဖာ္ဝါရီလ(၂၈)ရက္ေန႔ကဆိုရင္ တစ္ႏိုင္ငံလုံးပူေဆြးေသာကေရာက္ရတဲ့ေန႔ေလးပဲျဖစ္ပါတယ္။အၿမိဳ႕ၿမိဳ႕၊အနယ္နယ္မွာ က်ဆုံးသြားရတဲ့ လူငယ္ေလးေတြအတြက္လည္း ျပည္သူလူထုက တတ္ႏိုင္တဲ့ဘက္ကေနဝန္းရံၿပီး ဆုေတာင္းပြဲေတြျပဳလုပ္ေပးခဲ့တာျဖစ္ပါတယ္ေနာ္။အိုင္ရင္းဇင္မာျမင့္ကေတာ့ လွည္းတန္းမွာက်ဆုံးသြားတဲ့သူရဲေကာင္းညီညီေအာင္ထက္ႏိုင္ရဲ႕ေနာက္ဆုံးခရီးကိုလိုက္ပို႔ေပးၿပီး က်န္ရစ္သူ မိသားစုကိုလည္း အားေပးစကားနဲ႔ႏွစ္သိမ့္ခဲ့တာျဖစ္ပါတယ္။ အခုလိုအခ်ိန္မ်ိဳးမွာ ျပည္သူအခ်င္းခ်င္းကပဲ အျပန္အလွန္ေဖးမကူညီၾကၿပီး မိသားစုနဲ႔ထပ္တူဝမ္းနည္းေနၾကတာပဲျဖစ္ပါတယ္ေနာ္။

Source&Photo Credit:Irene Zin Mar Myint’s Facebook Acc

Leave a Reply

Your email address will not be published. Required fields are marked *