လူထု လှုပ်ရှားမှု မှာ တက်တက် ကြွကြွပါဝင် နေကြတဲ့ ပြည်သူ တွေ မထိခိုက်ရအောင် ဒိုင်းတွေ နဲ့ ရဲရဲရင့်ရင့်ကာပေးနေခဲ့တဲ့ တိုင်ရွန်

Posted on

ပရိသတ်တွေရဲ့ အချစ်ကို သိမ်းပိုက် ထားနိုင်ခဲ့တဲ့ တိုင်ရွန်ကတော့ အနုပညာလောက မှာ နေရာတစ်ခုကိုရယူထားနိုင်ခဲ့တဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ဇာတ်ကားတွေကိုလည်း ရိုက်ကူးလျက်ရှိနေသူတစ်ယောက်ပဲဖြစ်ပါတယ်။ တိုင်ရွန်ကတော့ လက်ရှိဖြစ်ပွားနေတဲ့ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်သူတွေ နဲ့အတူ ပြတ်ပြတ်သားသား ရပ်တည်နေသူ တစ်ယောက်ဖြစ်ကာ လူထုလှုပ်ရှားမှုတွေမှာလည်း မမောနိုင်မပန်းနိုင် ပါဝင်နေတဲ့ အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။

တိုင်ရွန်ကတော့ လူထု လှုပ်ရှားမှုမှာ တက်တက်ကြွကြွပါဝင်နေကြတဲ့ ပြည်သူတွေမထိခိုက်ရအောင် ဒိုင်းတွေနဲ့ ရဲရဲရင့်ရင့်ကာပေးနေခဲ့ပါတယ်။တိုင်ရွန်ကတော့ ” ကျွန်တော်တို့ ဒိုင်းတွေဟာ အနည်းဆုံးတော့ ရေနဲ့ထိုးတာ ရာဘာကျည်လောက်တော့ ကာကွယ်ပေ းနိုင်တာမို့ ကျွန်တော်တို့တကယ်ဖြစ်လာချိန် ရသလောက်ကာကွယ်ပေးပါမယ် လူထုကို ထိန်းပါမယ် လူစုခွဲဖို့ လွတ်ရာကို ပြေးဖို့ အော်ပြောပေးပါမယ် အထိနာ သက်သာအောင် ရှေ့ကနေ ရသလောက် ကာကွယ်ပေး ပါမယ် “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။

တိုင်ရွန်ကတော့ ” နောက်ထပ် ဒိုင်းတွေ ထပ်လို အပ်ပါသေးတယ်။ လာရောက်လှူဒါန်းပေး လို့ရပါတယ်။ နောက်ပြီး တူတူပါဝင်ပေးနိုင်မယ့် စိတ်ဓာတ်မာပြီး သတ္တိရှိတဲ့ ညီအကို အမာခံ လူတွေ လိုအပ်ပါတယ်။မှတ်ချက်ခုခံဖို့ မဟုတ်ပါ ကာကွယ်ဖို့ အဓိကပါ “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ လူထုလှုပ်ရှားမှု မှာပါဝင်နေတဲ့ ပြည်သူတွေကို ဒိုင်းတွေနဲ့ကာကွယ်ပေးနေတဲ့ တိုင်ရွန်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည် ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source: tyron bejay ‘ s facebook acc

Leave a Reply

Your email address will not be published. Required fields are marked *