လူထု လှုပ်ရှားမှု မှာ ကိုယ်တိုင် ပါဝင်ရင်း ပြည်သူတွေ ကို အသက်တွေထပ် မဆုံးရံှုးအောင် ဂရုစိုက်ကြဖို့ သတိပေး နေတဲ့ စန္ဒီမြင့်လွင်

Posted on

ပရိသတ်ကြီးရေ အဆိုတော်စန္ဒီမြင့်လွင်ကတော့ သမီးလေး တစ်ယောက် ကို မွေးဖွားထားပြီး ပျော်ရွှင်စရာ မိသားစုကမ္ဘာလေးကို တည်ဆောက်ထားတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်နဲ့ကိုသီဟလွင်တို့ ဇနီးမောင်နှံကတော့ တစ်ယောက်ကိုတစ်ယောက် အရမ်းနားလည်မှုရှိကြပြီး စိတ်တူ ကိုယ်တူနဲ့ လက်တွဲနေထိုင်နေကြတာဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ရဲ့သမီးချောလေး Treasure လေးကတော့ တစ်နှစ်ကျော်အရွယ်လေးကို ရောက်ရှိလာပြီး တစ်နေ့တခြား ပိုပိုချစ်ဖို့ကောင်းလာတဲ့ ကလေးလေး ပဲဖြစ်ပါတယ်နော်။

စန္ဒီမြင့်လွင်ကတော့ သမီးလေးရဲ့အနာဂတ်လေးလှပဖို့အတွက် လက်ရှိ အခြေအနေတွေ ကို အားကြိုးမာန်တက်ရင်ဆိုင်နေတာဖြစ်ပါတယ်နော်။စန္ဒီမြင့်လွင်တို့ဇနီးမောင်နှံနှစ်ယောက်လုံးက အနုပညာမောင်နှမတွေနဲ့အတူ လမ်းပေါ်နေ့တိုင်းထွက်ပြီး ပြည်သူတွေနဲ့တစ်သားတည်း ရပ်တည် နေတာဖြစ်ပါတယ်။ စန္ဒီမြင့်လွင်ကတော့ Treasure လေးကို အိမ်မှာ ထားခဲ့ပြီး ဇနီးမောင်နှံနှစ်ယောက်တည်း လူထုလှုပ်ရှားမှုမှာ ပါဝင်နေကြတာပဲဖြစ်ပါတယ်နော်။စန္ဒီမြင့်လွင်က အခုရက်ပိုင်းမှာ ကျဆုံးသွားတဲ့ လူငယ်လေးတွေအတွက် များစွာစိတ်မကောင်းဖြစ်နေရလို့ သူတို့တွေအစား ပိုပြီးကြိုးစားပေးနေတာဖြစ်ပါတယ်။

စန္ဒီမြင့်လွင်က သက်လက်ပိုင်းအရွယ်ဖြစ်ပေမယ့်လည်း လူငယ်တွေ နည်းတူ တက်တက် ကြွကြွနဲ့ နေ့စဉ်ရက်ဆက်လှုပ်ရှားနေတာဖြစ်ပါတယ်။စန္ဒီမြင့်လွင်ကတော့ “သက်လက်ပိုင်းအရွယ် Gen Y အရွယ်ဖြစ်လာချိန်မှာ Gen Zတွေလောက်သတ္တိမရှိတာဝန်ခံပါတယ်။ဒါပေမယ့် ငါတို့ကမှကြောက်နေရင်ကြောက်စိတ်တွေရှိနေရင် သေဆုံးသွားတဲ့ သူရဲကောင်းတွေနဲ့ Gen Zတွေကို ငါတို့ရှက်တယ် ဒီတိုက်ပွဲနိုင်မှဖြစ်မယ်။ ကိုယ့်ကိုယ်ကိုယ် ဂရုစိုက်ကြပါ တိုက်ပွဲဝင်တာလည်းဝင်ကြပါ တစ်ယောက်မှအသက်ဆုံးရူံးလို့မဖြစ်ပါဘူး တိုက်ပွဲကပြီးခါနီးပါပြီ ထပ်ပြောပါမယ် ဒီနေ့ကစတစ်ယောက်မှအသက်မဆုံးရှုံးပါစေနဲ့ ပြေးရင်းလွှားရင်းတစ်ခဏ”ဆိုပြီး ရေးသားမျှဝေလာတာဖြစ်ပါတယ်နော်။

MM Load

zawgyi

ပရိသတ္ႀကီးေရ အဆိုေတာ္စႏၵီျမင့္လြင္ကေတာ့ သမီးေလး တစ္ေယာက္ ကို ေမြးဖြားထားၿပီး ေပ်ာ္႐ႊင္စရာ မိသားစုကမာၻေလးကို တည္ေဆာက္ထားတာျဖစ္ပါတယ္။စႏၵီျမင့္လြင္နဲ႔ကိုသီဟလြင္တို႔ ဇနီးေမာင္ႏွံကေတာ့ တစ္ေယာက္ကိုတစ္ေယာက္ အရမ္းနားလည္မႈရွိၾကၿပီး စိတ္တူ ကိုယ္တူနဲ႔ လက္တြဲေနထိုင္ေနၾကတာျဖစ္ပါတယ္။ စႏၵီျမင့္လြင္ရဲ႕သမီးေခ်ာေလး Treasure ေလးကေတာ့ တစ္ႏွစ္ေက်ာ္အ႐ြယ္ေလးကို ေရာက္ရွိလာၿပီး တစ္ေန႔တျခား ပိုပိုခ်စ္ဖို႔ေကာင္းလာတဲ့ ကေလးေလး ပဲျဖစ္ပါတယ္ေနာ္။

စႏၵီျမင့္လြင္ကေတာ့ သမီးေလးရဲ႕အနာဂတ္ေလးလွပဖို႔အတြက္ လက္ရွိ အေျခအေနေတြ ကို အားႀကိဳးမာန္တက္ရင္ဆိုင္ေနတာျဖစ္ပါတယ္ေနာ္။စႏၵီျမင့္လြင္တို႔ဇနီးေမာင္ႏွံႏွစ္ေယာက္လုံးက အႏုပညာေမာင္ႏွမေတြနဲ႔အတူ လမ္းေပၚေန႔တိုင္းထြက္ၿပီး ျပည္သူေတြနဲ႔တစ္သားတည္း ရပ္တည္ ေနတာျဖစ္ပါတယ္။ စႏၵီျမင့္လြင္ကေတာ့ Treasure ေလးကို အိမ္မွာ ထားခဲ့ၿပီး ဇနီးေမာင္ႏွံႏွစ္ေယာက္တည္း လူထုလႈပ္ရွားမႈမွာ ပါဝင္ေနၾကတာပဲျဖစ္ပါတယ္ေနာ္။စႏၵီျမင့္လြင္က အခုရက္ပိုင္းမွာ က်ဆုံးသြားတဲ့ လူငယ္ေလးေတြအတြက္ မ်ားစြာစိတ္မေကာင္းျဖစ္ေနရလို႔ သူတို႔ေတြအစား ပိုၿပီးႀကိဳးစားေပးေနတာျဖစ္ပါတယ္။

စႏၵီျမင့္လြင္က သက္လက္ပိုင္းအ႐ြယ္ျဖစ္ေပမယ့္လည္း လူငယ္ေတြ နည္းတူ တက္တက္ ႂကြႂကြနဲ႔ ေန႔စဥ္ရက္ဆက္လႈပ္ရွားေနတာျဖစ္ပါတယ္။စႏၵီျမင့္လြင္ကေတာ့ “သက္လက္ပိုင္းအ႐ြယ္ Gen Y အ႐ြယ္ျဖစ္လာခ်ိန္မွာ Gen Zေတြေလာက္သတၱိမရွိတာဝန္ခံပါတယ္။ဒါေပမယ့္ ငါတို႔ကမွေၾကာက္ေနရင္ေၾကာက္စိတ္ေတြရွိေနရင္ ေသဆုံးသြားတဲ့ သူရဲေကာင္းေတြနဲ႔ Gen Zေတြကို ငါတို႔ရွက္တယ္ ဒီတိုက္ပြဲႏိုင္မွျဖစ္မယ္။ ကိုယ့္ကိုယ္ကိုယ္ ဂ႐ုစိုက္ၾကပါ တိုက္ပြဲဝင္တာလည္းဝင္ၾကပါ တစ္ေယာက္မွအသက္ဆုံး႐ူံးလို႔မျဖစ္ပါဘူး တိုက္ပြဲကၿပီးခါနီးပါၿပီ ထပ္ေျပာပါမယ္ ဒီေန႔ကစတစ္ေယာက္မွအသက္မဆုံးရႈံးပါေစနဲ႔ ေျပးရင္းလႊားရင္းတစ္ခဏ”ဆိုၿပီး ေရးသားမွ်ေဝလာတာျဖစ္ပါတယ္ေနာ္။

MM Load

Leave a Reply

Your email address will not be published. Required fields are marked *