လူထု လှုပ်ရှားမှု့နောက် ကို ပြောင်းဖူး ပြုတ် ဆက်မရောင်း ဘဲ စက် ဘီး နဲ့ တောက်လျှောက် လိုက်ပြီးအားဖြည့်နေတဲ့ ကလေးရဲ့ ဗီဒီယို

Posted on

ယခု ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ မှာဆိုရင် အသက် ငယ်ငယ်လေးပဲ ရှိသေးတဲ့ ကလေးလေး တွေ ကအစ အလိုက်သိစွာ နဲ့ နိုင်သလောက် ဝန်ကို မျှ ထမ်းပေးနေကြတာ ဖြစ်ပါတယ်။တချို့ ဖရဲသီး ရောင်းတဲ့ ကလေးတွေ ၊ မုန့်ဖက်ထုတ် ရောင်းတဲ့ ကလေးတွေ ကလည်း လမ်းပေါ်မှာ လှုပ်ရှားနေ ကြ တဲ့ ပြည်သူ တွေကို စေတနာ အပြည့် နဲ့ လိုက်ဝေ ပေးနေကြတာ ဖြစ်ပါတယ်။ အခုဆိုရင် လည်း ကလေး တစ်ယောက်က စက်ဘီး ပေါ်မှာ ခြင်းတောင်း လေး တင်ပြီး ပြောင်းဖူးရောင်းနေရင်း ပြည်သူတွေ နဲ့ အတူ တစ်တပ် တစ်အား ပါဝင်လိုက် သေးတာဖြစ်ပါတယ်။

မန္တလေးမှာ ပြုလုပ် ကြတဲ့ လူထု လှုပ်ရှားမှုတွေ ကို ဆိုရင် တချို့ပြည် သူတွေက ဆိုင်ကယ်တွေ နဲ့ သွားလာ ကြတာ ဖြစ်ပါတယ်။ စက်ဘီးလေး နဲ့ ပြောင်းဖူးပြုတ်ရောင်းတဲ့ ကလေး ကတော့ သူ့ရဲ့ပြောင်းဖူး တွေကို ဆက်မ ရောင်းတော့ဘဲ ဆိုင်ကယ်တွေ သွားတဲ့ နောက်ကနေ တောက်လျှောက် လိုက်လာတာ ဖြစ်ပါတယ်။Gen Alpha လေးရဲ့ ရဲစွမ်း သတ္တိ ကို ဘေးက လူတွေ ကလည်း လေးစား လွန်းလို့ ချီးကျူး မဆုံးဖြစ်နေ ကြတာ ဖြစ်ပါတယ်။ကလေးလေး ရောင်းတဲ့ ပြောင်းဖူးပြုတ်တွေကိုလည်း ပြည်သူ တချို့က ဝယ်ယူ အားပေးလိုက်ကြ သေးတာ ဖြစ်ပါတယ်။ လူထု လှုပ်ရှားမှု ပြီးလို့ ပြန်ခါ နီးအချိန် မှာ ကလေး လေးက သူ့ ရဲ့ ပြောင်းဖူး ပြုတ်တွေ ကို အလကားတွေ လိုက်ဝေ ပေးနေတာ ကြောင့် ပြည်သူ တချို့ ဆိုရင် မျက်ရည် တောင်ကျ မိတဲ့ အထိ ပီတိ ဖြစ်သွား ရတာ
ဖြစ်ပါတယ်။

ပြောင်းဖူး ပြုတ်ရောင်းတဲ့ ကလေးလေး က ကျောင်းတက်နေတဲ့ အရွယ်လည်း ဖြစ်လို့ ပြည်သူ တစ်ယောက် ဆိုရင် ကလေးလေး ကို ကျောင်းထားပေး ဖို့အတွက် လိုက်ရှာနေတာ ဖြစ်ပါတယ်။အသက်သာ ငယ်ပေမယ့် စိတ်ထားလေး ပြည့်ဝပြီး အများအကျိုးကိုသယ်ပိုး ဆောင်ရွက် တတ်တဲ့ ပြောင်းဖူးသည် ကလေးရဲ့ ဗီဒီယိုလေးကို ပြန်လည် မျှဝေ ပေးလိုက်ပါတယ်။ အခုလိုအချိန်ပေးပြီး ဖတ်ရှု အားပေး ခဲ့ကြတဲ့ ပရိတ်သတ်ကြီး အားလုံး ဘေးအန္တရာယ် များ ကင်းဝေးကြပြီး မြန်မာပြည်ကြီးလဲ အမြန်ဆုံး ငြိမ်းချမ်းပါစေ လို့ ဆုမွန်ကောင်း တောင်း ပေး လိုက် ရပါတယ်။

Source&Photo Credit: MYANMAR LOAD

zawgyi

ယခု ျဖစ္ေပၚေနတဲ့ အေျခအေနေတြ မွာဆိုရင္ အသက္ ငယ္ငယ္ေလးပဲ ရွိေသးတဲ့ ကေလးေလး ေတြ ကအစ အလိုက္သိစြာ နဲ႔ ႏိုင္သေလာက္ ဝန္ကို မွ် ထမ္းေပးေနၾကတာ ျဖစ္ပါတယ္။တခ်ိဳ႕ ဖရဲသီး ေရာင္းတဲ့ ကေလးေတြ ၊ မုန႔္ဖက္ထုတ္ ေရာင္းတဲ့ ကေလးေတြ ကလည္း လမ္းေပၚမွာ လႈပ္ရွားေန ၾက တဲ့ ျပည္သူ ေတြကို ေစတနာ အျပည့္ နဲ႔ လိုက္ေဝ ေပးေနၾကတာ ျဖစ္ပါတယ္။ အခုဆိုရင္ လည္း ကေလး တစ္ေယာက္က စက္ဘီး ေပၚမွာ ျခင္းေတာင္း ေလး တင္ၿပီး ေျပာင္းဖူးေရာင္းေနရင္း ျပည္သူေတြ နဲ႔ အတူ တစ္တပ္ တစ္အား ပါဝင္လိုက္ ေသးတာျဖစ္ပါတယ္။

မႏၲေလးမွာ ျပဳလုပ္ ၾကတဲ့ လူထု လႈပ္ရွားမႈေတြ ကို ဆိုရင္ တခ်ိဳ႕ျပည္ သူေတြက ဆိုင္ကယ္ေတြ နဲ႔ သြားလာ ၾကတာ ျဖစ္ပါတယ္။ စက္ဘီးေလး နဲ႔ ေျပာင္းဖူးျပဳတ္ေရာင္းတဲ့ ကေလး ကေတာ့ သူ႔ရဲ႕ေျပာင္းဖူး ေတြကို ဆက္မ ေရာင္းေတာ့ဘဲ ဆိုင္ကယ္ေတြ သြားတဲ့ ေနာက္ကေန ေတာက္ေလွ်ာက္ လိုက္လာတာ ျဖစ္ပါတယ္။Gen Alpha ေလးရဲ႕ ရဲစြမ္း သတၱိ ကို ေဘးက လူေတြ ကလည္း ေလးစား လြန္းလို႔ ခ်ီးက်ဴး မဆုံးျဖစ္ေန ၾကတာ ျဖစ္ပါတယ္။ကေလးေလး ေရာင္းတဲ့ ေျပာင္းဖူးျပဳတ္ေတြကိုလည္း ျပည္သူ တခ်ိဳ႕က ဝယ္ယူ အားေပးလိုက္ၾက ေသးတာ ျဖစ္ပါတယ္။ လူထု လႈပ္ရွားမႈ ၿပီးလို႔ ျပန္ခါ နီးအခ်ိန္ မွာ ကေလး ေလးက သူ႔ ရဲ႕ ေျပာင္းဖူး ျပဳတ္ေတြ ကို အလကားေတြ လိုက္ေဝ ေပးေနတာ ေၾကာင့္ ျပည္သူ တခ်ိဳ႕ ဆိုရင္ မ်က္ရည္ ေတာင္က် မိတဲ့ အထိ ပီတိ ျဖစ္သြား ရတာ
ျဖစ္ပါတယ္။

ေျပာင္းဖူး ျပဳတ္ေရာင္းတဲ့ ကေလးေလး က ေက်ာင္းတက္ေနတဲ့ အ႐ြယ္လည္း ျဖစ္လို႔ ျပည္သူ တစ္ေယာက္ ဆိုရင္ ကေလးေလး ကို ေက်ာင္းထားေပး ဖို႔အတြက္ လိုက္ရွာေနတာ ျဖစ္ပါတယ္။အသက္သာ ငယ္ေပမယ့္ စိတ္ထားေလး ျပည့္ဝၿပီး အမ်ားအက်ိဳးကိုသယ္ပိုး ေဆာင္႐ြက္ တတ္တဲ့ ေျပာင္းဖူးသည္ ကေလးရဲ႕ ဗီဒီယိုေလးကို ျပန္လည္ မွ်ေဝ ေပးလိုက္ပါတယ္။ အခုလိုအခ်ိန္ေပးၿပီး ဖတ္ရႈ အားေပး ခဲ့ၾကတဲ့ ပရိတ္သတ္ႀကီး အားလုံး ေဘးအႏၲရာယ္ မ်ား ကင္းေဝးၾကၿပီး ျမန္မာျပည္ႀကီးလဲ အျမန္ဆုံး ၿငိမ္းခ်မ္းပါေစ လို႔ ဆုမြန္ေကာင္း ေတာင္း ေပး လိုက္ ရပါတယ္။

Source&Photo Credit: MYANMAR LOAD

Leave a Reply

Your email address will not be published. Required fields are marked *