လူထု လှုပ်ရှားမှုအတွင်း မှာ တက်ကြွစွာ ပါ၀င်နေကြတဲ့သူတွေ အတွက် ထောပတ်ထမင်း နဲ့ ကြက်သားဟင်း လှူဒါန်းခဲ့တဲ့ ရေဗက္ကာ၀င်း

Posted on

မြန်မာနိုင်ငံရဲ့ဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် အနုပညာရှင် တစ်ချို့လည်း ပြည်သူတွေနဲ့အတူတစ်သားတည်းရပ်တည်ကာ လူထုလှုပ်ရှားမှုတွေကို လုပ်ဆောင်နေကြတာဖြစ်ပါတယ်….။ အခုလိုတက်ကြွစွာနဲ့ လူထုလှုပ်ရှားမှုတွေကို လုပ်ဆောင်နေကြတဲ့ အနုပညာရှင်တွေထဲမှာဆိုရင် ရေဗက္ကာ၀င်းတစ်ယောက်လည်းအပါအ၀င်ပဲဖြစ်ပါတယ်။

ရေဗက္ကာ၀င်းဟာ လူထုလှုပ်ရှားမှုတွေစတင်ခဲ့တဲ့ရက်တည်းကစကာ လှုပ်ရှားမှု တွေမှာ ကိုယ်တိုင်ပါ၀င် အားဖြည့်နေတာလည်းဖြစ်သလို တတ်နိုင်တဲ့ဘက်ကနေလည်း လှူဒါန်းမှုတွေကို ဆက်တိုက်ပြုလုပ်နေတာကိုတွေ့ရပါတယ်။ သူမဟာ ဆက်တိုက်ဆိုသလို လိုအပ်တဲ့ အစားအသောက်တွေ ကိုလည်း ကိုယ်တိုင်ချက်ပြုတ်ပြီး လှူဒါန်းပေးနေတာကိုလည်း တွေ့ရပါတယ်နော်…..။

အခုဆိုရင်လည်း ရေဗက္ကာဟာသူမရဲ့ Facebook စာမျက်နှာမှာ “ဒီနေ့ စေတနာရှင်များ ဖြစ်ကြတဲ့ မမြမြအေး မThidar Dwyer မလီလီခိုင်တို့နဲ့ ပေါင်းပြီး ထောပတ်ထမင်း ကြက်သားဟင်း မရမ်းသီးငါးပိချက် ပွဲ၂၀၀ စာ ကုသိုလ်ဖြစ် လှူဒါန်းပါတယ်ရှင်…….” ဆိုပြီးရေးသား မျှဝေခဲ့တာဖြစ်ပါတယ်။ ပရိသတ်တွေ အတွက် ပြန်လည်ဖော်ပြပေးလိုက်ပါတယ်……။

Photo credit-​ Rabbeca Win’s Facebook acc

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *