လူထု လှုပ်ရှားမှုမှာ ပိုမို ပါဝင်ပေးခဲ့ကြတဲ့ ပြည်သူ့ဝန်ထမ်းတွေ အတွက် တက်နိုင်တဲ့ ဘက် ကနေ ကျေးဇူးဆပ် သွားမယ့် သူမရဲ့ အစီအစဥ်လေး ကို ပြောပြ လာတဲ့ အိန္ဒြာကျော်ဇင်

Posted on

ပရိသတ်ကြီးရေ မင်းသမီး အိန္ဒြာကျော်ဇင် ကတော့ အောင်မြင်မှုတွေ ရရှိနေတဲ့ ထိပ်တန်း အနုပညာရှင်တွေ ထဲမှာ တစ်ယောက်အပါဝင်ပဲ ဖြစ်ပါတယ်။ သူမဟာ အနုပညာအလုပ်တွေကို ဆယ်စုနီးပါးမကကြိုးစားလုပ်ကိုင်လာခဲ့ပြီး ပီပီပြင်ပြင် သရုပ်ဆောင်ချက်တွေကြောင့် ပရိသတ်တွေရဲ့ ရင်ထဲမှာ ရပ်တည်နိုင်ခဲ့တာ ဖြစ်ပါတယ်။ လက်ရှိအချိန်ထိလည်း အိန္ဒြာကျော်ဇင် က အနုပညာ အလုပ်တွေကို ဖြည်းဖြည်း မှန်မှန်လုပ်ကိုင်နေပြီး သာယာပျော်ရွှင် မိသားစုလေးနဲ့အတူ ဘဝကိုအေးချမ်းစွာနေထိုင်နေတာဖြစ်ပါတယ်။

လတ်တလောဖြစ်ပေါ်နေတဲ့ လူထုလှုပ်ရှားမှုတွေမှာ အိန္ဒြာကျော်ဇင်တို့ မိသားစု ကတော့ လူငယ်တွေ အတွက် အနာဂတ်အိမ်မက်တွေ မပျောက်ဆုံးအောင် ပြည်သူပြည်သားတွေနဲ့ အပြည့်အဝရပ်တည်ပေးခဲ့ပါတယ်။ တာဝန်ကျေတဲ့ နိုင်ငံသားတစ်ယောက်အနေနဲ့ အမှန်တရားကိုရရှိစေဖို့ လမ်းမပေါ် ထွက်ပြီးတော့လည်း နေ့စဥ်အမျှ ဆိုသလို တက်တက်ကြွကြွနဲ့ ပါဝင်ခဲ့တာ ကို တွေ့ရပါတယ်။ ယခုမှာဆိုရင်တော့ အိန္ဒြာကျော်ဇင် က လူထုလှုပ်ရှားမှုမှာ ပိုမိုပါဝင်ပေးခဲ့ကြတဲ့ ပြည်သူ့ ဝန်ထမ်းတွေအတွက် သူမတက်နိုင်တဲ့ ဘက်ကနေ ကျေးဇူးဆပ်နိုင်တဲ့ အစီအစဉ်လေးကို ပြောပြလာခဲ့ပါတယ်။

“ဒီအမှောင်တွေလွန်သွားလို့ ရောင်နီသန်းတဲ့ခေတ်ကိုရောက်တဲ့ အခါ ကျွန်မတို့ရဲ့ “THUDRA” Productionမှထုတ်လုပ်တဲ့ ရုပ်ရှင်ကားတွေ ရုံတင်ရင်CDM မှာ ပါဝင်ခဲ့တဲ့ ဝန်ထမ်းတွေနဲ့ မိသားစုဝင် 1000 (ရုပ်ရှင်လက်မှတ်အစောင်ရေ1000) ကို လက်ဆောင်ပေးပါမယ်….CDM ပြည်သူ့ဝန်ထမ်းတွေရဲ့ကျေးဇူးဟာ အားလုံး အပေါ်မှာရှိတဲ့အတွက် တတ်နိုင် သလောက် အသိအမှတ်ပြု ကျေးဇူးဆပ်တဲ့သဘောပါပဲ…” ဆိုပြီး ရေးသားထားပါတယ်။ ကဲ..ပရိသတ်ကြီးရေ တိုင်းပြည်အတွက် တက်နိုင်တဲ့ဘက်နေ အုပ်တစ်ချပ်သဲတစ်ပွင့် အနေဖြင့် ပါဝင်လုပ်ဆောင်ပေးနေတဲ့ မင်းသမီး အိန္ဒြာကျော်ဇင်ကို ဆုထောင်းမေတ္တာပို့သပေးလိုက်ပါဦးနော်။

Photo Credit – Eaindra Kyaw Zin fb page

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *