လူထု လှုပ်ရှားမှုမှာ ပါဝင်ခဲ့လို့ ပြဿနာ တစ်စုံတစ်ခု ဖြစ်ခဲ့ ပါ က သူမ တစ်ယောက်တည်းမှာ သာတာဝန်ရှိကြောင်း ရဲရဲဝင့်ဝင့် ပြော လိုက်တဲ့ ထားထက်ထက်

Posted on

ပရိတ်သတ်ကြီးရေ…မော်ဒယ် သရုပ်ဆောင်မင်းသမီးချောလေး ထားထက်ထက် ဟာ ဆိုရင် မော်ဒယ်လောကမှတစ်ဆင့် သရုပ်ဘက်သို့ကူး ပြောင်းလာခဲ့ပြီး သူ့ရဲ့ချစ်စရာဟန်ပန်အမူအယာလေးတွေကြောင့် ပရိတ်သတ်ရဲ့ချစ်ခင်အားပေးမှုကို အပြည့်အဝရရှိထားတဲ့ အနုပညာရှင် မင်းသမီချောလေး တစ်ယောက်ပဲဖြဟ်ပါတယ်နော်။ ထားထက်ထက်ဟာဆိုရင် ယခုလက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေးအခြေအနေတွေနဲ့ပတ် သက်ပြီး ဖေဖော်ဝါရီလအစပိုင်းမှစတင်ပြီး လှုထုလှုပ်ရှားမှုမှာပါဝင်လာတဲ့ သူတစ်ယောက်ပဲဖြစ်ပါတယ်။ပြည်သူလူထုနဲ့အတူ တစ်သား တည်း ရပ်တည်နေတဲ့ ထားထက်ထက် ကို ပရိတ်သတ်တွေကလည်း လေးစားဂုဏ်ယူနေကြတာပဲဖြစ်ပါတယ်။

သူမဟာဆိုရင် လူထုလှုပ်ရှားမှုကို ဖေဖော်ဝါရီလ ၆ ရက်နေ့မှ စတင်ပြီး လမ်းပေါ်ထွက်ကာနေ့စဉ်ရက်စက် ဆန္ဒထုတ်ဖော်ခဲ့တာပဲဖြစ် ပါ တယ် နော်.။ထားထက်ထက်က ခုလိုလှုပ်ရှားမှုတွေပြုလုပ်ခဲ့လို့ ပြသနာတစ်စုံတစ်ခုဖြစ်လာခဲ့ရင် သူမနဲ့သာလျှင်သက်ဆိုင်ကြောင်းနဲ့လုံး ဝနောက်မ ဆုပ် ပဲရှေ့ဆက်သွားမယ့်အကြောင် းအခုလိုပဲ ပြောပြာတာပဲဖြစ်ပါတယ်။

ထားထက်ထက်က “စစ်အာဏာရှင် ဆန့်ကျင်တော်လှန်ရေး ကို February 6 ရက်နေ့မှစပြီး လမ်းပေါ်ထွက်ေ န့စဉ်ရက်ဆက် ကျွန်မလုပ်ခဲ့ပါ တယ်။ထိုကဲ့သို့ ကျွန်မလုပ်ခဲ့သမျှအရာတွေဆိုရှယ်မီဒီယာပေါ်တင်သမျှ ၊ ရှေ့ထွက်ဆန္ဒပြခဲ့သမျှ ၊ စစ်အာဏာရှင်အမြစ်ပြုတ်ရေး တော်လှန် ခဲ့သမျှ ၊ လက်ရှိဆက်လုပ်ဆောင်နေသမျှ ၊ နောက်ထပ် ဆက်လက်လုပ်ဆောင်သမျှ အရာရာ အားလုံးသည် ကျွန်မကိုယ်တိုင် ကျွန်မရဲ့ ကိုယ် ပိုင်ဆုံးဖြတ်ချက်နဲ့ ကျွန်မလုပ်သည့်အရာတွေသာ ဖြစ်ပါတယ်။ ဘယ်သူ့ တိုက်တွန်းမှုမှမပါသလို ဘယ်သူမှအတင်းအကျပ်စေခိုင်းခြင်းမရှိပါ။

ထို့အတွက် ဒီအရာတွေကြောင့် ပြသနာတစုံတရာ ဖြစ်စေ ၊ ဆုံးရှုံးမှု တစုံတရာဖြစ်စေ ဖြစ်ပေါ် လာပါက ကျွန်မ ထားထက်ထက် တစ်ဦးထဲ မှာသာလျှင် တာဝန်ရှိပါသည်။ ကျွန်မမိသားစု ညီအကိုမောင်နှမ ၊ သူငယ်ချင်းမိတ်ဆွေ ၊ အရင်းနီးဆုံးလူ ၊ ချစ်ရတသူ ဘယ်သူ့ ဘယ်သူမှာမှ တာဝန်မရှိပါ ၊ သက်ဆိုင်မှု မရှိပါ။(အားလုံး နဲ့လဲ အဆက်အသွယ်မရှိတာ ဖြတ်လိုက်တာလဲ အချိန်အတော်ကြီးကိုကြာခဲ့ပါပြီ) ကျွန်မတို့တွေ အား လုံး အောင်မြင်တဲ့တနေ့မှာတော့ ထိုအောင်မြင်မှုအရာအားလုံးသည် အားလုံး အားလုံးနဲ့ ထိုက်တန်ပါသည်။

အားလုံး အားလုံးနဲ့သာ သက်ဆိုင်ပါသည်။ မှတ်ချက် (အကြမ်းဖက်စကစသူပုန်တွေနဲ့ဒလန်တွေမပါ)30 April 2021” ဆိုပြီးသူမရဲ့လူမှု ကွန် ယက်စာမျက်နှာကနေ တစ်ဆင့် ပြောပြလာခဲ့တာပဲဖြစ်ပါတယ်နော်.။ထားထက်ထက်ရဲ့လေးစားစရာကောင်းတဲ့စိတ်ဓာတ်ကိုတော့ မချီးကျူး ပဲ ကိုမနေနိုင်လောက်အောင် ပါပဲပရိတ်သတ်ကြီးရေ..။ဖတ်ရှုပေးတဲ့ ပရိတ်သတ်တစ်ယောက်ချင်းစီတိုင်းကို အထူးပဲကျေူဇူးတင်ရှိပါ တယ် နော်…။

Source ; Htar Htet Htet’s Facebook Acc

Leave a Reply

Your email address will not be published. Required fields are marked *