လူထု လှုပ်ရှားမှုမှာ တက်တက် ကြွကြွ ပါဝင်ရင်းနဲ့ ပရိသတ်တွေမသိသေးတဲ့ သူ့ရဲ့ကိုယ်ပိုင် အရည်အချင်း တစ်ခုကို ပြသခဲ့တဲ့ ထွန်းကိုကို

Posted on

Model၊ မင်းသားချောလေး ထွန်းကိုကိုကတော့ သရုပ်ဆောင်ပိုင် းမှာ အရည်အချင်း ရှိပြီး ထူးချွန်သလို ပရဟိတအလုပ်တွေကိုလည်း ကြိုးစားပမ်းစား လုပ်ကိုင်တတ်သူလေး ဖြစ်ပါတယ် ။ ထွန်းကိုကိုက ဦးကျော်သူ ဥက္ကဌအဖြစ် ဦးစီးနေတဲ့ နာရေး ကူညီမှုအသင်း(ရန်ကုန်) မှာ သူကိုယ်တိုင်ပါဝင်ပြီး ကူညီပေးနေတာ ဖြစ်ပါတယ် ။ လတ်တလောဖြစ်ပေါ်နေတဲ့ အခြေအနေတွေမှာ ဆိုရင်လည်း ထွန်းကိုကိုက ပြည်သူတွေနဲ့အတူ တစ်သားတည်းရပ်တည်ပေးနေတာ ဖြစ်ပါတယ် ။

ဒါ့အပြင် ထွန်းကိုကိုက ဦးကျော်သူတို့ နာရေး ကူညီမှုအသင်း(ရန်ကုန်) အဖွဲ့သားတွေ နဲ့အတူ လမ်းပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေ ပြုလုပ်ခဲ့သလို ပြည်သူတွေအတွက် အစားအသောက်တွေ ဝေငှပေးခဲ့တာလည်း ဖြစ်ပါတယ် ။ ထွန်းကိုကိုကတော့ ပရဟိတ အလုပ်တွေကိုလည်း မလစ်ဟင်းအောင်လုပ်ကိုင်သလို နိုင်ငံသားကောင်း တစ်ယောက်အဖြစ် တာဝန် ကျေပွန်နေတာလည်း ဖြစ်ပါတယ် ။ မနေ့ကလည်း ထွန်းကိုကိုက ပဲခူးမြို့က လူထုနဲ့အတူ လမ်းပေါ်ထွက်ပြီး ရင်တွင်းဆန္ဒတွေကို ငြိမ်းချမ်းစွာ ဖော်ပြတောင်းဆိုခဲ့တာပဲ ဖြစ်ပါတယ် ။

ဒါ့အပြင် ထွန်းကိုကိုက ပြည်သူတွေ ကို စိတ်ခွန် အားတက်ကြွအောင် ဖျော်ဖြေတီးခတ်ပေးနေတဲ့ တီးဝိုင်းအဖွဲ့မှာ သူကိုယ်တိုင်ပါဝင်ခဲ့တာ ဖြစ်ပါတယ် ။ ထွန်းကိုကိုက Trumpet ကို စည်းချက်ညီညီ မှုတ်ပြပြီး ပရိသတ်တွေမမြင်ဖူးသေးတဲ့ သူ့ရဲ့အရည်အချင်းတစ်ခုကို ပြသလိုက်တာပဲ ဖြစ်ပါတယ် ။ ကဲ ပြည်သူတွေနဲ့အတူ လူထုလှုပ်ရှားမှု ပြုလုပ်ရင်း တီးဝိုင်းအဖွဲ့မှာ ပါဝင်ခဲ့တဲ့ ထွန်းကိုကိုရဲ့ဗီဒီယိုလေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည်မျှဝေပေးလိုက်ပါတယ်နော် ။

Source & Video Credit-YanPaing TunKo’s FB Acc

zawgyi

Model၊ မင္းသားေခ်ာေလး ထြန္းကိုကိုကေတာ့ သ႐ုပ္ေဆာင္ပိုင္ းမွာ အရည္အခ်င္း ရွိၿပီး ထူးခြၽန္သလို ပရဟိတအလုပ္ေတြကိုလည္း ႀကိဳးစားပမ္းစား လုပ္ကိုင္တတ္သူေလး ျဖစ္ပါတယ္ ။ ထြန္းကိုကိုက ဦးေက်ာ္သူ ဥကၠဌအျဖစ္ ဦးစီးေနတဲ့ နာေရး ကူညီမႈအသင္း(ရန္ကုန္) မွာ သူကိုယ္တိုင္ပါဝင္ၿပီး ကူညီေပးေနတာ ျဖစ္ပါတယ္ ။ လတ္တေလာျဖစ္ေပၚေနတဲ့ အေျခအေနေတြမွာ ဆိုရင္လည္း ထြန္းကိုကိုက ျပည္သူေတြနဲ႔အတူ တစ္သားတည္းရပ္တည္ေပးေနတာ ျဖစ္ပါတယ္ ။

ဒါ့အျပင္ ထြန္းကိုကိုက ဦးေက်ာ္သူတို႔ နာေရး ကူညီမႈအသင္း(ရန္ကုန္) အဖြဲ႕သားေတြ နဲ႔အတူ လမ္းေပၚထြက္ၿပီး လူထုလႈပ္ရွားမႈေတြ ျပဳလုပ္ခဲ့သလို ျပည္သူေတြအတြက္ အစားအေသာက္ေတြ ေဝငွေပးခဲ့တာလည္း ျဖစ္ပါတယ္ ။ ထြန္းကိုကိုကေတာ့ ပရဟိတ အလုပ္ေတြကိုလည္း မလစ္ဟင္းေအာင္လုပ္ကိုင္သလို ႏိုင္ငံသားေကာင္း တစ္ေယာက္အျဖစ္ တာဝန္ ေက်ပြန္ေနတာလည္း ျဖစ္ပါတယ္ ။ မေန႔ကလည္း ထြန္းကိုကိုက ပဲခူးၿမိဳ႕က လူထုနဲ႔အတူ လမ္းေပၚထြက္ၿပီး ရင္တြင္းဆႏၵေတြကို ၿငိမ္းခ်မ္းစြာ ေဖာ္ျပေတာင္းဆိုခဲ့တာပဲ ျဖစ္ပါတယ္ ။

ဒါ့အျပင္ ထြန္းကိုကိုက ျပည္သူေတြ ကို စိတ္ခြန္ အားတက္ႂကြေအာင္ ေဖ်ာ္ေျဖတီးခတ္ေပးေနတဲ့ တီးဝိုင္းအဖြဲ႕မွာ သူကိုယ္တိုင္ပါဝင္ခဲ့တာ ျဖစ္ပါတယ္ ။ ထြန္းကိုကိုက Trumpet ကို စည္းခ်က္ညီညီ မႈတ္ျပၿပီး ပရိသတ္ေတြမျမင္ဖူးေသးတဲ့ သူ႔ရဲ႕အရည္အခ်င္းတစ္ခုကို ျပသလိုက္တာပဲ ျဖစ္ပါတယ္ ။ ကဲ ျပည္သူေတြနဲ႔အတူ လူထုလႈပ္ရွားမႈ ျပဳလုပ္ရင္း တီးဝိုင္းအဖြဲ႕မွာ ပါဝင္ခဲ့တဲ့ ထြန္းကိုကိုရဲ႕ဗီဒီယိုေလးေတြကို ခ်စ္ပရိသတ္ေတြအတြက္ ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္ ။

Source & Video Credit-YanPaing TunKo’s FB Acc

Leave a Reply

Your email address will not be published. Required fields are marked *