လူထု လှုပ်ရှားမှုမှာ ခြေထောက် ကျည်မှန်သွားတဲ့ သူရဲ ကောင်းအား ဆေးဝါး အလှူငွေများ ကိုယ်တိုင် လှူဒါန်းခဲ့တဲ့ ဝါဆိုမိုးဦး တို့စုံတွဲ

Posted on

ဝါဆိုတို့ စုံတွဲလေးကတော့ မြန်မာနိုင်ငံမှာ လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေ နဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့ တန်းတူရပ်တည်နေခဲ့တာကြောင့် အားလုံးက ချီးကျုးနေကြတာလည်း ဖြစ်ပါတယ်။ နှစ်ယောက် စိတ်တူကိုယ်တူ လမ်းမပေါ်ထွက်ကာ ရင်ထဲကဆန္ဒတွေကိုထုတ်ဖော်ခဲ့ကြသလို ညဘက်တွေမှာလည်း အတူတူကင်းစောင့်ကာ တတ်နိုင်သလောက်ရရာနေရာကနေ ပါဝင်အားဖြည့်ပေးနေတာ ကိုလည်း လေးစားစွာတွေ့မြင်ရပါတယ်။

မြန်မာနိုင်ငံ နေရာအနှံအပြား က ပြည်သူပြည်သားပေါင်းစုံ ပါဝင်နေတဲ့ လူထုလှုပ်ရှားမှုကြီးဟာဆိုရင် တစ်ရက်ထက်တစ်ရက် အပစ်အခတ်တွေ ဖြိုခွင်းခံရမှုတွေကို ပိုမိုရင်ဆိုင်လာရတာကြောင့် အသက်ဆုံးရှုံးသူတွေ ဒဏ်ရာရရှိသူတွေလည်း များပြားလျက်ရှိတာကို စိတ်မကောင်းစွာတွေ့မြင်ရပါတယ်။ဒါပေမယ့်လည်း အားလုံးက လက်မလျော့ဘဲ ယုံကြည်ရာ ရည်မှန်းချက်ပန်းတိုင်ကိုရောက်ရှိဖို့ ရရာနေရာကနေ စည်းလုံးညီညွတ်စွာ တစ်ယောက်ကို တစ်ယောက်ဖေးမရင်း လှုပ်ရှားနေကြတာလည်းဖြစ်ပါတယ်။

အားလုံးက သွေးမတော်သားမစပ်ကြပေမယ့်လည်း သူရဲကောင်းတွေ အသက် ဆုံးရှုံးသွားတဲ့ အခါ အားလုံးက ဝမ်းနည်းမျက်ရည်ကျကာ ယူကြုံးမရဖြစ်ကြရပါတယ်။အခုဆိုရင် အနုပညာရှင်တွေကလည်း ကျရှုံးသွားတဲ့ သူရဲကောင်းတွေနဲ့ ဒဏ်ရာရရှိသူတွေကို တတ်နိုင်သလောက် အလှုငွေများသွားရောက်လှူဒါန်းကာ တစ်ဖက်ကနေပြန်လည် ကြည့်ရှု့စောင့်ရှောက်ပေးနေကြတာပါ ။အခုလည်းဝါဆိုတို့ စုံတွဲဟာ သူငယ်ချင်းတွေနဲ့အတူစုပေါင်းပြီး တိုက်ပွဲမှာ ကျည်ထိမှန်ကာဒဏ်ရာရသွားတဲ့သူရဲကောင်းကို အလှူငွေများလှူဒါန်းရင်း အားပေးနှစ်သိမ့်ခဲ့ပြန်ပါတယ်။ပရိသတ်ကြီးအတွက် ဝါဆိုတို့ စုံတွဲရဲ့ အလှူပုံလေးတွေကို မျှဝေပေးရင်း အားလုံးဘေးရန်ကင်းရှင်းကြပါစေ ဆုတောင်းပေးလိုက်ပါတယ်။

Source & Photo Credit : Warso Moe Oo Facebook Page

zawgyi

ဝါဆိုတို႔ စုံတြဲေလးကေတာ့ ျမန္မာႏိုင္ငံမွာ လတ္တေလာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြ နဲ႔ပတ္သက္ၿပီး ျပည္သူေတြနဲ႔ တန္းတူရပ္တည္ေနခဲ့တာေၾကာင့္ အားလုံးက ခ်ီးက်ဳးေနၾကတာလည္း ျဖစ္ပါတယ္။ ႏွစ္ေယာက္ စိတ္တူကိုယ္တူ လမ္းမေပၚထြက္ကာ ရင္ထဲကဆႏၵေတြကိုထုတ္ေဖာ္ခဲ့ၾကသလို ညဘက္ေတြမွာလည္း အတူတူကင္းေစာင့္ကာ တတ္ႏိုင္သေလာက္ရရာေနရာကေန ပါဝင္အားျဖည့္ေပးေနတာ ကိုလည္း ေလးစားစြာေတြ႕ျမင္ရပါတယ္။

ျမန္မာႏိုင္ငံ ေနရာအႏွံအျပား က ျပည္သူျပည္သားေပါင္းစုံ ပါဝင္ေနတဲ့ လူထုလႈပ္ရွားမႈႀကီးဟာဆိုရင္ တစ္ရက္ထက္တစ္ရက္ အပစ္အခတ္ေတြ ၿဖိဳခြင္းခံရမႈေတြကို ပိုမိုရင္ဆိုင္လာရတာေၾကာင့္ အသက္ဆုံးရႈံးသူေတြ ဒဏ္ရာရရွိသူေတြလည္း မ်ားျပားလ်က္ရွိတာကို စိတ္မေကာင္းစြာေတြ႕ျမင္ရပါတယ္။ဒါေပမယ့္လည္း အားလုံးက လက္မေလ်ာ့ဘဲ ယုံၾကည္ရာ ရည္မွန္းခ်က္ပန္းတိုင္ကိုေရာက္ရွိဖို႔ ရရာေနရာကေန စည္းလုံးညီၫြတ္စြာ တစ္ေယာက္ကို တစ္ေယာက္ေဖးမရင္း လႈပ္ရွားေနၾကတာလည္းျဖစ္ပါတယ္။

အားလုံးက ေသြးမေတာ္သားမစပ္ၾကေပမယ့္လည္း သူရဲေကာင္းေတြ အသက္ ဆုံးရႈံးသြားတဲ့ အခါ အားလုံးက ဝမ္းနည္းမ်က္ရည္က်ကာ ယူႀကဳံးမရျဖစ္ၾကရပါတယ္။အခုဆိုရင္ အႏုပညာရွင္ေတြကလည္း က်ရႈံးသြားတဲ့ သူရဲေကာင္းေတြနဲ႔ ဒဏ္ရာရရွိသူေတြကို တတ္ႏိုင္သေလာက္ အလႈေငြမ်ားသြားေရာက္လႉဒါန္းကာ တစ္ဖက္ကေနျပန္လည္ ၾကည့္ရႈ႕ေစာင့္ေရွာက္ေပးေနၾကတာပါ ။အခုလည္းဝါဆိုတို႔ စုံတြဲဟာ သူငယ္ခ်င္းေတြနဲ႔အတူစုေပါင္းၿပီး တိုက္ပြဲမွာ က်ည္ထိမွန္ကာဒဏ္ရာရသြားတဲ့သူရဲေကာင္းကို အလႉေငြမ်ားလႉဒါန္းရင္း အားေပးႏွစ္သိမ့္ခဲ့ျပန္ပါတယ္။ပရိသတ္ႀကီးအတြက္ ဝါဆိုတို႔ စုံတြဲရဲ႕ အလႉပုံေလးေတြကို မွ်ေဝေပးရင္း အားလုံးေဘးရန္ကင္းရွင္းၾကပါေစ ဆုေတာင္းေပးလိုက္ပါတယ္။

Source & Photo Credit : Warso Moe Oo Facebook Page

Leave a Reply

Your email address will not be published. Required fields are marked *