လူထု လှုပ်ရှားမှုတွေ ပြုလုပ်ရင်း အခွင့်မသာလို့ ကွယ်လွန်ကျဆုံးသွားရင် ဆိုပြီး ဇနီးဖြစ်သူ ဆီရေးသားခဲ့တဲ့ ဦးကျော်ထူး ရဲ့ သေတမ်းစာ

Posted on

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ ဟာသဇာတ်ရုပ်တွေနဲ့ ပရိသတ်တွေကို အမြဲရယ်မောပျော်ရွှင်စေခဲ့တဲ့ ဟာသ လူရွှင်တော် ဇာတ်ပို့ သရုပ်ဆောက်ဦးကျော်ထူးကတော့ လက်ရှိအခြေအနေတွေမှာ ပြည်သူတွေနဲ့အတူ ရပ်တည်နေသူပဲ ဖြစ်ပါတယ်..။ လူထုလှုပ်ရှားမှုတွေကို တက်တက် ကြွကြွလုပ်ဆောင်နေတဲ့ ဦးကျော်ထူး ကတော့ ဖေဖော်ဝါရီလအစပိုင်းကတည်းက ပြည်သူတွေအားလုံးနဲ့အတူ တတ်နိုင်တဲ့ဘက်ကနေ အားဖြည့်ပါဝင်နေတာလည်း ဖြစ်ပါတယ်..။ ဦးကျော်ထူးကတော့ ပြည်သူတွေနဲ့ အတူ လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေကိုပြုလုပ်နေပြီး ပြေးလွှားရှောင်ပုန်းရင်း အခွင့်မသာလို့ ကွယ်လွန်ကျဆုံးသွားရင်ဆိုပြီး သေတမ်းစာအဖြစ် ဇနီးဖြစ်သူဆီ စာရေးသားထားတာ တွေ့ရပါတယ်..။

တော်လှန်ရေးတိုက်ပွဲကြီးမှာ အခန့်မသင့်လို့ကျဆုံးသွားရင် ပရိသတ်တွေကို အမြဲပြုံး ရယ်စေခဲ့တဲ့ သူ့ဘဝခရီးရဲ့အစဖြစ်တဲ့ လူရွှင်တော်တောင်ရှည်ဝတ်စုံကို မျိုးဆက်သစ်လူငယ်တွေဆီ လက်ဆင့်ကမ်းဖို့ မှာတမ်းခြွေစာရေးသားခဲ့တာပဲ ဖြစ်ပါတယ်..။ “{မှာတမ်း} အကယ်၍များပေါ့ နွေဦးတော်လှန်ရေးမှာ အခွင့်မသာလို့ ပြေးလွှားပုန်းအောင်းရင်းနဲ့ ကွယ်လွန်ကျဆုံးသွားရင် ပရိတ်သတ်ကိုပျော်ရွှင်စေခဲ့တဲ့ ကျနော်ဘဝခရီးအစ

{တောင်ရှည်}ကဆိုသလို လူရွှင်တော်တောင်ရှည်ဝတ်စုံလေးကို မျိုးဆက်သစ် လူငယ်လေးတွေ ကို လက်ဆင့်ကမ်း လိုက်ပါ အိမ်သူ သက်ထားထူးသခင်ရေ…” ဆိုပြီး ဇနီးဖြစ်သူကို စာရေးပြောထားတာပါ..။ ဦးကျော်ထူးရဲ့ ပို့စ်ရဲ့အောက်မှာတော့ ပရိသတ်တွေအပြင် အနုပညာရှင်တွေကလည်း အားပေးစကားလေးတွေလည်း ပြောထားကြတာ တွေ့ရပါတယ်..။

Photo Credit – U Kyaw Htoo’s Fb Acc

zawgyi

ပရိသတ္ႀကီးေရ.. အႏုပညာေလာကမွာ ဟာသဇာတ္႐ုပ္ေတြနဲ႔ ပရိသတ္ေတြကို အၿမဲရယ္ေမာေပ်ာ္႐ႊင္ေစခဲ့တဲ့ ဟာသ လူ႐ႊင္ေတာ္ ဇာတ္ပို႔ သ႐ုပ္ေဆာက္ဦးေက်ာ္ထူးကေတာ့ လက္ရွိအေျခအေနေတြမွာ ျပည္သူေတြနဲ႔အတူ ရပ္တည္ေနသူပဲ ျဖစ္ပါတယ္..။ လူထုလႈပ္ရွားမႈေတြကို တက္တက္ ႂကြႂကြလုပ္ေဆာင္ေနတဲ့ ဦးေက်ာ္ထူး ကေတာ့ ေဖေဖာ္ဝါရီလအစပိုင္းကတည္းက ျပည္သူေတြအားလုံးနဲ႔အတူ တတ္ႏိုင္တဲ့ဘက္ကေန အားျဖည့္ပါဝင္ေနတာလည္း ျဖစ္ပါတယ္..။ ဦးေက်ာ္ထူးကေတာ့ ျပည္သူေတြနဲ႔ အတူ လမ္းေပၚထြက္လူထုလႈပ္ရွားမႈေတြကိုျပဳလုပ္ေနၿပီး ေျပးလႊားေရွာင္ပုန္းရင္း အခြင့္မသာလို႔ ကြယ္လြန္က်ဆုံးသြားရင္ဆိုၿပီး ေသတမ္းစာအျဖစ္ ဇနီးျဖစ္သူဆီ စာေရးသားထားတာ ေတြ႕ရပါတယ္..။

ေတာ္လွန္ေရးတိုက္ပြဲႀကီးမွာ အခန႔္မသင့္လို႔က်ဆုံးသြားရင္ ပရိသတ္ေတြကို အၿမဲၿပဳံး ရယ္ေစခဲ့တဲ့ သူ႔ဘဝခရီးရဲ႕အစျဖစ္တဲ့ လူ႐ႊင္ေတာ္ေတာင္ရွည္ဝတ္စုံကို မ်ိဳးဆက္သစ္လူငယ္ေတြဆီ လက္ဆင့္ကမ္းဖို႔ မွာတမ္းေႁခြစာေရးသားခဲ့တာပဲ ျဖစ္ပါတယ္..။ “{မွာတမ္း} အကယ္၍မ်ားေပါ့ ေႏြဦးေတာ္လွန္ေရးမွာ အခြင့္မသာလို႔ ေျပးလႊားပုန္းေအာင္းရင္းနဲ႔ ကြယ္လြန္က်ဆုံးသြားရင္ ပရိတ္သတ္ကိုေပ်ာ္႐ႊင္ေစခဲ့တဲ့ က်ေနာ္ဘဝခရီးအစ

{ေတာင္ရွည္}ကဆိုသလို လူ႐ႊင္ေတာ္ေတာင္ရွည္ဝတ္စုံေလးကို မ်ိဳးဆက္သစ္ လူငယ္ေလးေတြ ကို လက္ဆင့္ကမ္း လိုက္ပါ အိမ္သူ သက္ထားထူးသခင္ေရ…” ဆိုၿပီး ဇနီးျဖစ္သူကို စာေရးေျပာထားတာပါ..။ ဦးေက်ာ္ထူးရဲ႕ ပို႔စ္ရဲ႕ေအာက္မွာေတာ့ ပရိသတ္ေတြအျပင္ အႏုပညာရွင္ေတြကလည္း အားေပးစကားေလးေတြလည္း ေျပာထားၾကတာ ေတြ႕ရပါတယ္..။

Photo Credit – U Kyaw Htoo’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *