အဆိုတော် G Fatt ကတော့ တေးသီချင်းတွေကို ကိုယ်တိုင် ဖန်တီးရေးသားသီဆိုနေတဲ့ လူငယ်တေးသံရှင် တစ်ဦးပဲ ဖြစ်ပါတယ်။ လူငယ်ပီပီ အမှန်တရားဘက်ကနေ ရပ်တည်ပြီး လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ ပူးပေါင်းပါဝင်နေတာလည်း ဖြစ်ပါတယ်။ ကျရာ အခန်းကဏ္ဍကနေ ကူညီဆောင်ရွက်ပေးနေတဲ့ G Fatt ကိုတော့ ပရိသတ်တွေ အားလုံးက လေးစားနေကြတာပါ။ လက်ရှိအခြေအနေမှာ လမ်းပေါ်ထွက်ပြီး ဆန္ဒထုတ်ဖော်နေကြတာတွေဟာ အလွန်ကို နည်းပါးနေပြီ ဖြစ်တာကြောင့် အချို့လူတွေက Generation Z တွေကို အထင်မြင်လွဲမှားနေကြတာပါ။ ဒီအကြောင်းအရာ နဲ့ ပတ်သတ်ပြီးတော့ G Fatt က သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် လူထုလှုပ်ရှားမှုတွေမှာ တက်ကြွစွာပါဝင်နေတဲ့ လူငယ်တွေကိုအပြစ်မမြင်ဘဲ အကောင်းဘက်က တွေးပေးကြဖို့ တောင်းဆိုလိုက်တာပဲ ဖြစ်ပါတယ်။ ” နည်းနည်းပင်ပန်းလို့ ခဏနားတာတော့ရှိမယ် သွေးအေးနေတာမဟုတ်ဘူး ။
လူတွေ အသလွတ်သတ်နေလို့ ဘယ်နည်းလမ်းကောင်းမလဲ ခဏစဥ်းစားတာလည်း ဖြစ်တယ် ။ ဒီမတရားမှုတွေအပေါ် နေသားကျသွားစရာ အကြောင်းမရှိဘူး။ လမ်းတွေအဖယ်ခံရတိုင်း ရင်ထဲက မတရားမှုတွေက လမ်းတွေလို ရှင်းသွားမှာမဟုတ်ဘူး ။ ရပ်ကွက်ထဲက ဒလန် တွေလည်း မြဲမြဲမှတ်ထား ခင်ဗျားတို့လုပ်ရက်အတွက် ဘဝပေး အသက်ပေးလိုက်ရတဲ့ လူငယ်တွေကိုယ်စား ကျန်တဲ့လူငယ်ပေါင်းများစွာက ခင်ဗျားတို့ကိုဘယ်တော့မှကမ္ဘာမကြေဘူး ။ ခေါင်းကိုချည်းတည်ပစ်ခဲ့ကြတဲ့သူတွေလည်း နောင်တစ်ချိန်ဘယ်အကြောင်းပြချက်ပေးပေး ကျွန်တော်တို့ခွင့်လွှတ်မှာမဟုတ်ဘူး ။ ဆိုတော့ .. စည်းလုံးမှုအားဟာအရှိန်မကျပါဘူး ။ ကန့်လန့်လိုက်တိုက်မယ့် လူကြီးတစ်ချို့ရှိပေမယ့် တစ်ကယ်အားတက်သရော ပါဝင် ကြတဲ့ လူကြီးတွေလဲ ဒုနဲ့ဒေးပဲဘယ်သူကန့်ကွက် ကန့်ကွက် ကျွန်တော်တို့က ဒီမတရားမှုတွေကို တွန်းလှန်မှာပဲ ။ ကျွန်တော်တို့ GZ တွေကို ကာကွယ်ဖေးမမယ် ။ သူတို့အောင်ပွဲအတွက် ကျွန်တော်တို့ ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ စဥ်းစားဝန်းရံမယ် ။အားပေးဖေးမမယ် ။ လူကြီးတစ်ချို့လည်း အမြင်ပြောင်းစေချင်တယ်
တစ်ခြားနိုင်ငံက လူငယ်တွေကို ”တော်လိုက်တာ” “ထက်မြက် လိုက်ကြတာ” စသဖြင့် အားကျ ချီးကျူးဖူးတယ် မလား ? ကျွန်တော်တို့ဆီက ကလေးတွေမှာလည်း အဲ့ထက်မလျော့တဲ့အရည်အချင်းတွေရှိတယ် ၊ နိုင်ငံခြားသားတစ်ယောက် မြင်တိုင်း Auto အထင်ကြီးစိတ်ဝင်တဲ့ မျိုးဆက်မဟုတ်ဘူး ။ရင်ဘောင်တန်းပြမယ့် မျိုးဆက်ဖြစ်တယ် ။ ဒီအရေးတော်ပုံအောင်လို့ ဒီမိုကရေစီရရင် ဒီနိုင်ငံကို သူတို့ လက်နဲ့ ဆွဲတင်ပြကြလိမ့်မယ် ။ စောင့်ကြည့်။ အဓိကပြောချင်တာကတော့ ကလေးတွေကိုအားပေးပါ ၊ ကာကွယ်ပါ ၊ ဝိုင်းစောင့်လျောက်ပါ။ ဦးလေးတို့အကြောက်တရားနဲ့အန်တီတို့စိုးရိမ်စိတ်ကို ကျွန်တော်တို့နားလည်ပါတယ် ။ ဒီပွဲမနိုင်နိုင်ဘူးလို့ ဦးတို့အန်တီတို့ ထင်နေတာလည်း နားလည်ပါတယ် ။ ဒါပေမယ့် ကျွန်တော်တို့က လူငယ်တွေပါ ကျွန်တော် တို့မှာ ယုံကြည်ချက်တွေရော အနာဂါတ်တွေရော အမှားအမှန်ခွဲခြားနိုင်စွမ်းတွေရော တိုင်းပြည်ကိုချစ်စိတ်တွေရော အပြည့်ရှိတယ် ။ ” ဆိုပြီး ရေးသား ထားတာကို ပရိသတ်တွေလည်း သိရှိစေရန်အတွက် တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက် ရပါတယ်နော်။
Source and Photo Crd- G Fatt’s Facebook Account
zawgyi
အဆိုေတာ္ G Fatt ကေတာ့ ေတးသီခ်င္းေတြကို ကိုယ္တိုင္ ဖန္တီးေရးသားသီဆိုေနတဲ့ လူငယ္ေတးသံရွင္ တစ္ဦးပဲ ျဖစ္ပါတယ္။ လူငယ္ပီပီ အမွန္တရားဘက္ကေန ရပ္တည္ၿပီး လူထုလႈပ္ရွားမႈေတြမွာ ျပည္သူေတြနဲ႔အတူ ပူးေပါင္းပါဝင္ေနတာလည္း ျဖစ္ပါတယ္။ က်ရာ အခန္းက႑ကေန ကူညီေဆာင္႐ြက္ေပးေနတဲ့ G Fatt ကိုေတာ့ ပရိသတ္ေတြ အားလုံးက ေလးစားေနၾကတာပါ။ လက္ရွိအေျခအေနမွာ လမ္းေပၚထြက္ၿပီး ဆႏၵထုတ္ေဖာ္ေနၾကတာေတြဟာ အလြန္ကို နည္းပါးေနၿပီ ျဖစ္တာေၾကာင့္ အခ်ိဳ႕လူေတြက Generation Z ေတြကို အထင္ျမင္လြဲမွားေနၾကတာပါ။ ဒီအေၾကာင္းအရာ နဲ႔ ပတ္သတ္ၿပီးေတာ့ G Fatt က သူ႔ရဲ႕ လူမႈကြန္ယက္စာမ်က္ႏွာတြင္ လူထုလႈပ္ရွားမႈေတြမွာ တက္ႂကြစြာပါဝင္ေနတဲ့ လူငယ္ေတြကိုအျပစ္မျမင္ဘဲ အေကာင္းဘက္က ေတြးေပးၾကဖို႔ ေတာင္းဆိုလိုက္တာပဲ ျဖစ္ပါတယ္။ ” နည္းနည္းပင္ပန္းလို႔ ခဏနားတာေတာ့ရွိမယ္ ေသြးေအးေနတာမဟုတ္ဘူး ။
လူေတြ အသလြတ္သတ္ေနလို႔ ဘယ္နည္းလမ္းေကာင္းမလဲ ခဏစဥ္းစားတာလည္း ျဖစ္တယ္ ။ ဒီမတရားမႈေတြအေပၚ ေနသားက်သြားစရာ အေၾကာင္းမရွိဘူး။ လမ္းေတြအဖယ္ခံရတိုင္း ရင္ထဲက မတရားမႈေတြက လမ္းေတြလို ရွင္းသြားမွာမဟုတ္ဘူး ။ ရပ္ကြက္ထဲက ဒလန္ ေတြလည္း ၿမဲၿမဲမွတ္ထား ခင္ဗ်ားတို႔လုပ္ရက္အတြက္ ဘဝေပး အသက္ေပးလိုက္ရတဲ့ လူငယ္ေတြကိုယ္စား က်န္တဲ့လူငယ္ေပါင္းမ်ားစြာက ခင္ဗ်ားတို႔ကိုဘယ္ေတာ့မွကမာၻမေၾကဘူး ။ ေခါင္းကိုခ်ည္းတည္ပစ္ခဲ့ၾကတဲ့သူေတြလည္း ေနာင္တစ္ခ်ိန္ဘယ္အေၾကာင္းျပခ်က္ေပးေပး ကြၽန္ေတာ္တို႔ခြင့္လႊတ္မွာမဟုတ္ဘူး ။ ဆိုေတာ့ .. စည္းလုံးမႈအားဟာအရွိန္မက်ပါဘူး ။ ကန႔္လန႔္လိုက္တိုက္မယ့္ လူႀကီးတစ္ခ်ိဳ႕ရွိေပမယ့္ တစ္ကယ္အားတက္သေရာ ပါဝင္ ၾကတဲ့ လူႀကီးေတြလဲ ဒုနဲ႔ေဒးပဲဘယ္သူကန႔္ကြက္ ကန႔္ကြက္ ကြၽန္ေတာ္တို႔က ဒီမတရားမႈေတြကို တြန္းလွန္မွာပဲ ။ ကြၽန္ေတာ္တို႔ GZ ေတြကို ကာကြယ္ေဖးမမယ္ ။ သူတို႔ေအာင္ပြဲအတြက္ ကြၽန္ေတာ္တို႔ ကိုယ္စြမ္းဥာဏ္စြမ္းရွိသမွ် စဥ္းစားဝန္းရံမယ္ ။အားေပးေဖးမမယ္ ။ လူႀကီးတစ္ခ်ိဳ႕လည္း အျမင္ေျပာင္းေစခ်င္တယ္
တစ္ျခားႏိုင္ငံက လူငယ္ေတြကို ”ေတာ္လိုက္တာ” “ထက္ျမက္ လိုက္ၾကတာ” စသျဖင့္ အားက် ခ်ီးက်ဴးဖူးတယ္ မလား ? ကြၽန္ေတာ္တို႔ဆီက ကေလးေတြမွာလည္း အဲ့ထက္မေလ်ာ့တဲ့အရည္အခ်င္းေတြရွိတယ္ ၊ ႏိုင္ငံျခားသားတစ္ေယာက္ ျမင္တိုင္း Auto အထင္ႀကီးစိတ္ဝင္တဲ့ မ်ိဳးဆက္မဟုတ္ဘူး ။ရင္ေဘာင္တန္းျပမယ့္ မ်ိဳးဆက္ျဖစ္တယ္ ။ ဒီအေရးေတာ္ပုံေအာင္လို႔ ဒီမိုကေရစီရရင္ ဒီႏိုင္ငံကို သူတို႔ လက္နဲ႔ ဆြဲတင္ျပၾကလိမ့္မယ္ ။ ေစာင့္ၾကည့္။ အဓိကေျပာခ်င္တာကေတာ့ ကေလးေတြကိုအားေပးပါ ၊ ကာကြယ္ပါ ၊ ဝိုင္းေစာင့္ေလ်ာက္ပါ။ ဦးေလးတို႔အေၾကာက္တရားနဲ႔အန္တီတို႔စိုးရိမ္စိတ္ကို ကြၽန္ေတာ္တို႔နားလည္ပါတယ္ ။ ဒီပြဲမႏိုင္ႏိုင္ဘူးလို႔ ဦးတို႔အန္တီတို႔ ထင္ေနတာလည္း နားလည္ပါတယ္ ။ ဒါေပမယ့္ ကြၽန္ေတာ္တို႔က လူငယ္ေတြပါ ကြၽန္ေတာ္ တို႔မွာ ယုံၾကည္ခ်က္ေတြေရာ အနာဂါတ္ေတြေရာ အမွားအမွန္ခြဲျခားႏိုင္စြမ္းေတြေရာ တိုင္းျပည္ကိုခ်စ္စိတ္ေတြေရာ အျပည့္ရွိတယ္ ။ ” ဆိုၿပီး ေရးသား ထားတာကို ပရိသတ္ေတြလည္း သိရွိေစရန္အတြက္ တစ္ဆင့္ျပန္လည္ ကူးယူတင္ဆက္ေပးလိုက္ ရပါတယ္ေနာ္။
Source and Photo Crd- G Fatt’s Facebook Account