ပရိသတ်ကြီးရေ စိုင်းစိုင်းကတော့ မြန်မာနိုင်ငံရဲ့ လူကြိုက် အများဆုံး အဆိုတော် တစ်ဦး လို့ ပြောရလောက်အောင် နာမည်ကြီးအောင်မြင်သူတစ်ယောက် ဖြစ်ပါတယ်။ စိုင်းစိုင်းက Hip Hop ,Pop , Rap ဂီတအမျိုးအစားတွေကို ကိုယ်ပိုင်သံစဉ်တွေဖန်တီးကာ စိတ်တိုင်းကျရေးစပ်သီဆိုလေ့ရှိသူ တစ်ယောက်ပါ ။ ဒါ့အပြင် ကဗျာဆန်ဆန် စာသားလေးတွေ ကိုလည်း မိန်းကလေး ပရိသတ်တွေ အကြိုက်တွေ့အောင် ဖန်တီးရေးသားလေ့ရှိသလို ရုပ်ရှင်ဇာတ်ကားကြီးတွေမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့ပါတယ်။
စိုင်းစိုင်းက လတ်တလောမှာဆိုရင်တော့ လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေ တွေ နဲ့ပတ်သက်ပြီး ပြည်သူပရိသတ်တွေနဲ့အတူ တစ်သားတည်း ရပ်တည်နေတာဖြစ်ပြီး လှုပ်ရှားမှု ပုံလေးတွေကိုလည်း လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာ တင်ပေးလေ့ရှိတာတွေ့ရပါတယ်။ ဒါ့အပြင် လူထု လှုပ်ရှားမှုမှာ လိုအပ်တဲ့ ပစ္စည်းတွေနဲ့ အစားအသောက်တွေ ကိုလည်း တက်နိုင်တဲ့ဘက်ကနေ လိုက်လံကာ လှူဒါန်းမှုတွေ ပြုလုပ်နေတာ ဖြစ်ပါတယ်။
အခုလည်း ဂီတအနုပညာ မောင်နှမတွေနဲ့အတူ နှစ်ငါးလုံး တော်လှန်ရေ းမှာ ပြည်သူတွေ နဲ့အတူ တစ်သားထဲ လမ်းမပေါ်ထွက်ကာ လှုပ်ရှားမှုတွေပြုလုပ်ခဲ့ပြန်ပါတယ်။ ပုံလေးတွေနဲ့အတူ ” ဒီနေ့ ၂၂၂၂၂ နွေဦးတော်လှန်ရေး စစ်အာဏာရှင်ဆန့်ကျင်ရေးအတွက် ဂီတအနုပညာရှင်များနှင့်အတူ ” ဆိုတဲ့စာလေးကို သူရဲ့အကောင့်မှာ အမှတ်တရ ဖော်ပြထားရာ ပရိသတ်ကြီးလည်း ကြည့်ရှုနိုင်စေရန် ပြန်လည်ဝေမျှပေး လိုက်ပါတယ်။
Photo credit : Sai Sai Kham Leng Facebook Page
zawgyi
ပရိသတ္ႀကီးေရ စိုင္းစိုင္းကေတာ့ ျမန္မာႏိုင္ငံရဲ႕ လူႀကိဳက္ အမ်ားဆုံး အဆိုေတာ္ တစ္ဦးလို႔ ေျပာရေလာက္ေအာင္ နာမည္ႀကီးေအာင္ျမင္သူတစ္ေယာက္ ျဖစ္ပါတယ္။ စိုင္းစိုင္းက Hip Hop ,Pop , Rap ဂီတအမ်ိဳးအစားေတြကို ကိုယ္ပိုင္သံစဥ္ေတြဖန္တီးကာ စိတ္တိုင္းက်ေရးစပ္သီဆိုေလ့ရွိသူတစ္ေယာက္ပါ ။ ဒါ့အျပင္ ကဗ်ာဆန္ဆန္ စာသားေလးေတြ ကိုလည္း မိန္းကေလး ပရိသတ္ေတြ အႀကိဳက္ေတြ႕ေအာင္ ဖန္တီးေရးသားေလ့ရွိသလို ႐ုပ္ရွင္ဇာတ္ကားႀကီးေတြမွာလည္း ပါဝင္ သ႐ုပ္ေဆာင္ခဲ့ပါတယ္။
စိုင္းစိုင္းက လတ္တေလာမွာဆိုရင္ေတာ့ လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြ နဲ႔ပတ္သက္ၿပီး ျပည္သူပရိသတ္ေတြနဲ႔အတူ တစ္သားတည္း ရပ္တည္ေနတာျဖစ္ၿပီး လႈပ္ရွားမႈ ပုံေလးေတြကိုလည္း လူမႈကြန္ယက္ ေဖ့ဘြတ္စာမ်က္ႏွာထက္မွာ တင္ေပးေလ့ရွိတာေတြ႕ရပါတယ္။ ဒါ့အျပင္ လူထုလႈပ္ရွားမႈမွာ လိုအပ္တဲ့ ပစၥည္းေတြနဲ႔ အစားအေသာက္ေတြ ကိုလည္း တက္ႏိုင္တဲ့ဘက္ကေန လိုက္လံကာ လႉဒါန္းမႈေတြ ျပဳလုပ္ေနတာ ျဖစ္ပါတယ္။
အခုလည္း ဂီတအႏုပညာ ေမာင္ႏွမေတြနဲ႔အတူ ႏွစ္ငါးလုံး ေတာ္လွန္ေရးမွာ ျပည္သူေတြ နဲ႔အတူ တစ္သားထဲ လမ္းမေပၚထြက္ကာ လႈပ္ရွားမႈေတြျပဳလုပ္ခဲ့ျပန္ပါတယ္။ ပုံေလးေတြနဲ႔အတူ ” ဒီေန႔ ၂၂၂၂၂ ေႏြဦးေတာ္လွန္ေရး စစ္အာဏာရွင္ဆန႔္က်င္ေရးအတြက္ ဂီတအႏုပညာရွင္မ်ားႏွင့္အတူ ” ဆိုတဲ့စာေလးကို သူရဲ႕အေကာင့္မွာ အမွတ္တရ ေဖာ္ျပထားရာ ပရိသတ္ႀကီးလည္း ၾကည့္ရႈႏိုင္ေစရန္ ျပန္လည္ေဝမွ်ေပး လိုက္ပါတယ္။
Photo credit : Sai Sai Kham Leng Facebook Page