ခင်ဝင့်ဝါနဲ့ အလင်းရောင်ကတော့ မြန်မာနိုင်ငံရဲ့ လူထု လှုပ်ရှားမှုကြီးမှာ ဖေဖော်ဝါရီ အစထဲက စိတ်ရောကိုယ်ပါ အားတက်သရောပါဝင်ခဲ့တာဖြစ်ပါတယ်။နေ့စဉ်တိုင်းလိုလို လမ်းမပေါ်ထွက်ကာ ရင်ထဲက ဆန္ဒတွေကို ထုတ်ဖော်ဟစ်ကြွေးရင်း ရရာနေရာကနေ ပါဝင်ကူညီခဲ့တာလည်းဖြစ်ပါတယ်။အနုပညာရှင် တစ်ယောက်ဆိုတာကို စိတ်ထဲမထားဘဲ ပြည်သူတွေနဲ့အတူ လမ်းပေါ်ထွက်ခဲ့သလို လမ်းမှာပဲထမင်းစားသောက်ခဲ့တဲ့ ပုံရိပ်လေးတွေကလည်း ပရိသတ်တွေကိုအချစ်ပို လေးစားစေခဲ့တာပါ။
ဒါ့အပြင် သူတို့နှစ်ယောက်က လိုအပ်တဲ့ အကာ အကွယ်ပစ္စည်းတွေ အပြင် အစားအသောက်တွေကိုလည်း လိုအပ်တဲ့နေရာတွေမှာလည်းလှူဒါန်းခဲ့ပါသေးတယ်။လူထုလှုပ်ရှားမှုကြီးကလည်းတစ်ရက်နဲ့တစ်ရက် အရှိန်ကောင်းလာကာ အပစ်အခတ်တွေ ကလည်း နေရာအနှံ့အပြားမှာ နေ့စဉ်တိုင်းဖြစ်ပေါ်နေတာကြောင့် အသက် ဆုံးရှုံးရသူတွေအပြင် ဒဏ်ရာရရှိသူတွေ ထိန်းသိမ်းခံရသူတွေလည်း များပြား လာခဲ့ပါတယ်။
အခုလည်း ခင်ဝင့်ဝါနဲ့အလင်းရောင်တို့က သူငယ်ချင်းတွေနဲ့စုပေါင်းပြီး အသက်ပေးကာတိုက်ပွဲဝင်သွားကြတဲ့ သူရဲကောင်းအာဇာနည်တွေကို အလှူငွေများ ကိုယ်တိုင်သွားရောက်လှူဒါန်းခဲ့တာကိုလေးစားစွာတွေ့မြင်ရပါတယ်။အလှူပုံရိပ်လေးတွေနဲ့အတူ ” မနေ့ က ကျွန်မ တို့ သူငယ်ချင်းမိတ်ဆွေများ ၊ စေတနာရှင်ပြည်သူများ နှင့် ပရိသတ်များ ရဲ့ စုပေါင်း လှူဒါန်းငွေများ ထဲ မှ ကျဆုံးသွားတဲ့မှ အာဇာနည် ကိုဇော်ဇော်မိုး အသက်( ၃၆နှစ်) နှင့် အာဇာနည် မောင် ဝေယံမောင်မောင် (ခ) မန်ဆွန်းခိုင် အသက်(၂၇) နှစ် တို့ အတွက် ကျန်ရစ်သူမိသားစု များကို ဆက်သွယ်၍ သွားရောက် ပေးအပ် ခဲ့ပါသည် ။နောက်ရက်တွေမှာလည်း ရန်ကုန် နဲ့ နယ်အသီးသီးရှိ မလှူရသေးသောသူများထံ ဆက်သွယ်လှူဒါန်းသွားမှာ ဖြစ်ပါတယ်။ယခုအချိန် မှာ သွား/ လာရေး အခက်အခဲ နဲ့ ဆက်သွယ်ရေးအခက်အခဲများကြောင့် အနည်းငယ် ကြန့်ကြာနေရခြင်းကိုလည်း နားလည်ခွင့်လွှတ်ပေးပါရှင်။ပါဝင်လှူဒါန်းကြသူ အားလုံးကိုလည်း ကျေးဇူးအထူးတင်ရှိပါတယ်ရှင်။ “ဆိုတဲ့စာလေးကိုရေးသားဖော်ပြထားရာ ပြန်လည်ဝေမျှပေးလိုက်ပါရစေ။
Source & Photo Credit : Khin Wint Wah & Alinn Yaung Facebook Account
zawgyi
ခင္ဝင့္ဝါနဲ႔ အလင္းေရာင္ကေတာ့ ျမန္မာႏိုင္ငံရဲ႕ လူထု လႈပ္ရွားမႈႀကီးမွာ ေဖေဖာ္ဝါရီ အစထဲက စိတ္ေရာကိုယ္ပါ အားတက္သေရာပါဝင္ခဲ့တာျဖစ္ပါတယ္။ေန႔စဥ္တိုင္းလိုလို လမ္းမေပၚထြက္ကာ ရင္ထဲက ဆႏၵေတြကို ထုတ္ေဖာ္ဟစ္ေႂကြးရင္း ရရာေနရာကေန ပါဝင္ကူညီခဲ့တာလည္းျဖစ္ပါတယ္။အႏုပညာရွင္ တစ္ေယာက္ဆိုတာကို စိတ္ထဲမထားဘဲ ျပည္သူေတြနဲ႔အတူ လမ္းေပၚထြက္ခဲ့သလို လမ္းမွာပဲထမင္းစားေသာက္ခဲ့တဲ့ ပုံရိပ္ေလးေတြကလည္း ပရိသတ္ေတြကိုအခ်စ္ပို ေလးစားေစခဲ့တာပါ။
ဒါ့အျပင္ သူတို႔ႏွစ္ေယာက္က လိုအပ္တဲ့ အကာ အကြယ္ပစၥည္းေတြ အျပင္ အစားအေသာက္ေတြကိုလည္း လိုအပ္တဲ့ေနရာေတြမွာလည္းလႉဒါန္းခဲ့ပါေသးတယ္။လူထုလႈပ္ရွားမႈႀကီးကလည္းတစ္ရက္နဲ႔တစ္ရက္ အရွိန္ေကာင္းလာကာ အပစ္အခတ္ေတြ ကလည္း ေနရာအႏွံ႔အျပားမွာ ေန႔စဥ္တိုင္းျဖစ္ေပၚေနတာေၾကာင့္ အသက္ ဆုံးရႈံးရသူေတြအျပင္ ဒဏ္ရာရရွိသူေတြ ထိန္းသိမ္းခံရသူေတြလည္း မ်ားျပား လာခဲ့ပါတယ္။
အခုလည္း ခင္ဝင့္ဝါနဲ႔အလင္းေရာင္တို႔က သူငယ္ခ်င္းေတြနဲ႔စုေပါင္းၿပီး အသက္ေပးကာတိုက္ပြဲဝင္သြားၾကတဲ့ သူရဲေကာင္းအာဇာနည္ေတြကို အလႉေငြမ်ား ကိုယ္တိုင္သြားေရာက္လႉဒါန္းခဲ့တာကိုေလးစားစြာေတြ႕ျမင္ရပါတယ္။အလႉပုံရိပ္ေလးေတြနဲ႔အတူ ” မေန႔ က ကြၽန္မ တို႔ သူငယ္ခ်င္းမိတ္ေဆြမ်ား ၊ ေစတနာရွင္ျပည္သူမ်ား ႏွင့္ ပရိသတ္မ်ား ရဲ႕ စုေပါင္း လႉဒါန္းေငြမ်ား ထဲ မွ က်ဆုံးသြားတဲ့မွ အာဇာနည္ ကိုေဇာ္ေဇာ္မိုး အသက္( ၃၆ႏွစ္) ႏွင့္ အာဇာနည္ ေမာင္ ေဝယံေမာင္ေမာင္ (ခ) မန္ဆြန္းခိုင္ အသက္(၂၇) ႏွစ္ တို႔ အတြက္ က်န္ရစ္သူမိသားစု မ်ားကို ဆက္သြယ္၍ သြားေရာက္ ေပးအပ္ ခဲ့ပါသည္ ။ေနာက္ရက္ေတြမွာလည္း ရန္ကုန္ နဲ႔ နယ္အသီးသီးရွိ မလႉရေသးေသာသူမ်ားထံ ဆက္သြယ္လႉဒါန္းသြားမွာ ျဖစ္ပါတယ္။ယခုအခ်ိန္ မွာ သြား/ လာေရး အခက္အခဲ နဲ႔ ဆက္သြယ္ေရးအခက္အခဲမ်ားေၾကာင့္ အနည္းငယ္ ၾကန႔္ၾကာေနရျခင္းကိုလည္း နားလည္ခြင့္လႊတ္ေပးပါရွင္။ပါဝင္လႉဒါန္းၾကသူ အားလုံးကိုလည္း ေက်းဇူးအထူးတင္ရွိပါတယ္ရွင္။ “ဆိုတဲ့စာေလးကိုေရးသားေဖာ္ျပထားရာ ျပန္လည္ေဝမွ်ေပးလိုက္ပါရေစ။
Source & Photo Credit : Khin Wint Wah & Alinn Yaung Facebook Account