လူထု ဖြိုခွဲမှုကြောင့် ဒဏ်ရာ ရရှိခဲ့တဲ့ ပြည်သူတွေ ရဲ့ အသက် ကို နေ့မနား ညမနား ကူညီကယ်ဆယ် ပေးနေတဲ့ ဝေဠုကျော်

Posted on

သရုပ်ဆောင် မင်းသားကြီး ဝေဠုကျော် ကတော့ အနု ပညာ လှုပ်ရှားမှုတွေအပြင် သူဝါသနာပါတဲ့ ပရဟိတလုပ်ငန်းတွေကိုလည်း ဦးစီးလုပ်ကိုင်နေသူတစ်ယောက်ပါ။ ဝေဠုကျော်က အမှန်တရားကို ချစ်မြတ်နိုးသူဖြစ်တာကြောင့် ပြောင်းလဲ ခဲ့တဲ့ နိုင်ငံရေး အခြေအနေတွေမှာလည်း ပြည်သူတွေဘက်က အပြည့်အဝ ရပ်တည်နေတဲ့ သူပဲ ဖြစ်ပါတယ်။ ရင်ထဲက ဆန္ဒအမှန်နဲ့ တရားမျှတမှုကို လိုလားတဲ့ ပြည်သူတွေပြုလုပ်တဲ့ လူထု လှုပ်ရှားမှုကြီးမှာလည်း ဝေဠုကျော်က တစ်တပ်တစ်အားအနေနဲ့ သွားရောက် ဝန်းရံခဲ့ပါ​သေးတယ်။

ဒါ့အပြင် ဝေဠုကျော်က လူထုလှုပ်ရှားမှုကြီး မှာလည်း ကိုယ်ပိုင် ပါဝင် နေသလို သူကိုယ်တိုင်ဦးစီး လုပ်ကိုင်တဲ့ ဝေဠုကျော်ဖောင်ဒေးရှင်းကလည်း ပြည်သူတွေအတွက် လိုအပ်နေတဲ့အရာတွေမှာ ကူညီပေးလေ့ရှိတာကို တွေ့ရပါတယ်။ မနေ့က လူထုလှုပ်ရှားမှု မှာလည်း ဖြိုခွဲခံရတာတွေ ရှိ တာကြောင့် ဝေဠုကျော်က သူရဲ့ပရဟိတအဖွဲ့နဲ့အတူ ဆေးကူအဖြစ် ကူညီပေး ခဲ့ပါသေးတယ် ။

ဝေဠုကျော်က ” 14-3-2021 မနေ့က တစ်နေ့လုံး တစ်ည လုံး ဒဏ်ရာရ ပြည်သူများ ကို ကူညီမှု ဝေဠုကျော်ဖောင်ဒေးရှင်း ” ဆိုတဲ့ စာသားလေးနဲ့ ပုံရိပ်များကိုလည်း လူမှုကွန်ယက်မှတဆင့် မျှဝေခဲ့ပါသေးတယ်။ မွန်မြတ်တဲ့စိတ်ထားနဲ့ နေ့ မနား ည မနား ပြည်သူတွေရဲ့ အသက်ကို ကူညီကယ်ဆယ်ပေးနေတဲ့ ဝေဠုကျော် နဲ့ သူရဲ့ ဖောင်ဒေးရှင်း အဖွဲ့သားတွေရဲ့ ပုံရိပ်ကို ပြန်လည်ကူးယူပြီး ပရိသတ်တွေ ထံ ဖော်ပြပေးလိုက်ပါတယ်။

Photo Credit – Wai Lu Kyaw’s FB account

Leave a Reply

Your email address will not be published. Required fields are marked *