လူထုလှုပ်ရှားမှု အတွင်းမှာ အသက် ဆုံးရှုံးသွား ခဲ့တဲ့သူတွေရဲ့ မိဘတွေငိုနေတာ ကို မြင်တိုင်း မျက်ရည်ကျမိတဲ့ အကြောင်းဆိုလာတဲ့ ပိုင်တံခွန်

Posted on

လတ်တလောမြန်မာနိုင်ငံအတွင်းမှာ ဖေဖော်ဝါရီ (၁)ရက်နေ့မှ စပြီးဖြစ်ပေါ်နေတဲ့ အခြေအနေအရပ်ရပ်ကြောင့် ပြည်သူလူထုအနေနဲ့ တတ်နိုင်တဲ့ဘက်ကနေအစွမ်းကုန်ပါဝင်လှုပ်ရှားနေကြကာ ငြိမ်းချမ်းစွာနဲ့လုပ်ဆောင်နေကြတာကို အားလုံး လည်းသိမြင်ကြမယ် ထင်ပါတယ်နော်။ လူထုလှုပ်ရှားမှုကြီးဟာ အခုဆိုရင် တစ်လ ခန့်ကြာမြင့်ခဲ့ပြီဖြစ်ပြီးတော့ ပြည်သူလူထုအနေနဲ့လည်း အားမလျော့သွားပဲ ဆက်လက် အရှိန်အဟုန်မြင့်ပြီး ဆောင်ရွက်နေကြတာဖြစ်ပါတယ်။

အရှိန်အဟုန်မြင့်မြင့်နဲ့ လုပ်ဆောင်နေကြတဲ့လူထု လှုပ်ရှားမှုကြီးအတွင်းမှာဆိုရင်လည်း အနုပညာရှင်တွေများစွာပါဝင်လုပ်ဆောင်နေတာဖြစ်ပြီး ပိုင်တံခွန်တစ်‌ယောက်လည်း နေ့စဉ်ရက်ဆက်ပါဝင်အားဖြည့်နေတာကိုတွေ့ရပါတယ်နော်။ ပိုင်တံခွန်ဟာ လူထုလှုပ်ရှားမှုကြီးအတွFrontlineကနေ ပြည်သူတွေကိုတတ်နိုင်သရွေ့ကာကွယ်ပေးမှုတွေလုပ်ဆောင်နေတာဖြစ်ပြီး ရဲရဲဝံ့ဝံ့နဲ့ပါဝင်လှုပ်ရှားနေတာကိုလည်း ပရိသတ်တွေမြင်တွေ့ကြမယ်ထင်ပါတယ်။

လူထုလှုပ်ရှားမှုကြီးဟာ အခက်အခဲအတား အဆီးတွေများစွာကြုံတွေ့နေရတဲ့အတွက် အသက်ပေးခဲ့ရတဲ့သူတွေအများအပြားလည်း ရှိလာနေတာဖြစ်ပါတယ်။ အခုလိုအသက်ပေးခဲ့ရတဲ့သူတွေအတွက် ပိုင်တံခွန်ဟာ သူ့ရဲ့ Facebookစာမျက်နှာမှာ “ဆုံးရှုံးသွားတဲ့ ညီ ညီမတွေရဲ့ မိဘတွေ ငိုနေတဲ့ video တွေ မြင်တိုင်း ကျနော် မျက်ရည်ကျမိတယ် ရင်းခဲ့တဲ့ အသက်တွေအတွက် ကြိုးစားနေတာပါ” ဆိုပြီးရေးသားထားခဲ့ပါတယ်။ ပရိသတ်တွေအတွက်လည်း ပြန်လည်မျှဝေပေးလိုက်ပါတယ်နော်။

source Paing Takhon Fb Acc

zawgyi

လတ္တေလာျမန္မာႏိုင္ငံအတြင္းမွာ ေဖေဖာ္ဝါရီ (၁)ရက္ေန႔မွ စၿပီးျဖစ္ေပၚေနတဲ့ အေျခအေနအရပ္ရပ္ေၾကာင့္ ျပည္သူလူထုအေနနဲ႔ တတ္ႏိုင္တဲ့ဘက္ကေနအစြမ္းကုန္ပါဝင္လႈပ္ရွားေနၾကကာ ၿငိမ္းခ်မ္းစြာနဲ႔လုပ္ေဆာင္ေနၾကတာကို အားလုံး လည္းသိျမင္ၾကမယ္ ထင္ပါတယ္ေနာ္။ လူထုလႈပ္ရွားမႈႀကီးဟာ အခုဆိုရင္ တစ္လ ခန႔္ၾကာျမင့္ခဲ့ၿပီျဖစ္ၿပီးေတာ့ ျပည္သူလူထုအေနနဲ႔လည္း အားမေလ်ာ့သြားပဲ ဆက္လက္ အရွိန္အဟုန္ျမင့္ၿပီး ေဆာင္႐ြက္ေနၾကတာျဖစ္ပါတယ္။

အရွိန္အဟုန္ျမင့္ျမင့္နဲ႔ လုပ္ေဆာင္ေနၾကတဲ့လူထု လႈပ္ရွားမႈႀကီးအတြင္းမွာဆိုရင္လည္း အႏုပညာရွင္ေတြမ်ားစြာပါဝင္လုပ္ေဆာင္ေနတာျဖစ္ၿပီး ပိုင္တံခြန္တစ္‌ေယာက္လည္း ေန႔စဥ္ရက္ဆက္ပါဝင္အားျဖည့္ေနတာကိုေတြ႕ရပါတယ္ေနာ္။ ပိုင္တံခြန္ဟာ လူထုလႈပ္ရွားမႈႀကီးအတြFrontlineကေန ျပည္သူေတြကိုတတ္ႏိုင္သေ႐ြ႕ကာကြယ္ေပးမႈေတြလုပ္ေဆာင္ေနတာျဖစ္ၿပီး ရဲရဲဝံ့ဝံ့နဲ႔ပါဝင္လႈပ္ရွားေနတာကိုလည္း ပရိသတ္ေတြျမင္ေတြ႕ၾကမယ္ထင္ပါတယ္။

လူထုလႈပ္ရွားမႈႀကီးဟာ အခက္အခဲအတား အဆီးေတြမ်ားစြာႀကဳံေတြ႕ေနရတဲ့အတြက္ အသက္ေပးခဲ့ရတဲ့သူေတြအမ်ားအျပားလည္း ရွိလာေနတာျဖစ္ပါတယ္။ အခုလိုအသက္ေပးခဲ့ရတဲ့သူေတြအတြက္ ပိုင္တံခြန္ဟာ သူ႔ရဲ႕ Facebookစာမ်က္ႏွာမွာ “ဆုံးရႈံးသြားတဲ့ ညီ ညီမေတြရဲ႕ မိဘေတြ ငိုေနတဲ့ video ေတြ ျမင္တိုင္း က်ေနာ္ မ်က္ရည္က်မိတယ္ ရင္းခဲ့တဲ့ အသက္ေတြအတြက္ ႀကိဳးစားေနတာပါ” ဆိုၿပီးေရးသားထားခဲ့ပါတယ္။ ပရိသတ္ေတြအတြက္လည္း ျပန္လည္မွ်ေဝေပးလိုက္ပါတယ္ေနာ္။

source Paing Takhon Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *