လူထုလှုပ်ရှားမှု ပြုလုပ်နေသူတွေကို စားစရာလေး တွေ ပေးကမ်းပြီး ပြည်သူတွေလိုလားတောင်းတနေတဲ့ အရာတွေ အမြန်ဆုံး ပြည့်စေ ဖို့ ဆုတောင်းပေး နေတဲ့ ရွှေကစ်

Posted on

မင်းသမီးချောလေးရွှေကစ်ကတော့ မြန်မာနိုင်ငံ ရဲ့ထိပ်တန်း အနုပညာရှင်တွေထဲမှာ တစ်ယောက်အပါအဝင်ဖြစ်ပြီး ရုပ်ရှင် ဇာတ်ကားကြီးတွေကိုလည်း ရိုက်ကူးလျက် ရှိနေကာ ပရိသတ်တွေ ရဲ့အားပေးချစ်ခင်မှုကိုလည်း အခိုင်အမာရယူထားနိုင်ခဲ့ပါတယ် ။ အေးအေးဆေးဆေ းနဲ့ နေထိုင်ပြောဆိုတတ်တဲ့ ရွှေကစ်ကတော့ ချစ်စရာကောင်းလွန်းတဲ့ အပြုံးလေးတွေကို ပိုင်ဆိုင်ထားသူ တစ်ယောက်ဖြစ်ပြီး ချစ်စဖွယ်ပုံရိပ်လေးတွေ ကိုလည်း ပရိသတ်တွေ ရှေ့ ချပြလေ့ရှိတာဖြစ်ပါတယ်။

လက်ရှိဖြစ်ပွားနေတဲ့ ကိစ္စတွေနဲ့ပတ်သက်ပြီး ပြည်သူတွေ နဲ့အတူ ရပ်တည် လျက်ရှိနေတဲ့ ရွှေကစ်ကတော့ လူထုလှုပ်ရှားမှုတွေမှာလည်း တတ်နိုင်သလောက်ပါဝင်လျက်ရှိနေတဲ့ ပြည်သူချစ်အနုပညာရှင်တစ်ယောက်ပဲဖြစ်ပါတယ်။ ရွှေကစ်ကတော့ ယခုမှာလူထုလှုပ်ရှားမှုပြုလုပ်နေသူတွေကို စားသောက်ဖွယ်ရာတွေပေးလှူပြီး ပြည်သူတွေလိုလားတောင်းတနေတဲ့ အရာတွေအမြန်ဆုံးရရှိစေဖို့ ဆုတောင်းပေးနေခဲ့ပါတယ်။

ရွှေကစ်ကတော့ ” ပြည်သူတွေနဲ့ အတူ ဒီနေ့ အတူတကွ ရှိခဲ့ပါတယ် ပြည်သူတွေ လိုလား တောင်းတသော၊ မြန်မာနိုင်ငံအတွက် မှန်ကန်သော ဒီမိုကရေစီ အမြန်ဆုံးရရှိပါစေ အဖမ်းဆီးခံခေါင်းဆောင်များလည်း အမြန်ဆုံးလွတ်မြောက်ပါစေ “ဆိုပြီး လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ ပြည်သူတွေကို စားစရာတွေပေးလှူနေတဲ့ ရွှေကစ်ရဲ့ ပုံရိပ်လေးတွေကို ချစ်ပရိသတ်တွေအတွက် ပြန်လည် ဖော်ပြပေးလိုက်ပြီး အဆိုပါပုံရိပ်လေးတွေကို အောက်မှာကြည့်နိုင်ပါတယ်။

Source: wutt hmone shwe yi ‘ s facebook page

Leave a Reply

Your email address will not be published. Required fields are marked *