သရုပ်ဆောင် ထွန်းကိုကိုကတော့ အနုပညာလှုပ်ရှားမှုများ လုပ်ဆောင်နေရုံတင် မကဘဲ နာရေးလူညီမှု အသင်းမှာလည်း Volunteer အဖြစ် ကူညီပေးနေတာလည်း ဖြစ်ပါတယ်။ အရေးကြုံလာတိုင်းလည်း ပြည်သူတွေဘက်ကနေ တတ်နိုင်သလောက်ကူညီလုပ်ဆောင်ပေးနေတာကြောင့်လည်း ပရိသတ် တွေကြားမှာ ဂုဏ်သတင်း မွှေးပျံ့နေတာလည်း ဖြစ်ပါတယ်။ ထွန်းကိုကိုဟာ လူထုလှုပ်ရှားမှုတွေမှာ တက်တက်ကြွကြွပါဝင်နေရုံတင်မကဘဲ ပြည်သူတွေ မတော်တဆ ထိခိုက်ဒဏ်ရာရတဲ့အခါ ရှေးဦး သူနာပြုနည်းဖြင့် ကုသပေးရန်အတွက် Medical cover အဖြစ် အသင့်ရှိနေပေးတာလည်း ဖြစ်ပါတယ်။
မနေ့ကလည်း သူ့ရဲ့ လူမှုကွန်ယက်စာမျက်နှာမှာ ဝမ်းနည်းစရာမှတ်တမ်းပုံလေးတွေ တင်ထားတာလည်း ဖြစ်ပါတယ်။ ဒါကတော့ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ရင်း မမျှော်လင့်ဘဲ ကြွေလွင့်သွားခဲ့ရတဲ့ သူရဲကောင်းလေးရဲ့ နောက်ဆုံးအိမ်အပြန်ခရီးကို သူ့ရဲ့ နေရပ်ဖြစ်တဲ့ သထုံမြို့ကို ကိုယ်တိုင် လိုက်ပါ ပို့ဆောင်ပေးခဲ့တာလည်း ဖြစ်ပါတယ်။ တစ်နိုင်ငံလုံးက ဒီလှုပ်ရှားမှုတွေပါ ပါဝင်နေတဲ့ ပြည်သူ များစွာကလည်း ကျဆုံးသွားတဲ့ သူရဲကောင်းလေးတွေအတွက် နှမျောတသ ဝမ်းနည်းနေကြတာလည်း ဖြစ်ပါတယ်။
ထွန်းကိုကိုကလည်း ” ညီအစ်ကို သုံးယောက်မှာ အငယ်ဆုံး အစ်ကိုတွေက မှတ်ချက် ပေးတယ် .. အလိမ္မာဆုံးတဲ့.. မိဘကို လုပ်ကျွေး ပြုစုနေတဲ့ ညီလေး… ကျိုက်ထိုသား ဇင်လင်းထက် အသက် ၂၀ နှစ် ရဲ့ အိမ်အပြန်ခရီးဟာ ဝမ်းနည်းစို့နစ်ဖွယ်ရာ မြင်ကွင်းများနဲ့ကြုံခဲ့ရတယ် … စွန့်လွှတ်စွန့်စား ကျိုက်ထိုသား တဲ့ .. ကျဆုံးသွားတဲ့ အာဇာနည် .. ကျိုက်ထိုသားကွ ကျိုက်ထိုသား .. တဲ့ … ညီလေးရေ ခေါင်းကို မှန်အောင်ပစ်တဲ့ကောင်က ပြည်သူ့ချဥ်ဖတ် ဖြစ်သွားရတယ် .. လက်နက်အားကိုးပြီး အနိုင်ကျင့်ခြင်းခံခဲ့ရတဲ့ ညီလေးက ကျိုက်ထိုမြို့ရဲ့ အာဇာနည် သူရဲကောင်း အဖြစ်မှတ် ကျောက်တင်ခံခဲ့ရပါပြီ .. ကောင်းရာမွန်ရာ ဘုံဘဝကို ရောက်ရှိပါစေ ညီလေးရေ ..🙏🙏🙏 ” ဆိုပြီး ရေးသားထားတာပဲ ဖြစ်ပါတယ်။
Source and Photo Crd-Yanpaing Tun Ko’s Facebook Account