လူတိုင်း အပေါ် စာနာ ကူညီတတ်တဲ့ စိတ်ထားလေးကြောင့် အားလုံးက လေးစား နေရ တဲ့ ပရဟိတ မင်းသမီးလေး ခိုင်နှင်းဝေ

Posted on

သရုပ်ဆောင် ခိုင်နှင်းဝေကတော့ အနုပညာလောကမှာ ပရိသတ်တွေ ချစ်ခင် အားပေးခြင်းကို ဆယ်စုနှစ်ကျော်တိုင်အောင် ရရှိထားတဲ့ မင်းသမီးတစ်လက် ဖြစ်ပါတယ်။ ကိုယ်ပိုင်ဖောင်ဒေးရှင်းကိုလည်း တည်ထောင်ထားပြီး အကူအညီလိုနေသူတိုင်းကို တတ်နိုင်သလောက် ဖြည့်ဆည်း ပေးနေသူ တစ်ဦး ဖြစ်ပါတယ်။ ပြုလုပ်ခဲ့တဲ့ လှူဒါန်းမှုများကိုလည်း ပရိသတ်တွေ သာဓုခေါ်နိုင်အောင် အမြဲဝေမျှပေးတတ်သူလည်း ဖြစ်ပါတယ်။

မကြာသေးခင် မိနစ်ပိုင်း လောက်က ခိုင်နှင်းဝေရဲ့ လူမှုကွန်ယက်တွင် ပုံလေးတွေ ဝေမျှထားတာ ဖြစ်ပါတယ်။ ဒါကတော့ စားဝတ်နေရေးအဆင်မပြေတဲ့ မိသားစုတစ်ချို့ကို စကောထမင်းနဲ့အတူ ငွေသားအချို့ကိုပါ လှူဒါန်းနေတဲ့ပုံလေးတွေ တင်ထားတာ ဖြစ်ပါတယ်။ သူမစားသလိုမျိုး လေး ကျွေးချင်မိ တဲ့အတွက် အခုလို အလှူလေးလုပ်ဖြစ်တဲ့ အကြောင်းကိုလည်း ရေးသားထားတာ ဖြစ်ပါတယ်။

ခိုင်နှင်းဝေရဲ့ ဖြူစင်တဲ့ စိတ်ထားလေး ကိုတော့ ပရိသတ်များက လေးစားဂုဏ်ယူနေကြတာ ဖြစ်ပါတယ်။ ဘယ်နေရာဒေသကို ရောက်ရောက် လိုအပ်နေသူတိုင်းကို ပါလာတဲ့အထဲက ဝေမျှပြီး ပေးကမ်းတတ်တဲ့ သူမကိုတော့အားလုံးက ပရဟိတမင်းသမီးလေးလို့တောင် တင်စားခေါ်ဝေါ်နေကြတာ ဖြစ်ပါတယ်။ ခိုင်နှင်းဝေတစ်ယောက် ဒီ့ ထက်မက အလှူအတန်းတွေ များများပြုလုပ်နိုင်ပါစေလို့ ဆုတောင်းပေးရင်း ဒီသတင်းကို တင်ဆက်ပေးလိုက် ရပါတယ်။

Source and Photo Crd-Khine Hnin Wai’s Facebook Page

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *