လူတိုင်း ရဲ့ စိတ် အလိုကျ အတိုင်း နေနိုင်ဖို့ မလွယ်ကြောင်း ကို ရင်ဖွင့် ပြောကြားလာတဲ့ ဘေဘီမောင်

Posted on

သရုပ်ဆောင် ဘေဘီမောင်ကတော့ ဆယ်စုနှစ်ကျော် တိုင်အောင် အနုပညာလောကမှာ ရပ်တည် အောင်မြင်နေတဲ့ မင်းသမီးတစ်ယောက်ပဲဖြစ်ပါတယ်။ အနုပညာ အလုပ်အပြင် ကိုယ်ပိုင်ဆိုင်လေးလည်း ဖွင့်ထားကာ မိဘကို ရှာဖွေကျွေးမွေး ပြုစုနေတဲ့ သမီး အလိမ္မာလေး ဖြစ်တာကြောင့် ပရိသတ်တွေကတော့ လေးစား ချစ်ခင်နေရတာပါ ။မိသားစုကိုလည်း အကောင်းမွန်ဆုံး ထားနိုင်အောင် အလုပ်တွေကြိုးစားသလို အလှူအတန်းဆိုလည်း လက်မနှေးခဲ့သူ တစ်ယောက်ပါ ။ ဒါ့အပြင် လတ်တလော နိုင်ငံအတွင်းမှာ ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ ပတ်သက်ပြီး ဘေဘီမောင်က ပြည်သူတွေနဲ့အတူ အပြည့်အဝ ရပ်တည်ခဲ့သူ တစ်ယောက်ပါ ။

မြန်မာပြည်ကြီး အမြန်ဆုံး အေးချမ်အောင်လည်း မြတ်စွာဘုရားထံတွင် မေတ္တာပို့ ဆုတောင်းမှုတွေ ကိုလည်း ပြုလုပ်လျက်ရှိပါတယ်။ ဒီရက်ပိုင်းမှာ ဆိုရင်လည်း တောက်လျှောက် တရားစခန်းဝင်ကာ ကောင်းမှု ကုသိုလ်တွေ များစွာ ပြုလုပ်နေတာ လည်းတွေ့ရပါတယ်။ ဒီနေ့မှာတော့ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ လူတိုင်းရဲ့ စိတ်အလိုကျအတိုင်း နေနိုင်ဖို့ မလွယ်ကြောင်းကို ရင်ဖွင့် ပြောကြားလာပါတယ်။ ” လူတွေ အလိုကျအတိုင်း လိုက်လုပ်မနေနဲ့၊ လမ်းပျောက်သွားလိမ့်မယ်။ လူတွေဝေဖန်တိုင်းလည်း လိုက်ခံစားမနေနဲ့၊ စိတ်ညစ်ရလိမ့်မယ်။ လူတွေကဲ့ရဲ့တိုင်းလည်း ဒေါသထွက်မနေနဲ့၊ စိတ်ပူလောင်ရလိမ့်မယ် လူတွေ အကောင်းမမြင်တိုင်းလည်း အားငယ် မနေပါနဲ့၊ စိတ်ဓာတ်ကျတတ်တယ်။

လူတွေမလိုအပ်ဘဲ ဘာမှ ပေးချင် မနေပါနဲ့၊ တန်ဖိုးကျတတ်တယ်။ လူတွေရဲ့အမှိုက် တစ်စလို စွန့်ပစ်ခံရလည်း အထီးကျန်တယ်လို့ တွေးမနေပါနဲ့၊ ဘဝအမှောင် ကျတတ်တယ်။ လူတိုင်းက မင်းနဲ့ အတွေး မတူနိုင်ဘူး၊ လူတိုင်းက မင်း စိတ်ချမ် းသာအောင် လုပ်ပေးနေမှာ မဟုတ်ဘူး၊ လူတိုင်းက မင်းကို ကိုယ်ချင်းစာပေးနေမှာ မဟုတ်ဘူး။ လူတိုင်းက မင်းကို စိတ်ဝင်စားနေကြမှာ မဟုတ်ဘူး။ လူတိုင်းကြိုက်အောင် မင်းနေနိုင်မှာ မဟုတ်ဘူး။ လူတိုင်းရဲ့ နှလုံးသားထဲမှာလည်း မင်း နေရာ မယူနိုင်ဘူး။ မင်းဘဝကို မင်းပိုင်တယ်၊ မင်း အတွေးတွေကို မင်းပဲ ထိန်းချုပ်ပါ၊ မင်း လျှောက်မယ့်လမ်းကို မင်းပဲ ရွေးချယ်ပါ။ မင်းကိုယ်မင်း ယုံကြည်မှု ရှိပါ။ မင်း စိတ်တွေ ပျော်အောင် လုပ်နိုင်တာ မင်းပဲ ရှိတယ်၊ ဒါကြောင့် မင်းအနာဂတ်ကို မင်းကိုယ်တိုင်ပဲ ပုံဖော်ထုဆစ်ပါ။” ဆိုတဲ့ အကြောင်းလေးပဲဖြစ်ရာ ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်။

Source & Photo Credit : Baby Maung Facebook Account

zawgyi

သ႐ုပ္ေဆာင္ ေဘဘီေမာင္ကေတာ့ ဆယ္စုႏွစ္ေက်ာ္ တိုင္ေအာင္ အႏုပညာေလာကမွာ ရပ္တည္ ေအာင္ျမင္ေနတဲ့ မင္းသမီးတစ္ေယာက္ပဲျဖစ္ပါတယ္။ အႏုပညာ အလုပ္အျပင္ ကိုယ္ပိုင္ဆိုင္ေလးလည္း ဖြင့္ထားကာ မိဘကို ရွာေဖြေကြၽးေမြး ျပဳစုေနတဲ့ သမီး အလိမၼာေလး ျဖစ္တာေၾကာင့္ ပရိသတ္ေတြကေတာ့ ေလးစား ခ်စ္ခင္ေနရတာပါ ။မိသားစုကိုလည္း အေကာင္းမြန္ဆုံး ထားႏိုင္ေအာင္ အလုပ္ေတြႀကိဳးစားသလို အလႉအတန္းဆိုလည္း လက္မေႏွးခဲ့သူ တစ္ေယာက္ပါ ။ ဒါ့အျပင္ လတ္တေလာ ႏိုင္ငံအတြင္းမွာ ျဖစ္ေပၚေနတဲ့ အေျခအေနေတြနဲ႔ ပတ္သက္ၿပီး ေဘဘီေမာင္က ျပည္သူေတြနဲ႔အတူ အျပည့္အဝ ရပ္တည္ခဲ့သူ တစ္ေယာက္ပါ ။

ျမန္မာျပည္ႀကီး အျမန္ဆုံး ေအးခ်မ္ေအာင္လည္း ျမတ္စြာဘုရားထံတြင္ ေမတၱာပို႔ ဆုေတာင္းမႈေတြ ကိုလည္း ျပဳလုပ္လ်က္ရွိပါတယ္။ ဒီရက္ပိုင္းမွာ ဆိုရင္လည္း ေတာက္ေလွ်ာက္ တရားစခန္းဝင္ကာ ေကာင္းမႈ ကုသိုလ္ေတြ မ်ားစြာ ျပဳလုပ္ေနတာ လည္းေတြ႕ရပါတယ္။ ဒီေန႔မွာေတာ့ သူမရဲ႕ လူမႈကြန္ယက္ စာမ်က္ႏွာကေန လူတိုင္းရဲ႕ စိတ္အလိုက်အတိုင္း ေနႏိုင္ဖို႔ မလြယ္ေၾကာင္းကို ရင္ဖြင့္ ေျပာၾကားလာပါတယ္။ ” လူေတြ အလိုက်အတိုင္း လိုက္လုပ္မေနနဲ႔၊ လမ္းေပ်ာက္သြားလိမ့္မယ္။ လူေတြေဝဖန္တိုင္းလည္း လိုက္ခံစားမေနနဲ႔၊ စိတ္ညစ္ရလိမ့္မယ္။ လူေတြကဲ့ရဲ႕တိုင္းလည္း ေဒါသထြက္မေနနဲ႔၊ စိတ္ပူေလာင္ရလိမ့္မယ္ လူေတြ အေကာင္းမျမင္တိုင္းလည္း အားငယ္ မေနပါနဲ႔၊ စိတ္ဓာတ္က်တတ္တယ္။

လူေတြမလိုအပ္ဘဲ ဘာမွ ေပးခ်င္ မေနပါနဲ႔၊ တန္ဖိုးက်တတ္တယ္။ လူေတြရဲ႕အမႈိက္ တစ္စလို စြန႔္ပစ္ခံရလည္း အထီးက်န္တယ္လို႔ ေတြးမေနပါနဲ႔၊ ဘဝအေမွာင္ က်တတ္တယ္။ လူတိုင္းက မင္းနဲ႔ အေတြး မတူႏိုင္ဘူး၊ လူတိုင္းက မင္း စိတ္ခ်မ္ းသာေအာင္ လုပ္ေပးေနမွာ မဟုတ္ဘူး၊ လူတိုင္းက မင္းကို ကိုယ္ခ်င္းစာေပးေနမွာ မဟုတ္ဘူး။ လူတိုင္းက မင္းကို စိတ္ဝင္စားေနၾကမွာ မဟုတ္ဘူး။ လူတိုင္းႀကိဳက္ေအာင္ မင္းေနႏိုင္မွာ မဟုတ္ဘူး။ လူတိုင္းရဲ႕ ႏွလုံးသားထဲမွာလည္း မင္း ေနရာ မယူႏိုင္ဘူး။ မင္းဘဝကို မင္းပိုင္တယ္၊ မင္း အေတြးေတြကို မင္းပဲ ထိန္းခ်ဳပ္ပါ၊ မင္း ေလွ်ာက္မယ့္လမ္းကို မင္းပဲ ေ႐ြးခ်ယ္ပါ။ မင္းကိုယ္မင္း ယုံၾကည္မႈ ရွိပါ။ မင္း စိတ္ေတြ ေပ်ာ္ေအာင္ လုပ္ႏိုင္တာ မင္းပဲ ရွိတယ္၊ ဒါေၾကာင့္ မင္းအနာဂတ္ကို မင္းကိုယ္တိုင္ပဲ ပုံေဖာ္ထုဆစ္ပါ။” ဆိုတဲ့ အေၾကာင္းေလးပဲျဖစ္ရာ ပရိသတ္ႀကီးအတြက္ ေဝမွ်ေပးလိုက္ပါတယ္။

Source & Photo Credit : Baby Maung Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *