လူတိုင်း ရဲ့ စိတ်အလိုကျ အတိုင်းလိုက်နေစရာမလိုပဲ မိမိဘဝကို ကိုယ်တိုင် ပုံဖော် ထုဆစ်ဖို့ ပြောပြ လာတဲ့ ဘေဘီမောင်

Posted on

သရုပ်ဆောင်တစ်ယောက်ဖြစ်တဲ့ ဘေဘီမောင် ကတော့ လပ်ရှိ အချိန်မှာ အေးချမ်းတဲ့တရားဓမ္မအလုပ်များ လုပ်ကိုင်ရင်း မြန်မာမြည်သူ ပြည်သားတွေကို ဆုတောင်းမေတ္တာပို့သလျက်ရှိပါတယ်။ရုပ်ရှင်နှင့်ဗီဒီယိုဇတ်ကားပေါင်းများစွာ ရိုက်ကူးထားလျက်ရှိပြီး

ပရိတ်သတ်တွေရဲ့ အားပေးမှူကို ရရှိထားခဲ့ပါတယ်။ ရိုးသားပွင်းလင်းပြီး လူတွေကိူ ကူညီတတ်တဲ့ စိတ်ထားလေးတွေကြောင့် သူမကို ပရိတ်သတ်တွေက အချစ်ပိုလျက်ရှိကြပါတယ်။

လတ်တစ်လောအချိန်မှာတော့ သူမအနေနဲ့ ကုသိုလ် ကောင်းမှုများပြုလုပ်လျက်ရှိပြီး မကြာခဏဆိုသလို သူမရဲ့ တစ်နေ့တာကုသိုလ်ကောင်းမှုလေးတွေကို ပရိတ်သတ်တွေကို ပြန်လည်မျှဝေပေးလေ့ရှိပါတယ်။

သူမ အနေနဲ့ ပရဟိတဒါနအလှူအဖြစ်လည်း ယခုကာလ မှာ စားဝတ်နေရေးခက်ခဲနေသူတွေကို ကူညီလှူဒါန်းလေ့ရှိပါတယ်။

ဒီနေ့မှာတော့ သူမရဲ့ လူမှုကွန်ယက် စာမျက်နှာကနေ လူတိုင်း ရဲ့ စိတ်အလို ကျအတိုင်း နေနိုင်ဖို့မလွယ်ကြောင်းကို ရင်ဖွင့် ပြောကြားလာပါတယ်။ ” လူတွေ အလိုကျအတိုင်း လိုက်လုပ်မနေနဲ့၊လမ်းပျောက်သွားလိမ့်မယ်။ လူတွေဝေဖန်တိုင်းလည်း လိုက်ခံစားမနေနဲ့၊

စိတ်ညစ်ရလိမ့်မယ်။ လူတွေကဲ့ရဲ့တိုင်းလည်း ဒေါသထွက်မနေနဲ့၊ စိတ်ပူလောင် ရလိမ့်မယ် လူတွေ အကောင်းမမြင်တိုင်းလည်း အားငယ်မနေပါနဲ့၊ စိတ်ဓာတ်ကျတတ်တယ်။ လူတွေမလိုအပ်ဘဲ ဘာမှ ပေးချင်မနေပါနဲ့၊ တန်ဖိုးကျတတ်တယ်။ လူတွေရဲ့အမှိုက်တစ်စလို

စွန့်ပစ်ခံရလည်း အထီးကျန်တယ်လို့ တွေးမနေပါနဲ့၊

ဘဝအမှောင် ကျတတ်တယ်။ လူတိုင်းက မင်းနဲ့ အတွေး မတူနိုင်ဘူး၊ လူတိုင်းက မင်း စိတ်ချမ်းသာအောင် လုပ်ပေးနေမှာ မဟုတ်ဘူး၊ လူတိုင်းက မင်းကို ကိုယ်ချင်းစာပေးနေမှာ မဟုတ်ဘူး။ လူတိုင်းက မင်းကိုစိတ်ဝင်စားနေကြမှာ မဟုတ်ဘူး။

လူတိုင်းကြိုက်အောင် မင်းနေနိုင်မှာ မဟုတ်ဘူး။ လူတိုင်းရဲ့ နှလုံးသားထဲမှာလည်း မင်း နေရာ မယူနိုင်ဘူး။

မင်းဘဝကို မင်းပိုင်တယ်၊ မင်း အတွေးတွေကို မင်းပဲ ထိန်းချုပ်ပါ၊ မင်း လျှောက်မယ့် လမ်းကို မင်းပဲ ရွေးချယ်ပါ။ မင်းကိုယ်မင်း ယုံကြည်မှု ရှိပါ။ မင်း စိတ်တွေ ပျော်အောင် လုပ်နိုင်တာ မင်းပဲ ရှိတယ်၊ ဒါကြောင့်

မင်းအနာဂတ်ကို မင်းကိုယ်တိုင်ပဲ ပုံဖော်ထုဆစ်ပါ။” ဆိုတဲ့ အကြောင်းလေးပဲ ဖြစ်ရာ ပရိသတ်ကြီးအတွက် ဝေမျှပေးလိုက်ပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *