လူစု လူဝေးချီ တက်ရာဖြစ်တဲ့ မြေနီကုန်း၊ လှည်းတန်း၊ ဆူးလေ စတဲ့ နေရာတွေ ကို အဖွဲ့ သုံးဖွဲ့ ခွဲပြီး ဆေးဝါး စောင့်ရှောက်မှုပေးကြတဲ့ ဝေဠုကျော် တို့အဖွဲ့

Posted on

ရုပ်ရှင်သရုပ်ဆောင်တစ်ယောက်အဖြစ် ဗီဒီယိုခေတ်ကတည်းက နာမည်ကြီးခဲ့တဲ့ ဝေဠုကျော်ဟာ ဆိုရင် အခုချိန်မှာတော့ ပရဟိတ အလုပ်တွေကို အချိန်ပေးပြီးဆောင်ရွက်နေတာဖြစ်ပါတယ်။ဝေဠုကျော်ဖောင်ဒေးရှင်းကလည်းတည်ထောင်စကတည်းကနေ အခုချိန်ထိ လူပေါင်း များစွာကို ကူညီစောင့်ရှောက်လာခဲ့ကြတာဖြစ်ပါတယ်နော်။ဝေဠုကျော်တို့ ပရဟိတအဖွဲ့ကတော့ နေရာပေါင်းစုံ ကိုသွားရောက်ပြီး လိုအပ်သမျှကို တတ်နိုင်သလောက် ဆောင်ရွက်ပေးကြတာဖြစ်ပါတယ်။ ဝေဠုကျော်တို့ အဖွဲ့သားတွေကို ပရိသတ်တွေကလည်း လေးစားကြပြီးအမြဲအားပေးနေကြတာဖြစ်ပါတယ်နော်။

ဝေဠုကျော်ဖော်ဒေးရှင်းက ကိုဗစ်စဖြစ်ချိန် မှာလည်း လူတန်းစားမရွေးကို တပြေးညီ စောင့်ရှောက်ပေးပြီး ကူညီခဲ့ကြတာဖြစ်ပါတယ်။အခုလက်ရှိမှာဆိုရင်လည်း ဝေဠုကျော်တို့အဖွဲ့သားတွေကတော့ ဖေဖော်ဝါရီလ(၁)ရက်နေ့ကတည်းက ဖြစ်ပျက်သွားတဲ့ အခြေအနေတွေကြောင့် အားကြိုးမာန်တက်လှုပ်ရှားနေကြတာဖြစ်ပါတယ်နော်။ဝေဠုကျော် ကိုယ်တိုင်ကလည်း အဖွဲ့သားတွေကို ရှေးဦးသူနာပြုစုနည်းတွေကို သေချာသင်ကြားပေးထားတာဖြစ်ပါတယ်။ အခုလိုအချိန်မျိုးမှာ ဝေဠုကျော်တို့က ပြည်သူလူထုရဲ့ကျန်းမာရေးကို တစ်ပိုင်တစ်နိုင်လေးစောင့်ရှောက်ပေးနေကြတာပါနော်။

လတ်တလောမှာ ဆိုရင် ဝေဠုကျော်တို့က ဆေးပစ္စည်းအစုံအလင်ကို Ambulanceကားပေါ်ကိုတင်ပြီး ပြည်သူလူထုချီတက်ရာ နေရာအနှံ့အပြားကို လူစုခွဲပြီးသွားကြတာဖြစ်ပါတယ်။ဖေဖော်ဝါရီလ(၂၆)ရက်၊မနေ့ကဆိုရင်တော့ ဝေဠုကျော်တို့က လူစုလူဝေးချီတက်ရာဖြစ်တဲ့ မြေနီကုန်း၊လှည်းတန်း၊ဆူးလေ စတဲ့နေရာတွေကို အဖွဲ့သုံးဖွဲ့ခွဲပြီး(Medical Cover) ဆေးဝါး စောင့်ရှောက်မှုတွေကို ဆောင်ရွက်ပေးခဲ့ကြတာဖြစ်ပါတယ်။ဝေဠုကျော်တို့ ပရဟိတအဖွဲ့သားတွေကလည်း လူသားချင်းစာနာထောက်ထားပြီး အပြည့်အဝကာကွယ်စောင့်ရှောက်ပေးနေကြတာဖြစ်လို့ သူတို့ရဲ့ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။

Source&Photo Credit:Wai Lu Kyaw Foundation’s Facebook page

Leave a Reply

Your email address will not be published. Required fields are marked *