လူငယ်တွေ နဲ့ အတူ လမ်းပေါ် ထွက်ကာ လူထု လှုပ်ရှားမှုမှာ တက်တက် ကြွကြွ ပါဝင် အားဖြည့်နေခဲ့တဲ့ မင်းသားကြီး ဦးဇင်ဝိုင်း

Posted on

လွန်ခဲ့တဲ့ နှစ်ပေါင်းများစွာကတည်းက အနုပညာ လမ်းကြောင်း ထက်မှာ ပရိသတ်အားပေးမှု့အခိုင်အမာနဲ့ ရပ်တည်အောင်မြင်နေတဲ့ မင်းသားကြီး ကတော့ ဦးဇင်ဝိုင်းပဲ ဖြစ်ပါတယ်။ ဦးဇင်ဝိုင်းက အနု၊ အကြမ်း ၊ အလွမ်း ၊ အဆွေး ကာရိုက်တာ ပေါင်းစုံကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်ခဲ့ သူဖြစ်လို့ အကယ်ဒမီဆုတွေ ကိုလည်း ထိုက်ထိုက်တန်တန်ရရှိထားတာဖြစ်ပါတယ်။ ယနေ့အချိန်ထိလည်း သူ ပါဝင်ရိုက်ကူးထားတဲ့ ဇာတ်ကားတွေက ပရိသတ်တွေ ရဲ့ အားပေးမှုကို ရရှိနေဆဲပါ။

ဒါ့အပြင် သူရဲ့ အနုပညာမျိုးဆက်ဖြစ်တဲ့ သားဖြစ်သူ မင်းမော်ကွန်း ကလည်း မြန်မာနိုင်ငံ ရဲ့ ဒိတ်ဒိတ်ကြဲ မင်းသားတစ်​ယောက်ဖြစ်လို့နေပါတယ်။ ဦးဇင်ဝိုင်းက အသက်အရွယ်တစ်ခုကို ရောက်ရှိနေပေမယ့်လည်း လူငယ်တွေနဲ့အပြိုင် စိတ်အားထက်သန်သူဖြစ်ပြီး လက်ရှိဖြစ်ပေါ်နေတဲ့ အခြေအနေတွေ မှာလည်း တစ်ထောင့် တစ်နေရာကနေ ပါဝင်လှုပ်ရှားနေတာကို တွေ့ရပါတယ်။ လှုပ်ရှားမှုပုံရိပ်လေးတွေကို လူမှုကွန်ယက် ဖေ့ဘွတ်စာမျက်နှာထက်မှာ ဝေမျှလေ့ရှိတာလည်း ဖြစ်ပါတယ်။

ဒီကနေ့ နံနက်အစောပိုင်း မှာလည်း ဦးဇင်ဝိုင်းက လူငယ်တွေနဲ့အတူ လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုမှာ တက်တက်ကြွကြွ ပါဝင်နေတဲ့ ပုံလေးတွေ ကို တင်ပေးလာခဲ့တာပါ။ ရန်ကုန်မြို့ရဲ့ စုရပ်နေရာတွေမှာ ပါဝင်အားဖြည့်ရင်း လှုပ်ရှားမှု ပြုလုပ်နေတဲ့ ဦးဇင်ဝိုင်းရဲ့ ပုံလေးတွေကို ချစ်ရတဲ့ ပရိသတ်တွေ ကြည့်ရှု့စေဖို့အတွက် ပြန်လည်တင်ဆက်ပေးလိုက်ပါတယ်။ အဆိုပါ ပုံလေးတွေကို ကြည့်ပြီး ပရိသတ်တွေ ကလည်း ဦးဇင်ဝိုင်းအတွက် ကောမန့်မှာ အားပေးစကားလေးတွေ ပြောပေးခဲ့ကြပါအုန်းနော်။

Photo credit – Htay Lwin’s Fb Account

zawgyi

လြန္ခဲ့တဲ့ ႏွစ္ေပါင္းမ်ားစြာကတည္းက အႏုပညာ လမ္းေၾကာင္း ထက္မွာ ပရိသတ္အားေပးမႈ႕အခိုင္အမာနဲ႔ ရပ္တည္ေအာင္ျမင္ေနတဲ့ မင္းသားႀကီး ကေတာ့ ဦးဇင္ဝိုင္းပဲ ျဖစ္ပါတယ္။ ဦးဇင္ဝိုင္းက အႏု၊ အၾကမ္း ၊ အလြမ္း ၊ အေဆြး ကာ႐ိုက္တာ ေပါင္းစုံကို ပီပီျပင္ျပင္ သ႐ုပ္ေဆာင္ႏိုင္ခဲ့ သူျဖစ္လို႔ အကယ္ဒမီဆုေတြ ကိုလည္း ထိုက္ထိုက္တန္တန္ရရွိထားတာျဖစ္ပါတယ္။ ယေန႔အခ်ိန္ထိလည္း သူ ပါဝင္႐ိုက္ကူးထားတဲ့ ဇာတ္ကားေတြက ပရိသတ္ေတြ ရဲ႕ အားေပးမႈကို ရရွိေနဆဲပါ။

ဒါ့အျပင္ သူရဲ႕ အႏုပညာမ်ိဳးဆက္ျဖစ္တဲ့ သားျဖစ္သူ မင္းေမာ္ကြန္း ကလည္း ျမန္မာႏိုင္ငံ ရဲ႕ ဒိတ္ဒိတ္ႀကဲ မင္းသားတစ္​ေယာက္ျဖစ္လို႔ေနပါတယ္။ ဦးဇင္ဝိုင္းက အသက္အ႐ြယ္တစ္ခုကို ေရာက္ရွိေနေပမယ့္လည္း လူငယ္ေတြနဲ႔အၿပိဳင္ စိတ္အားထက္သန္သူျဖစ္ၿပီး လက္ရွိျဖစ္ေပၚေနတဲ့ အေျခအေနေတြ မွာလည္း တစ္ေထာင့္ တစ္ေနရာကေန ပါဝင္လႈပ္ရွားေနတာကို ေတြ႕ရပါတယ္။ လႈပ္ရွားမႈပုံရိပ္ေလးေတြကို လူမႈကြန္ယက္ ေဖ့ဘြတ္စာမ်က္ႏွာထက္မွာ ေဝမွ်ေလ့ရွိတာလည္း ျဖစ္ပါတယ္။

ဒီကေန႔ နံနက္အေစာပိုင္း မွာလည္း ဦးဇင္ဝိုင္းက လူငယ္ေတြနဲ႔အတူ လမ္းေပၚထြက္ကာ လူထုလႈပ္ရွားမႈမွာ တက္တက္ႂကြႂကြ ပါဝင္ေနတဲ့ ပုံေလးေတြ ကို တင္ေပးလာခဲ့တာပါ။ ရန္ကုန္ၿမိဳ႕ရဲ႕ စုရပ္ေနရာေတြမွာ ပါဝင္အားျဖည့္ရင္း လႈပ္ရွားမႈ ျပဳလုပ္ေနတဲ့ ဦးဇင္ဝိုင္းရဲ႕ ပုံေလးေတြကို ခ်စ္ရတဲ့ ပရိသတ္ေတြ ၾကည့္ရႈ႕ေစဖို႔အတြက္ ျပန္လည္တင္ဆက္ေပးလိုက္ပါတယ္။ အဆိုပါ ပုံေလးေတြကို ၾကည့္ၿပီး ပရိသတ္ေတြ ကလည္း ဦးဇင္ဝိုင္းအတြက္ ေကာမန္႔မွာ အားေပးစကားေလးေတြ ေျပာေပးခဲ့ၾကပါအုန္းေနာ္။

Photo credit – Htay Lwin’s Fb Account

Leave a Reply

Your email address will not be published. Required fields are marked *