လူချမ်းသာ ဖြစ်စေမယ့် နည်း ဗျူဟာ (၇)ခု (မျှ‌ေ၀ပေးပါအုံး …)

Posted on

လူချမ်းသာတစ်ယောက် ဖြစ်လာဖို့ ချမ်းသာ တဲ့ မိသားစုမှ မွေးဖွားလာဖို့မလိုပါဘူး။ အောင်မြင်တဲ့ ပုဂ္ဂိုလ်အားလုံးက ကိုယ့်ထူးကိုယ်ချွန်ပြီး ကြိုးစားခဲ့ကြရတဲ့ လူတွေပါပဲ။ သူတို့အနေနဲ့ ဒီလိုချမ်းသာအောင် ဘယ်လိုမျိုး စွမ်းဆောင်ခဲ့တာလဲဆိုတာကို ဖော်ပြပေး မှာ ဖြစ်ပါတယ်။

(၁) ဘာဖြစ်ချင်လဲဆိုတာကို သိထားရမယ် – သင်အလုပ်တွေဘယ်လောက်ပဲ ကြိုးစားလုပ်လုပ် ဒီအလုပ်ကို ဘာအတွက် လုပ်နေလဲဆိုတာကို သင့်ခေါင်းထဲမှာ ရှင်းလင်းဖို့ လိုပါတယ်။ ဒါမှ နောက်တစ်ဆင့်ကို တက်လမ်းဖို့အတွက် အဆင်သင့် ဖြစ်နေမှာဖြစ်ပြီး သင့်ရဲ့ရည်မှန်းချက်ကိုလည်း မြန်မြန်ဆန်ဆန် ရောက်စေမှာပါ။ အလုပ်ကရတဲ့ ပိုက်ဆံတွေကို ဘယ်လိုအကျိုးရှိစွာသုံးရမလဲ။ ဘယ်လိုစီမံခန့်ခွဲမလဲ။ ဘယ်လိုနည်းနဲ့ တစ်ခြားနေရာတွေမှာ ရင်းနှီးမြုပ်နှံမလဲ? ဆိုတာတွေကို သင့်ခေါင်းထဲမှာ အမြဲတွေးနေရမည့် အချက်တွေပဲ ဖြစ်ပါတယ်။ သင့်ရဲ့အလုပ်အကိုင်နဲ့ ဝင်ငွေကို မှန်မှန်ကန်ကန် စီမံခန့်ခွဲနိုင်ခြင်းက ချမ်းသာတဲ့ လမ်းကြောင်းပေါ် ရောက်ရှိသွားစေမှာပါ။

(၂) ဖြတ်လမ်းနည်းမသုံးပါနဲ့ – သင့်ရဲ့ဝင်ငွေဟာ ဘယ်လောက်ပဲနည်းနေတယ် ဆိုပေမယ့် သင့်ဝင်ငွေတွေ ပိုများလာစေဖို့ ဖြတ်လမ်းနည်းဖြင့် မဆုံးဖြတ်ပါနဲ့။ လက်ရှိ အလုပ်ကို ကြိုးစားရင်း ဝင်ငွေတိုးအောင်လုပ်သင့်သလို ကိုယ်ကျွမ်းကျင်တဲ့ အချို့အလုပ်တွေကို အစပျိုးပြီး လုပ်ကြည့်တာမျိုးက ပိုပြီးတော့ကောင်းမွန်ပါတယ်။ (၃) စွန့်စားမဲ့ အခြေအနေကိုသတိထားပါ – ဘဝတစ်ခုလုံးပြောင်းလဲဖို့ အရေးကြီးတဲ့ ဆုံးဖြတ်ချက်ချဖို့ လိုပါတယ်။ ကိုယ့်အတွက်အန္တရာယ်ကင်းပြီး ဝင်ငွေတိုးနိုင်မဲ့ နည်းလမ်းတွေကို ရှာဖွေတာက ပိုပြီးတော့ ကောင်းပါတယ်။

(၄) မတူညီတဲ့ အမြင်တွေကနေ စဉ်းစားပါ – သူများတွေ ထက်ပိုပြီး အောင်မြင်ချင်တယ်ဆိုရင် တစ်ခြားသူတွေနဲ့ မတူတဲ့အမြင်၊ အတွေးအခေါ်မျိုး တွေးနိုင်ဖို့ ကြိုးစားရမှာဖြစ်ပြီး လူတွေရဲ့ စိတ်ကိုနားလည်နိုင်ဖို့လည်း လိုပါတယ်။ ဒါမှ တစ်ခြား လူတွေနဲ့ကွဲပြားတဲ့ အလုပ်တွေကို တီထွင်လုပ်ကိုင်နိုင်ပြီး သင့်ဘဝတက်လမ်းအတွက် အကျိုးရှိလာမှာပါ။ (၅) ပိုက်ဆံရဲ့တန်ဖိုးကိုနားလည်ပါ – ပိုက်ဆံများများရှာနိုင်တဲ့အချိန်မှာ ပိုက်ဆံတန်ဖိုးကို နားလည် ဖို့လိုပါတယ်။ ဒီလိုမှမဟုတ်ဘဲ ကိုယ်ရနေတဲ့ဝင်ငွေ အားလုံးကို ပြန်သုံးပစ်တာနဲ့ ကုန်သွားရင် သင့်အတွက် ဘာအခွင့်အရေးမှရှိတော့မှာ မဟုတ်ပါဘူး။ သင့်ရဲ့ဝင်ငွေထဲက ပမာနတစ်ချို့ကို စုဆောင်းထားပြီး သင့်ရဲ့အရေးပေါ်အခြေအနေ (သို့) အနာဂါတ်ရင်းနှီးမြုပ်နှံမှုတွေအတွက် အသုံးဝင်ပါလိမ့်မယ်။

(၆) သင့်ကိုယ်သင် ဆင်ခြေမပေးပါနဲ့ – ပုံမှန်ဝင်ငွေတွေကို စုဆောင်းနေတာကနေ အကြောင်းပြချက်တစ်ခုခုနဲ့ ရပ်လိုက်တာမျိုး မလုပ်မိပါစေနဲ့။ ဒီလတော့ ပင်ပန်းလို့ ပိုသုံးလိုက်မယ်။ အဝတ်အစားနဲနဲ ပိုဝယ်လိုက်မယ်စတဲ့ သင့်ကို အကျင့်ဖြစ်သွားစေပြီး အချိန်ကြာလာသည်နှင့် အမျှသင့်ရဲ့စုဆောင်းလိုစိတ်တွေ ပျောက်သွားမှာဖြစ်တယ်။ (၇) အမှားလုပ်မိမှာ မကြောက်ပါနဲ့ – အပြောင်းအလဲတစ်ခုခုလုပ်ဖို့ ကြိုးစားတိုင်း မှားသွားမလားဆိုတဲ့ အတွေးမျိုး ခံစားနေရတယ် ဆိုရင် ပြောင်းလဲပစ်ဖို့ အမြန်ဆုံး ကြိုးစားရမှာပါ။ အလုပ်လုပ်နေသရွေ့ မှားယွင်းမှုကို ရင်ဆိုင်ရမှာဖြစ်ပြီး သင်ခန်းစာယူဖို့ အကောင်းဆုံးနည်းလမ်းဖြစ်ပါတယ်။ သင့်ရဲ့အမှားတွေကနေတစ်ဆင့်ပြန်ပြီး သင်ခန်းစာ ယူနိုင်သလို ကိုယ့်ပတ်ဝန်းကျင်ကနေ လူတွေရဲ့ကြုံတွေ့နေရတဲ့ အမှားတွေကနေတစ်ဆင့် သင်ခန်းစာယူဖို့ကြိုးစားပါ။

Credit: Original Writer
Sharing By: #Go_for_Goal

zawgyi

လူခ်မ္းသာတစ္ေယာက္ ျဖစ္လာဖို႔ ခ်မ္းသာ တဲ့ မိသားစုမွ ေမြးဖြားလာဖို႔မလိုပါဘူး။ ေအာင္ျမင္တဲ့ ပုဂၢိဳလ္အားလုံးက ကိုယ့္ထူးကိုယ္ခြၽန္ၿပီး ႀကိဳးစားခဲ့ၾကရတဲ့ လူေတြပါပဲ။ သူတို႔အေနနဲ႔ ဒီလိုခ်မ္းသာေအာင္ ဘယ္လိုမ်ိဳး စြမ္းေဆာင္ခဲ့တာလဲဆိုတာကို ေဖာ္ျပေပး မွာ ျဖစ္ပါတယ္။

(၁) ဘာျဖစ္ခ်င္လဲဆိုတာကို သိထားရမယ္ – သင္အလုပ္ေတြဘယ္ေလာက္ပဲ ႀကိဳးစားလုပ္လုပ္ ဒီအလုပ္ကို ဘာအတြက္ လုပ္ေနလဲဆိုတာကို သင့္ေခါင္းထဲမွာ ရွင္းလင္းဖို႔ လိုပါတယ္။ ဒါမွ ေနာက္တစ္ဆင့္ကို တက္လမ္းဖို႔အတြက္ အဆင္သင့္ ျဖစ္ေနမွာျဖစ္ၿပီး သင့္ရဲ႕ရည္မွန္းခ်က္ကိုလည္း ျမန္ျမန္ဆန္ဆန္ ေရာက္ေစမွာပါ။ အလုပ္ကရတဲ့ ပိုက္ဆံေတြကို ဘယ္လိုအက်ိဳးရွိစြာသုံးရမလဲ။ ဘယ္လိုစီမံခန္႔ခြဲမလဲ။ ဘယ္လိုနည္းနဲ႔ တစ္ျခားေနရာေတြမွာ ရင္းႏွီးျမဳပ္ႏွံမလဲ? ဆိုတာေတြကို သင့္ေခါင္းထဲမွာ အၿမဲေတြးေနရမည့္ အခ်က္ေတြပဲ ျဖစ္ပါတယ္။ သင့္ရဲ႕အလုပ္အကိုင္နဲ႔ ဝင္ေငြကို မွန္မွန္ကန္ကန္ စီမံခန္႔ခြဲႏိုင္ျခင္းက ခ်မ္းသာတဲ့ လမ္းေၾကာင္းေပၚ ေရာက္ရွိသြားေစမွာပါ။

(၂) ျဖတ္လမ္းနည္းမသုံးပါနဲ႔ – သင့္ရဲ႕ဝင္ေငြဟာ ဘယ္ေလာက္ပဲနည္းေနတယ္ ဆိုေပမယ့္ သင့္ဝင္ေငြေတြ ပိုမ်ားလာေစဖို႔ ျဖတ္လမ္းနည္းျဖင့္ မဆုံးျဖတ္ပါနဲ႔။ လက္ရွိ အလုပ္ကို ႀကိဳးစားရင္း ဝင္ေငြတိုးေအာင္လုပ္သင့္သလို ကိုယ္ကြၽမ္းက်င္တဲ့ အခ်ိဳ႕အလုပ္ေတြကို အစပ်ိဳးၿပီး လုပ္ၾကည့္တာမ်ိဳးက ပိုၿပီးေတာ့ေကာင္းမြန္ပါတယ္။ (၃) စြန္႔စားမဲ့ အေျခအေနကိုသတိထားပါ – ဘဝတစ္ခုလုံးေျပာင္းလဲဖို႔ အေရးႀကီးတဲ့ ဆုံးျဖတ္ခ်က္ခ်ဖို႔ လိုပါတယ္။ ကိုယ့္အတြက္အႏၲရာယ္ကင္းၿပီး ဝင္ေငြတိုးႏိုင္မဲ့ နည္းလမ္းေတြကို ရွာေဖြတာက ပိုၿပီးေတာ့ ေကာင္းပါတယ္။

(၄) မတူညီတဲ့ အျမင္ေတြကေန စဥ္းစားပါ – သူမ်ားေတြ ထက္ပိုၿပီး ေအာင္ျမင္ခ်င္တယ္ဆိုရင္ တစ္ျခားသူေတြနဲ႔ မတူတဲ့အျမင္၊ အေတြးအေခၚမ်ိဳး ေတြးႏိုင္ဖို႔ ႀကိဳးစားရမွာျဖစ္ၿပီး လူေတြရဲ႕ စိတ္ကိုနားလည္ႏိုင္ဖို႔လည္း လိုပါတယ္။ ဒါမွ တစ္ျခား လူေတြနဲ႔ကြဲျပားတဲ့ အလုပ္ေတြကို တီထြင္လုပ္ကိုင္ႏိုင္ၿပီး သင့္ဘဝတက္လမ္းအတြက္ အက်ိဳးရွိလာမွာပါ။ (၅) ပိုက္ဆံရဲ႕တန္ဖိုးကိုနားလည္ပါ – ပိုက္ဆံမ်ားမ်ားရွာႏိုင္တဲ့အခ်ိန္မွာ ပိုက္ဆံတန္ဖိုးကို နားလည္ ဖို႔လိုပါတယ္။ ဒီလိုမွမဟုတ္ဘဲ ကိုယ္ရေနတဲ့ဝင္ေငြ အားလုံးကို ျပန္သုံးပစ္တာနဲ႔ ကုန္သြားရင္ သင့္အတြက္ ဘာအခြင့္အေရးမွရွိေတာ့မွာ မဟုတ္ပါဘူး။ သင့္ရဲ႕ဝင္ေငြထဲက ပမာနတစ္ခ်ိဳ႕ကို စုေဆာင္းထားၿပီး သင့္ရဲ႕အေရးေပၚအေျခအေန (သို႔) အနာဂါတ္ရင္းႏွီးျမဳပ္ႏွံမႈေတြအတြက္ အသုံးဝင္ပါလိမ့္မယ္။

(၆) သင့္ကိုယ္သင္ ဆင္ေျခမေပးပါနဲ႔ – ပုံမွန္ဝင္ေငြေတြကို စုေဆာင္းေနတာကေန အေၾကာင္းျပခ်က္တစ္ခုခုနဲ႔ ရပ္လိုက္တာမ်ိဳး မလုပ္မိပါေစနဲ႔။ ဒီလေတာ့ ပင္ပန္းလို႔ ပိုသုံးလိုက္မယ္။ အဝတ္အစားနဲနဲ ပိုဝယ္လိုက္မယ္စတဲ့ သင့္ကို အက်င့္ျဖစ္သြားေစၿပီး အခ်ိန္ၾကာလာသည္ႏွင့္ အမွ်သင့္ရဲ႕စုေဆာင္းလိုစိတ္ေတြ ေပ်ာက္သြားမွာျဖစ္တယ္။ (၇) အမွားလုပ္မိမွာ မေၾကာက္ပါနဲ႔ – အေျပာင္းအလဲတစ္ခုခုလုပ္ဖို႔ ႀကိဳးစားတိုင္း မွားသြားမလားဆိုတဲ့ အေတြးမ်ိဳး ခံစားေနရတယ္ ဆိုရင္ ေျပာင္းလဲပစ္ဖို႔ အျမန္ဆုံး ႀကိဳးစားရမွာပါ။ အလုပ္လုပ္ေနသေ႐ြ႕ မွားယြင္းမႈကို ရင္ဆိုင္ရမွာျဖစ္ၿပီး သင္ခန္းစာယူဖို႔ အေကာင္းဆုံးနည္းလမ္းျဖစ္ပါတယ္။ သင့္ရဲ႕အမွားေတြကေနတစ္ဆင့္ျပန္ၿပီး သင္ခန္းစာ ယူႏိုင္သလို ကိုယ့္ပတ္ဝန္းက်င္ကေန လူေတြရဲ႕ႀကဳံေတြ႕ေနရတဲ့ အမွားေတြကေနတစ္ဆင့္ သင္ခန္းစာယူဖို႔ႀကိဳးစားပါ။

Credit: Original Writer
Sharing By: #Go_for_Goal

Leave a Reply

Your email address will not be published. Required fields are marked *