မော်ဒယ်၊သရုပ်ဆောင် တစ်ဦးဖြစ်တဲ့ စူးရှထက်ကတော့ ဆွဲဆောင်မှု ရှိတဲ့ အမိုက်စားပုံရိပ်တွေနဲ့ ပုရိသတွေကြားမှာ ရေပန်းစားအောင်မြင်လာခဲ့တာ ဖြစ်ပါတယ်။ စူးရှထက်က ကိုယ်လုံးကိုယ်ပေါက်လှပပြီး ခန္ဓာကိုယ်အချိုးအစားပြေပြစ်တာကြောင့် စွဲမက်ဖွယ် ကောင်းအောင် လှနေတာပဲ ဖြစ်ပါတယ်။ စူးရှထက်က Photo Shooting နဲ့ ကြော်ငြာ တွေရိုက်ကူးခဲ့သလို သီချင်း ဗီဒီယိုလေးတွေမှာလည်း ပါဝင် သရုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။
လက်ရှိမှာတော့ စူးရှထက် က အနုပညာ အလုပ်တွေထက် စီးပွားရေးလုပ်ငန်း ကိုသာ ပိုမိုဦးစားပေးလုပ်ကိုင်နေတာ ဖြစ်ပါတယ်။ စူးရှထက်ကကိုယ်ပိုင်ဖက်ရှင်ဆိုင်လေးတစ်ဆိုင် ဖွင့်လှစ်ထားပြီး သူမကိုယ်တိုင်ရောင်းချနေတာပဲ ဖြစ်ပါတယ်။ အခု တော့ စူးရှထက်က သူမကိုလွမ်းနေမယ့် ချစ်ပရိသတ်တွေအတွက် ဆိုင်မှာထိုင်ရင်း Tik Tok ကစား ထားတဲ့ ဗီဒီယိုဖိုင်လေးတွေ ကို အလွမ်းပြေမျှဝေပေးထားတာ ဖြစ်ပါတယ်။
စူးရှထက်က လတ်တလောမှာ လူကြိုက်များ ရေပန်းစားနေတဲ့ သီချင်းလေးတွေ နဲ့ အပီအပြင် Tik Tok ကစားထားတာပဲ ဖြစ်ပါတယ်။ အသည်းယားစရာကောင်းတဲ့ အိုက်တင်လေးတွေလုပ်ပြနေတဲ့ စူးရှထက်က သီချင်းတီးလုံးလေးအတိုင်းစီးမြောရင်း ကနေတာလည်း ဖြစ်ပါတယ်။ ကဲ ချစ်ပရိသတ်တွေအတွက် မော်ဒယ် ၊သရုပ်ဆောင် စူးရှထက်ရဲ့အမိုက်စား Tik Tok ဗီဒီယိုလေးတွေကို ပြန်လည်မျှဝေပေး လိုက်ပါတယ်နော်။
Source & Video Credit-Zar Chi’s FB Acc