လုံးဝ သွေးအေး မသွားဘဲ ခိုင်မာပြတ်သား တဲ့သူ ရဲ့ ခံယူချက်ကို ယုံယုံ ကြည်ကြည် နဲ့ ရဲရဲဝံ့ဝံ့ ပြောပြ လာတဲ့ မိတ်ကပ်မေဦး

Posted on

ပရိတ်သတ်ကြီးရေ….

မိတ်ကပ်လောကမှာ နာမည်ကြီးအလှဖန်တီးရှင်တစ်ယောက် ဖြစ်တဲ့ မိတ်ကပ် မေဦးဟာဆိုရင် ပရိတ်သတ်တွေရဲ့ချစ်ခင်အားပေးမှုကို တစ်ခဲနက်အခိုင်အမာရရှိထားတာပဲဖြစ်ပါတယ်နော်။

မေဦးဟာဆိုရင် အခုလက်ရှ်ဖြစ်ပေါ်နေတဲ့အခြေအနေ မှာဆို ရင် လည်းပြည်သူလူထု နဲ့ တစ်သားတည်းရပ်တည်ပြီး နွေဦးတော်လှန်ရေးတိုက်ပွဲကြီးမှာ အစွမ်းကုန် ပါဝင်နေတာပဲဖြစ်ပါတယ်နော်..

မဦးက ဖေဖော်ဝါရီလ အစပိုင်းကတည်းကနေ စတင်ခဲ့တဲ့ အခြေအနေတွေမှာ ပြည်သူလူထု နဲ့အတူ လူထုလှုပ်ရှားကို အင်တိုက်အားတိုက်အစွမ်းကုန် ပြုလုပ်နေတဲ့မေဦးက ၅၀၅-က ဖြင့် အရေးယူခြင်းခံရတဲ့ အနုပညာရှင်များထဲမှာ မေဦး လည်း ပါဝင်လာပါ တယ်..။

မေဦးကတော့ ၅၀၅-က ဖြင့် အရေးယူခြင်း ခံထားရပေမယ့်လည်း လက်ရှိ အချိန်တွေမှာ လုပ်ဆောင်နေတဲ့ အရာတွေနဲ့ပတ်သက်ပြီး သွေးမအေးသွားဘဲ ခိုင်မာပြတ်သားတဲ့ သူ့ရဲ့ခံယူချက်နဲ့ ယုံကြည်မှုတွေကို ရဲရဲဝင့်ဝင့်ပြောပြလာပါတယ်..။

တစ်သက်လုံးမှန်တာပဲပြောပြီး မဟုတ်တာ မလုပ်ခဲ့တဲ့အပြင် အမှန်တရားကို မြတ်နိုးသူဖြစ်သလို အကြောက်တရားကိုဖယ်ရှားပြီးဓမ္မအတွက် ရှေ့ဆက်ရင်ဆိုင်သွားကြဖို့ကိုလည်း မေဦးကတိုက်တွန်း ပြောပြထားတာ ဖြစ်ပါတယ်..။

ကျွန်တော့်တစ်သက်လုံး မှန်တာပဲပြောတယ် မဟုတ် တာလည်း ဘယ်တော့မှ မလုပ်ခဲ့တဲ့ အတွက်ဘယ်အရာကိုမှမကြောက်ဘူး

ဒါကြောင့် အမှန်တရားကိုမြတ်နိုးသူများ အကြောက်တရားကိုဖယ်ရှားပြီး ဓမ္မအတွက်ဆက်ပြီးတော်လှန်ကြပါအာဏာရှင်စနစ် ကိုအမြစ်ပြုတ် ဖို့ အားလုံးဝိုင်းဝန်းပြီးပါဝင်ကူညီပေးကြပါ..” ဆိုပြီး မေဦးက ရေးသားပြောပြထားတာပါ..။

အမှန်တရားနဲ့ ယုံကြည်ချက်တွေအတွက် ရဲရဲဝင့် ဝင့် ရပ်တည် ရင်ဆိုင်နေတဲ့ မေဦးရဲ့ပြတ်သားတဲ့ စိတ်သဘောထားတွေကို ပရိသတ်တွေကလည်း လေးစားချီးကျူးရင်းအားပေးစကား တွေ လည်း ပြောထားကြတာ တွေ့ရပါတယ်..။

ဖတ်ရှုပေးးတဲ့ပရိတ်သတ်ကြီးကို အထူးပဲကျေးဇူးတင်ရှိပါတယ်နော်..။

crd

Leave a Reply

Your email address will not be published. Required fields are marked *