လုံးကြီးပေါက်လှ နဲ့ လှပြီးသား ခန္ဓာကိုယ်လေး ရှိပြီးတာ တောင် အားကစား တွေ ထပ်လုပ်ရခြင်း အကြောင်းအရင်း ကို ပြောပြလာတဲ့ မအေးသောင်း

Posted on

မြန်မာဆန်တဲ့ ကျက်သရေရှိရှိအလှတရားကို ပိုင်ဆိုင် ထားတယ်လို့ ပရိသတ်တွေ အားလုံးက လက်ခံထားကြတဲ့ မင်းသမီးချောလေး မအေးသောင်းကတော့ ကျရာဇာတ်ရုပ်ကို ပီပီပြင်ပြင် သရုပ်ဆောင်နိုင်လွန်းလို့ အောင်မြင်မှုတွေများစွာ ရရှိနေတာပဲ ဖြစ်ပါတယ်။ လတ်တလောမှာတော့ မအေးသောင်းက ရုပ်ရှင်ရိုက်ကူးခြင်းတွေအားလုံးကို ရပ်နားထားပြီး ပေါ့ပေါးပါးပါး ကြော်ငြာရိုက်ကူးခြင်းတွေနဲ့ အွန်လိုင်း Live Sale အချို့ကိုသာ လုပ်ကိုင်နေတာပဲ ဖြစ်ပါတယ်။ အားတဲ့အချိန်မှာ အားကစားလိုက်စားတဲ့ မအေးသောင်းက ဒီကနေ့မှာတော့ သူမရဲ့ အားကစားလုပ်ရခြင်းရည်ရွယ်ချက်ကို အခုလိုပဲ ပြောပြလာပါတယ်။

“ငယ်ငယ်တုန်းဆို ဝ တယ်ဆိုတာဘာလဲကိုမသိတာ ၁၆ ကနေ ၂၂ လောက်ထိက ပိန်ဖို့ကိုခေါင်းထဲမရှိဖူးဘူး။ ဒါပေမဲ့ ၂၄ မှာ ဝိတ်မတက်ဖို့တော့ စသိလာပြီ။ မိန်းကလေးတစ်ယောက်က အသက် ၂၄ မှာစပြီးအဆီတက်လာတာ တဲ့။ ၃၀ ကျော်ရင်ပိုတက်မြန်သလို ၃၅ ကျော်ရင် လေရှူတောင် တက်ပါတယ် တဲ့။ ကိုယ့်ရှေ့က စီနီယာရဲ့ ပြောသံတွေကြောင့်အမြဲ နားရည်ဝနေတာ။ ဝတဲ့အကြောင်းတွေကတော့အများကြီးပါပဲ။ ကိုယ်ကြိုက်တဲ့အစားအသောက်တွေ အလုပ်အကိုင်တွေလည်းပါတယ်။ ဥပမာ- တနေကုန်ထိုင်ပြီးအလုပ်လုပ်ရတဲ့သူလား။ အပြင်ထွက်လုပ်ရတဲ့သူလား။နောက်တော့မျိုရိုးဗီဇပေါ့။ “

“ငယ်တဲ့သူတွေလှတာတွေ့ရင် ကိုယ့်အတွက်တော့တကယ်မထူးဆန်းဘူး။ ငယ်ဂုဏ်ကြောင့် ဘယ်လိုနေနေလှတယ်။ ငယ်တုန်းဝရင် ပြည့်ပြည့်လေးနဲ့ စက်စီတောင်ကျသေး။ ကြီးလို့ဝလာရင်အဆီတုံးကမလိုတဲ့နေရာတွေမှာ အတစ်လိုက်တွေထွက်နေတာ။ ဒါကြောင့်အသက်ကြီးပြီးလှတာတွေ့ရင်ပိုအားကျတယ်။ ပို သဘောကျတယ်။ appreciate လည်းလုပ်တယ်။ အထူးသဖြင့် ၃၀ ကျော်မှာ လှနေသေးရင် အဲ့ဒီ့ အမျိုးသမီးကတသက်လုံးလှနေမဲ့သူလို့ အကြမ်းဖျင်းပြောလို့ရပါတယ်။ ကိုယ့်တစ်ယောက်ထဲအကြိုက်ပေါ့နော်။ အမြင်တူချင်မှတူမှာပါ။ အဲ့ဒါကတော့ အစားလျော့ပြီးပိန်တာ ကြိုက်ပေမဲ့ အသားပျော့ပြီးလျော့တိလျော့တွဲဖြစ်နေတာတွေမကြိုက်လို့Gym ဆော့တာပါ။ အစားလည်းထိန်းမယ် သေချာလည်းဆော့မယ်။ ပိုပြီးကျန်းမာသန်စွမ်းတဲ့အမျိုးသမီးတစ်ယောက်ဖြစ်ချင်ပါတယ်နော်။ ဆက်လက်ကြိုးစားပါဦးမည်။ Gym ဆော့တာ ၃ ပါတ်မြောက် အဆီလေးတွေကျော်ကြည့်ပေးပါ 😜😜😜🥰🥰🥰” ဆိုပြီး ပြောလာတာပဲ ဖြစ်ပါတယ်။

မအေးသောင်းကတော့ အသက် (၃၅) နှစ်ကျော်နေပြီဆိုပေမယ့် လှပ ကျစ်လျစ် နေဆဲ ခန္ဓာကိုယ်လေးကို ပိုင်ဆိုင်ထားတာ အားကျစရာပါပဲ။ ဖတ်ရှုပေးကြတဲ့ ပရိသတ်ကြီးအားလုံးလည်း သာယာပျော်ရွှင်တဲ့ နေ့လေးတစ်နေ့ကို ပိုင်ဆိုင်နိုင်ကြပါစေလို့ဆုတောင်းပေးလိုက်ပါတယ်။

crd

zawgyi

ျမန္မာဆန္တဲ့ က်က္သေရရွိရွိအလွတရားကို ပိုင္ဆိုင္ ထားတယ္လို႔ ပရိသတ္ေတြ အားလုံးက လက္ခံထားၾကတဲ့ မင္းသမီးေခ်ာေလး မေအးေသာင္းကေတာ့ က်ရာဇာတ္႐ုပ္ကို ပီပီျပင္ျပင္ သ႐ုပ္ေဆာင္ႏိုင္လြန္းလို႔ ေအာင္ျမင္မႈေတြမ်ားစြာ ရရွိေနတာပဲ ျဖစ္ပါတယ္။ လတ္တေလာမွာေတာ့ မေအးေသာင္းက ႐ုပ္ရွင္႐ိုက္ကူးျခင္းေတြအားလုံးကို ရပ္နားထားၿပီး ေပါ့ေပါးပါးပါး ေၾကာ္ျငာ႐ိုက္ကူးျခင္းေတြနဲ႔ အြန္လိုင္း Live Sale အခ်ိဳ႕ကိုသာ လုပ္ကိုင္ေနတာပဲ ျဖစ္ပါတယ္။ အားတဲ့အခ်ိန္မွာ အားကစားလိုက္စားတဲ့ မေအးေသာင္းက ဒီကေန႔မွာေတာ့ သူမရဲ႕ အားကစားလုပ္ရျခင္းရည္႐ြယ္ခ်က္ကို အခုလိုပဲ ေျပာျပလာပါတယ္။

“ငယ္ငယ္တုန္းဆို ဝ တယ္ဆိုတာဘာလဲကိုမသိတာ ၁၆ ကေန ၂၂ ေလာက္ထိက ပိန္ဖို႔ကိုေခါင္းထဲမရွိဖူးဘူး။ ဒါေပမဲ့ ၂၄ မွာ ဝိတ္မတက္ဖို႔ေတာ့ စသိလာၿပီ။ မိန္းကေလးတစ္ေယာက္က အသက္ ၂၄ မွာစၿပီးအဆီတက္လာတာ တဲ့။ ၃၀ ေက်ာ္ရင္ပိုတက္ျမန္သလို ၃၅ ေက်ာ္ရင္ ေလရႉေတာင္ တက္ပါတယ္ တဲ့။ ကိုယ့္ေရွ႕က စီနီယာရဲ႕ ေျပာသံေတြေၾကာင့္အၿမဲ နားရည္ဝေနတာ။ ဝတဲ့အေၾကာင္းေတြကေတာ့အမ်ားႀကီးပါပဲ။ ကိုယ္ႀကိဳက္တဲ့အစားအေသာက္ေတြ အလုပ္အကိုင္ေတြလည္းပါတယ္။ ဥပမာ- တေနကုန္ထိုင္ၿပီးအလုပ္လုပ္ရတဲ့သူလား။ အျပင္ထြက္လုပ္ရတဲ့သူလား။ေနာက္ေတာ့မ်ိဳ႐ိုးဗီဇေပါ့။ “

“ငယ္တဲ့သူေတြလွတာေတြ႕ရင္ ကိုယ့္အတြက္ေတာ့တကယ္မထူးဆန္းဘူး။ ငယ္ဂုဏ္ေၾကာင့္ ဘယ္လိုေနေနလွတယ္။ ငယ္တုန္းဝရင္ ျပည့္ျပည့္ေလးနဲ႔ စက္စီေတာင္က်ေသး။ ႀကီးလို႔ဝလာရင္အဆီတုံးကမလိုတဲ့ေနရာေတြမွာ အတစ္လိုက္ေတြထြက္ေနတာ။ ဒါေၾကာင့္အသက္ႀကီးၿပီးလွတာေတြ႕ရင္ပိုအားက်တယ္။ ပို သေဘာက်တယ္။ appreciate လည္းလုပ္တယ္။ အထူးသျဖင့္ ၃၀ ေက်ာ္မွာ လွေနေသးရင္ အဲ့ဒီ့ အမ်ိဳးသမီးကတသက္လုံးလွေနမဲ့သူလို႔ အၾကမ္းဖ်င္းေျပာလို႔ရပါတယ္။ ကိုယ့္တစ္ေယာက္ထဲအႀကိဳက္ေပါ့ေနာ္။ အျမင္တူခ်င္မွတူမွာပါ။ အဲ့ဒါကေတာ့ အစားေလ်ာ့ၿပီးပိန္တာ ႀကိဳက္ေပမဲ့ အသားေပ်ာ့ၿပီးေလ်ာ့တိေလ်ာ့တြဲျဖစ္ေနတာေတြမႀကိဳက္လို႔Gym ေဆာ့တာပါ။ အစားလည္းထိန္းမယ္ ေသခ်ာလည္းေဆာ့မယ္။ ပိုၿပီးက်န္းမာသန္စြမ္းတဲ့အမ်ိဳးသမီးတစ္ေယာက္ျဖစ္ခ်င္ပါတယ္ေနာ္။ ဆက္လက္ႀကိဳးစားပါဦးမည္။ Gym ေဆာ့တာ ၃ ပါတ္ေျမာက္ အဆီေလးေတြေက်ာ္ၾကည့္ေပးပါ 😜😜😜🥰🥰🥰” ဆိုၿပီး ေျပာလာတာပဲ ျဖစ္ပါတယ္။

မေအးေသာင္းကေတာ့ အသက္ (၃၅) ႏွစ္ေက်ာ္ေနၿပီဆိုေပမယ့္ လွပ က်စ္လ်စ္ ေနဆဲ ခႏၶာကိုယ္ေလးကို ပိုင္ဆိုင္ထားတာ အားက်စရာပါပဲ။ ဖတ္ရႈေပးၾကတဲ့ ပရိသတ္ႀကီးအားလုံးလည္း သာယာေပ်ာ္႐ႊင္တဲ့ ေန႔ေလးတစ္ေန႔ကို ပိုင္ဆိုင္ႏိုင္ၾကပါေစလို႔ဆုေတာင္းေပးလိုက္ပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *