လုံခြုံတဲ့ နေရာမှာ ရှိနေတာကြောင့် စိတ်မပူ ကြဖို့ ပရိသတ်တွေကို အသိပေး ပြောပြ လာတဲ့ သံသာမိုးသိမ့်

Posted on

ပရိသတ်ကြီးရေ.. ဇာတ်လမ်းတွဲတွေ များစွာနဲ့ ပရိသတ်တွေ ရဲ့ အချစ်တွေကို အခိုင်အမာရရှိအောင်မြင်နေသလို စကားပြောပွင့်လင်းပြတ်သားတဲ့ သရုပ်ဆောင်မင်းသမီးချောသံသာမိုးသိမ့်ကတော့ လက်ရှိအခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့ထပ်တူ ရပ်တည် နေသူပဲ ဖြစ်ပါတယ်..။

သံသာမိုးသိမ့် ကတော့ ပြီးခဲ့တဲ့လ ဖေဖော်ဝါရီ ၁ရက်နေ့ ကတည်းက ပြည်သူ အားလုံး စတင်ခဲ့တဲ့ တော်လှန်ရေးတိုက်ပွဲကြီးမှာ လမ်းပေါ်ထွက်လူထုလှုပ်ရှားမှုတွေ ပြုလုပ်ပြီး ပြည်သူတွေနဲ့အတူ အားဖြည့်ပါဝင်နေတာလည်း တွေ့ရပါတယ်..။

လူထုလှုပ်ရှားမှုတွေကို ရဲရဲရင့်ရင့်နဲ့တက်ကြွစွာ လုပ်ဆောင်ခဲ့တဲ့ သံသာမိုးသိမ့်ကတော့ ၅၀၅-က ဖြင့် အမှုဖွင့်အရေးယူခြင်းခံထားရတဲ့ အနုပညာရှင်တွေထဲမှာ တစ်ဦးအပါအဝင်ဖြစ်တာကြောင့် ပရိသတ်တွေကလည်း စိတ်ပူနေကြ ဖြစ်ပါတယ်..။

သံသာမိုးသိမ့်ကတော့ လက်ရှိမှာ အရေးယူခြင်း ခံထားရတာကြောင့် ရှောင်တိမ်းနေရပေမယ့် သူမအနေနဲ့ အန္တရာယ်ကင်းကင်းနဲ့ လုံခြုံစွာရှိနေတာမို့ ပရိသတ်တွေကို စိတ်မပူကြဖို့ သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ အသိပေးပြောပြလာပါတယ်..။

“စိတ်မပူကြပါနဲ့နော်..

သံသာအားလုံးအဆင်ပြေပြီး

လုံခြုံပါတယ် 🖤..” ဆိုပြီး လုံခြုံစိတ်ချရတဲ့နေရာမှာ ရောက်နေတဲ့ အကြောင်း စိတ်ပူနေကြတဲ့ ပရိသတ်တွေကို အသိပေးပြောပြထားတာ ဖြစ်ပါတယ်..။

သူမ ရဲ့ ပို့စ်အောက်မှာတော့ ပရိသတ်တွေနဲ့ မိတ်ဆွေသူငယ်ချင်းတွေကလည်း ကျန်းမာရေးနဲ့ အခြားအစစအရာရာဂရုစိုက်ဖို့ မှာနေပြီး အန္တရာယ်ကင်းဘေးရှင်းစေဖို့ကိုလည်း ဆုတောင်းပေးထားကြတာ တွေ့ရပါတယ်..။

Photo Credit – Than Thar Moe Theint – သံသာမိုးသိမ့် Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *