လုပ်သင့် လုပ်ထိုက်တာ ကို လုပ်လို့ လူမုန်းမယ်ဆို လည်း ခံနိုင်ကြောင်းနှင့် အရာရာ ကို ဉာဏ် နဲ့ ယှဉ်ပြီး မျက်စိတဆုံးကြည့်တတ်ဖို့ လိုကြောင်း ပြောပြလာတဲ့ ထူးအယ်လင်း..

Posted on

သီချင်းတွေကို အသံပါဝါအားကောင်းကောင်း နဲ့ သီဆိုပြီး လူငယ် ပရိသတ်တွေကြားမှာ ယနေ့ချိန်ထိတိုင်အောင်နေရာ ရယူထားတဲ့ တေးသံရှင် ထူးအယ်လင်း ကိုတော့

ပရိသတ်တွေ အားလုံး သိကြမယ်ထင်ပါတယ်။ ထူးအယ်လင်းကတော့ ဖေဖော်ဝါရီ ပထမအပတ်ကနေ စပြီး ပရိသတ်တွေ၊ ပြည်သူတွေ နဲ့ အတူ အမှန်တရားအတွက် လမ်းပေါ်ထွက်ကာ တိုင်ပွဲဝင်ခဲ့တဲ့ အနုပညာရှင် တစ်ဦးပဲ ဖြစ်ပါတယ်။

သူဟာ လူငယ်ယောကျာ်းလေးတိုင်းရဲ့ အိမ်မက် ဖြစ်တဲ့ Biker တစ်ယောက် ဖြစ်ပြီး အများ အကျိုး အတွက် ပရဟိတတွေ လုပ်ကာ ပျော်ပျော်ရွှင်ရွှင်နေတက် သူတစ်ဦးလည်း ဖြစ်ပါတယ်။

ဒီမိုကရေစီ ရဖို့ အတွက် ပြည်သူတွေ ပရိသတ်တွေ နဲ့ အတူ ဆန္ဒထုတ်ဖော် ခဲ့တဲ့ ထူးအယ်လင်း ဟာ လိုအပ်တဲ့ နေရာတွေမှာလည်း လှူဒါန်းမှုတွေ လုပ်နေတာပဲ ဖြစ်ပါတယ်။ ယခုအခါမှာလည်း စစ်ဘေးရှောင်တွေအတွက် သွားရောက်လှူဒါန်းဖို့ ပြင်ဆင်ထားတယ် ဆိုတဲ့ အကြောင်းကို ပြောပြ လာတာပဲ ဖြစ်ပါတယ်။

“ချောင်ပိတ်ရိုက်လွန်းရင် မထင်ထားတဲ့ ရလဒ်တွေ ထပ်ဆင့် ပွားများလာတော့မှာ မလွဲဧကန်ပဲ… အကောင်း အဆိုးကတော့ လုပ်ရပ်ပေါ်မှာမူတည်တယ်… သေချာတာက သက်မဲ့အရုပ်တွေမဟုတ်တော့… ဉာဏ်နဲ့ယှဉ်ပြီး မျက်တောင်တစ်ဆုံးမကြည့်ပဲ မျက်စိ တစ်ဆုံး ကြည့်ပြီး အကောင်းဘက်ကို မြင်တွေး နိုင်ကြပါစေခင်ဗျာ… ပြေလည်ကြပါစေ……”ဆိုပြီး

လုပ်သင့်လုပ်ထိုက်တာကို လုပ်ဖို့ အမုန်းခံနိုင်တယ်ဆိုတဲ့ အကြောင်း သူရဲ့လူမှုကွန်ယက်စာမျက်နှာမှာ ဖော်ပြလာတာကို ပရိသတ်တွေ အတွက် ပြန်လည်မျှဝေပေး လိုက်တာပဲ ဖြစ်ပါတယ်နော်…….။

crd

Leave a Reply

Your email address will not be published. Required fields are marked *