လိုအပ်နေ တဲ့ ပြည်သူတွေ အတွက် အခြေခံ စားသောက်ကုန် တွေ လှူဒါန်းပေးခဲ့ တဲ့ ချယ်ရီသင်း

Posted on

ပရိသတ်ကြီးရေ ပရိသတ်တွေရဲ့အချစ်တော် အဆိုတော် ချယ်ရီသင်း ကတော့ ဒီနေ့မှာ အလှူလေး တစ်ခုကို ပြုလုပ်ခဲ့တဲ့ အကြောင်းသူရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြလာခဲ့ပါတယ်။ ချယ်ရီသင်းကတော့ အရင်ကတည်းက လိုအပ်နေတဲ့ ပြည်သူတွေအတွက် အမြဲတမ်းလိုလို လိုအပ်တာတွေကို လှူဒါန်းပေးနေခဲ့ပြီး စေတနာသဒ္ဓါ တရား ပြည့်ဝလှတဲ့ သူတစ်ယောက်ပါ။

ပြီးခဲ့တဲ့ ရက်ပိုင်းကလည်း ရေမရတဲ့ ပြည်သူတွေ အတွက် ရေရှိရေး အတွက် အလှူငွေတွေ သွားရောက်လှူဒါန်းပေးခဲ့ပါသေးတယ်။ ဒီနေ့မှာလည်း ချယ်ရီသင်းက မိုင် ၂၀-၅ဖာလုံ မင်းကုန်းနတ်စင်အေးကွက်သစ်မှာ ရွာအသစ်တည်နေတဲ့ပြည်သူတွေအတွက် အခြေခံစားသောက်ကုန်တွေဖြစ်တဲ့ ဆန် ၂၄၀-ပြည် ကြက်သွန် အာလူး ခရမ်းချဉ်သီး အချိန် ၄၃၀ကို သူကိုယ်တိုင် သွားရောက် လှူဒါန်းခဲ့တာပဲဖြစ်ပါတယ်။

တကယ်လိုအပ်နေတဲ့ ပြည်သူတွေအတွက် အခုလို စားသောက် ကုန်တွေ သွားရောက်လှူဒါန်းခဲ့ရတဲ့ အပေါ် ချယ်ရီသင်းကတော်တော်လေးကို ပီတိဖြစ်နေခဲ့တဲ့ အကြောင်းလည်း သူ့ရဲ့လူမှုကွန်ရက်စာမျက်နှာကနေ မျှဝေဖော်ပြထားခဲ့ပါသေးတယ်။ CeleZone ပရိသတ်ကြီးရေ ချယ်ရီသင်းနဲ့ သူ့ရဲ့ပရိသတ်တွေ စုပေါင်းလှူဒါန်းတဲ့ အလှူလေးကို သာဓု ခေါ်ဆိုပေးခဲ့ကြပါဦးနော်။

Source – Cherry Thin

zawgyi




Source – Cherry Thin

Leave a Reply

Your email address will not be published. Required fields are marked *