လိုအပ်နေတဲ့သူ တွေ အတွက် မိုးတွေရွာနေတဲ့ ကြားကနေ ကိုယ် တိုင် ကိုယ်ကျ လှူဒါန်းပေးနေတဲ့ ပိုးကြာဖြူခင် ရဲ့ ကြည်နူးစရာ ဗီဒီယို

Posted on

ပရိသတ်တွေရဲ့ အားပေးချစ်ခင်မှုတွေကို အပြည့်အဝ ရရှိထားတဲ့ MRTV- 4 မင်းသမီး ချောလေး ပိုးကြာဖြူခင် က အလှူအတန်းတွေကို မကြာခဏ ပြုလုပ်နေတဲ့ အနုပညာရှင်တစ်ဦးပဲ ဖြစ်ပါတယ်။ လတ်တလောဖြစ်ပေါ်နေတဲ့ မြန်မာ့အရေးမှာလည်း အနုပညာရှင် တစ်ယောက်ဖြစ်ပေမယ့် ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ပေး ခဲ့သလို့ လမ်းပေါ် ထွက်ပြီး ဆန္ဒထုတ်ဖော်နေတဲ့ ပြည်သူတွေအတွက်လည်း စားသောက်စရာတွေ လှူဒါန်းပေးခဲ့တာ တွေ့ရပါတယ်။

ယခုမှာတော့ ပိုးကြာဖြူခင်က မိတ်ဆွေ၊သူငယ်ချင်းတွေနဲ့ စုပေါင်းကာ ဒီကာလတွေ မှာ ငွေကြေးကျပ်တည်းပြီး စားဝတ်နေရေး လိုအပ်နေသူများအတွက် အိမ်ခြေ (၁၀၀)စာ ဆန် ၊ ဆီ ၊ ဆား ၊ ကြက်သွန် ၊ အာလူး ၊ ကြက်ဥ အပြင် အခြားလိုအပ်တဲ့ အိမ်သုံးပစ္စည်းများကိုလည်း လှူဒါန်း ပေးခဲ့ တဲ့ live ဗီဒီယိုလေးကို ချစ်တဲ့ ပရိသတ်တွေ ထပ်တူသာဓုခေါ်နိုင်အောင် တင်ပေးလာခဲ့ပါတယ်။

ဒီဗီဒီယိုလေးမှာတော့ ပိုးကြာဖြူခင်ဟာ မိသားစုနှင့် သူငယ်ချင်းတွေနဲ့အတူ မိုးများသည်း ထန်စွာ ရွာနေတဲ့ကြားကနေ လိုအပ်နေတဲ့သူတွေကို ပျော်ရွှင်ကြည်နူးတဲ့ အပြုံးတွေနဲ့ လှူဒါန်းပေးနေတာကိုလည်း တွေ့ရပါတယ်။ ယခုလိုအခါမျိုးမှာ စားဝတ်နေရေး အခက်အခဲဖြစ်နေတဲ့ သူတွေ အတွက် လှူဒါန်းပေးတာဟာ တကယ့်ကို မွန်မြတ်လှပါတယ်။ ပရိသတ်တွေလည်း ပိုးကြာဖြူခင်ရဲ့ အလှူလေးကို ကြည်နူးပီတိ ဖြစ်မယ်လို့မျှော်လင့်မိပါတယ်။

crd

zawgyi

ပရိသတ္ေတြရဲ႕ အားေပးခ်စ္ခင္မႈေတြကို အျပည့္အဝ ရရွိထားတဲ့ MRTV- 4 မင္းသမီး ေခ်ာေလး ပိုးၾကာျဖဴခင္ က အလႉအတန္းေတြကို မၾကာခဏ ျပဳလုပ္ေနတဲ့ အႏုပညာရွင္တစ္ဦးပဲ ျဖစ္ပါတယ္။ လတ္တေလာျဖစ္ေပၚေနတဲ့ ျမန္မာ့အေရးမွာလည္း အႏုပညာရွင္ တစ္ေယာက္ျဖစ္ေပမယ့္ ျပည္သူေတြနဲ႔အတူ တစ္သားတည္း ရပ္တည္ေပး ခဲ့သလို႔ လမ္းေပၚ ထြက္ၿပီး ဆႏၵထုတ္ေဖာ္ေနတဲ့ ျပည္သူေတြအတြက္လည္း စားေသာက္စရာေတြ လႉဒါန္းေပးခဲ့တာ ေတြ႕ရပါတယ္။

ယခုမွာေတာ့ ပိုးၾကာျဖဴခင္က မိတ္ေဆြ၊သူငယ္ခ်င္းေတြနဲ႔ စုေပါင္းကာ ဒီကာလေတြ မွာ ေငြေၾကးက်ပ္တည္းၿပီး စားဝတ္ေနေရး လိုအပ္ေနသူမ်ားအတြက္ အိမ္ေျခ (၁၀၀)စာ ဆန္ ၊ ဆီ ၊ ဆား ၊ ၾကက္သြန္ ၊ အာလူး ၊ ၾကက္ဥ အျပင္ အျခားလိုအပ္တဲ့ အိမ္သုံးပစၥည္းမ်ားကိုလည္း လႉဒါန္း ေပးခဲ့ တဲ့ live ဗီဒီယိုေလးကို ခ်စ္တဲ့ ပရိသတ္ေတြ ထပ္တူသာဓုေခၚႏိုင္ေအာင္ တင္ေပးလာခဲ့ပါတယ္။

ဒီဗီဒီယိုေလးမွာေတာ့ ပိုးၾကာျဖဴခင္ဟာ မိသားစုႏွင့္ သူငယ္ခ်င္းေတြနဲ႔အတူ မိုးမ်ားသည္း ထန္စြာ ႐ြာေနတဲ့ၾကားကေန လိုအပ္ေနတဲ့သူေတြကို ေပ်ာ္႐ႊင္ၾကည္ႏူးတဲ့ အၿပဳံးေတြနဲ႔ လႉဒါန္းေပးေနတာကိုလည္း ေတြ႕ရပါတယ္။ ယခုလိုအခါမ်ိဳးမွာ စားဝတ္ေနေရး အခက္အခဲျဖစ္ေနတဲ့ သူေတြ အတြက္ လႉဒါန္းေပးတာဟာ တကယ့္ကို မြန္ျမတ္လွပါတယ္။ ပရိသတ္ေတြလည္း ပိုးၾကာျဖဴခင္ရဲ႕ အလႉေလးကို ၾကည္ႏူးပီတိ ျဖစ္မယ္လို႔ေမွ်ာ္လင့္မိပါတယ္။

crd

Leave a Reply

Your email address will not be published. Required fields are marked *