လိုင်းမိ တုန်းလေး မှာ သူမဘဝ ရဲ့ အမှတ်တရ ပုံလေးတစ်ပုံ ကို ပရိသတ်တွေအား ဝေမျှ ပေးလာတဲ့ ဝါဆိုမိုးဦး

Posted on

ကလေးဘဝကတည်းက အနုပညာ အလုပ်တွေကို လုပ်ကိုင်ရင်း ပရိသတ်တွေ ရဲ့ အားပေးမှုတွေ ကို သိမ်းပိုက် ရရှိထားသူ ကတော့ သရုပ်ဆောင် ဝါဆိုမိုးဦးပဲ ဖြစ်ပါတယ်။ သူမကတော့ မြန်မာနိုင်ငံတွင် လက်ရှိဖြစ်ပေါ်နေတဲ့လူထုလှုပ်ရှားမှုတွေမှာ ပြည်သူတွေနဲ့အတူ တက်ကြွစွာ ပါဝင်ပူးပေါင်းခဲ့သူ ဖြစ်ပါတယ်။ နေ့စဉ်ရက်ဆက် လမ်းပေါ်ထွက်ကာ ဆန္ဒထုတ်ဖော် သကဲ့သို့ ည ၈ နာရီတိုင်း မှာလည်း မပျက်မကွက် သံဗုံးတီးခဲ့သူ တစ်ယောက် ဖြစ်ပါတယ်။ အခုလို ပါဝင်ခဲ့တဲ့အတွက် ဝါဆိုမိုးဦးတစ်ယောက် ပုဒ်မ ၅၀၅(က) ဖြင့် တရားစွဲဆိုခံထားရတာ ဖြစ်ပါတယ်။

ဝါဆိုကတော့ အခြေအနေအရပ်ရပ်များကြောင့် ခေတ္တခဏ တိမ်းရှောင်နေကြရတာ ဖြစ်ပါတယ်။ ပရိသတ်များကလည်း သူမရဲ့ လုံခြုံရေးအတွက် စိုးရိမ်ပူပန်နေကြတာ ဖြစ်ပါတယ်။ တစ်ခါတစ်ရံမှာတော့ သူမရဲ့ Facebook Story မှာ ပရိသတ်တွေစိတ်မပူစေဖို့ ပုံလေးတွေ တင်ပေးတတ်ပါသေးတယ်။ မကြာသေး ခင် နာရီပိုင်းလောက်က ဝါဆိုမိုးဦးရဲ့ လူမှုကွန်ယက်စာမျက်နှာတွင် လိုင်းမိတုန်းလေးမှာ သူမဘဝရဲ့အမှတ်တရပုံလေးတစ်ပုံကို ပရိသတ်တွေအား ဝေမျှပေးလာတာ ဖြစ်ပါတယ်။

သူမကလည်း ” အားလုံးနေကောင်းကြရဲ့လား

သတိရတယ်နော်

လိုင်းအခုမှရလို့ ဒီလိုအချိန်မှာ ဘဝ ရဲ့အမှတ်တရပုံလေး တင်ခွင့်ပြုပါ❤️ ” ဆိုပြီး ရေးသားထားတာ ဖြစ်ပါတယ်။ ဝါဆိုကတော့ စိမ်းစိုသာယာတဲ့ ခြံလေးထဲမှာ အပင်လေးတွေ ကို ပြုစုရင်း သူမရဲ့ အချိန်တွေကို ဖြတ်သန်းနေတာဖြစ်ပါတယ်။ ပရိသတ်တွေ ကလည်း ဘေးအန္တရာယ် ကင်းရှင်းပါစေလို့ ဆုတောင်းပေး ထားကြပါသေးတယ်နော်။

Source and Photo Crd-Warso Moe Oo’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *