လိပ်ပြာ လုံပါစေ ဆိုတဲ့ စကားလုံး ထက် ပိုပြီး အဓိပ္ပာယ်ရှိ လှတဲ့ အသုံးအနှုန်း တစ်မျိုးအား ပြောပြ လာတဲ့ ပြေဇင်

Posted on

ရုပ်ရှင်နဲ့ ဗီဒီယိုဇာတ်ကားတွေမှာ ပါဝင် ရိုက်ကူးရင်း ပရိသတ်တွေ ရဲ့ အားပေးမှုတွေ ရရှိ ထားတဲ့ သရုပ်ဆောင် ပြေဇင်ကတော့ လက်ရှိမှာလည်း ချစ်ရတဲ့ မိသားစုနဲ့အတူ ပျော်ရွှင်စရာကောင်းတဲ့ဘဝလေးကို ဖန်တီးတည်ဆောက်ထားတာ ဖြစ်ပါတယ်။ သူပါဝင်သော ဇာတ်ကားတိုင်းမှာလည်း သဘာဝကျကျ ပီပြင်ပိုင်နိုင်စွာ သရုပ်ဆောင်နိုင်တဲ့ အရည်အချင်း ရှိသူ တစ်ယောက် ဖြစ်ပါတယ်။ အနုပညာအလုပ်ကို တန်ဖိုးထားချစ်မြတ်နိုးသူဖြစ်တာကြောင့် အောင်မြင်မှုတွေ များစွာရရှိအောင် အမြဲ ကြိုးစားနေသူလည်း ဖြစ်ပါတယ်။

အရေးကြုံတဲ့အခါတိုင်း ပြည်သူတွေနဲ့အတူ မှန်ကန်တဲ့ဘက်ကနေ မားမားမတ်မတ် ရပ်တည်ပေးနေသူ ဖြစ်ပါတယ်။ ပရိသတ်တွေကလည်း ဓမ္မဘက်ကနေ ရပ်တည်ပေးတဲ့ ပြေဇင်ရဲ့ မှန်ကန်တဲ့ ရွေးချယ်မှုအတွက် လေးစားဂုဏ်ယူနေကြတာပါ။ လက်ရှိ ဖြစ်ပေါ်နေတဲ့ မြန်မာနိုင်ငံမှ အခြေအနေတွေနဲ့ ပတ်သက် ပြီးတော့လည်း သူ့ရဲ့ထင်မြင်ယူဆချက်များကို လူမှုကွန်ယက်စာမျက်နှာမှတစ်ဆင့် ဝေမျှပေးနေပြီး အခုတစ်ခါမှာလည်း လိပ်ပြာလုံပါစေ ဆိုတဲ့ စကားလုံးထက် ပိုပြီးအဓိပ္ပာယ်ရှိလှတဲ့ အသုံးအနှုန်းတစ်မျိုးအား ရေးသားပြောပြလာတာ ဖြစ်ပါတယ်။

သူကလည်း ” ” လိပ်ပြာလုံပါစေ” ဆိုတာထက်

ကျွန်တော်ကတော့

“လိပ်ပြာလှပါစေ” ဆိုတဲ့ အသုံး အနှုန်း ကို

ပိုသဘောကျမိတယ်။

“လိပ်ပြာလှပါစေ” မူရင်းရေးသား သူဟာ

ပန်းချီဆရာ စာရေးဆရာ (ဦး)ဝသုန် ရဲ့ ရေးသား ချက် ဖြစ်ပါတယ်။

ကျွန်တော်တို့ပြည်သူတွေ လိပ်ပြာလှပြီးသားပါ။

ကိုယ့်လိပ်ပြာ ကိုယ်လှအောင်နေကြ စေချင်ပါတယ်။

ပြည်သူအချင်းချင်း ကူညီစောင့်ရှောက်ပေးပါ။” ဆိုပြီး ရေးသား ထားတာ ဖြစ်ပြီး ပရိသတ်တွေလည်း သိရှိစေရန်အတွက် ဒီသတင်းကို တစ်ဆင့်ပြန်လည် ကူးယူတင်ဆက်ပေးလိုက်ရပါတယ်နော်။

Source and Photo Crd-Pyay Zin’s Facebook Account

Leave a Reply

Your email address will not be published. Required fields are marked *