လမ်းမပေါ် ထွက်ပြီး နှစ်ယောက် တည်း လှုပ်ရှားနေကြချိန် မှာ ပြည်သူတချို့ ရဲ့ လုပ်ရပ်တွေကြောင့် ကြည်နူးပီတိ ဖြစ်ခဲ့ရတဲ့ လူငယ်တစ်ဦး

Posted on

ပြည်သူလူထုကတော့ အခုအခြေအနေမှာဆိုရင် ရိုင်းပင်း ကူညီချင် စိတ်အပြည့်နဲ့ အခက်အခဲတွေကို မျှဝေခံစားပြီးတတ်နိုင်သလောက်ကူညီဖေးမပေးနေကြတာဖြစ်ပါတယ်။အခုဆိုရင်တော့ လမ်းပေါ်မှာလူတွေခြောက်ကပ်နေကြချိန် သူငယ်ချင်းနှစ်ယောက်တည်းထွက်ပြီး လှုပ်ရှားနေကြတာကြောင့် ဦးဇင်းတစ်ပါးရောက်လာကာ ပါဝင် အားဖြည့်ပေးတာဖြစ်ပါတယ်။ ဘုန်းဘုန်းကတော့ လူငယ်လေးနှစ်ယောက်နဲ့အတူ လက်သုံးချောင်းထောင်ပြီးတစ်တပ်တစ်အားကူညီပေးနေတဲ့ပုံက ပီတိ ဖြစ်စရာကောင်းလှပါတယ်။

နောက်ထပ်လည်း ဆိုင်ကယ်နဲ့ပြည်သူ တစ်ယောက်က သူ့ရဲ့ ဆိုင်ကယ်ကိုရပ်ကာ “အစ်ကိုလည်းပါဝင်ပေးမယ်”ဆိုပြီး အင်အားဖြည့်ပေးလိုက်တာဖြစ်ပါတယ်။စျေးကပြန်လာတဲ့ဦးလေးကြီးတစ်ယောက်ကတော့ “သားတို့မနက်စာမစားရသေးဘူး ထင်တယ်”ဆိုပြီး သူ့အိမ်အတွက်ဝယ်လာတဲ့ အသီးတွေကို စေတနာအပြည့်နဲ့ ပေးသွားခဲ့တာဖြစ်ပါတယ်။လမ်းပေါ်မှာဖြတ်သွားကြတဲ့သူတွေနဲ့ ကားပေါ်ကလူတွေကလည်း လက်သုံးချောင်းထောင်ပြပြီး ပြည်သူတွေ နဲ့အတူ တစ်သားတည်းရပ်တည်ပေးကြတာ ဖြစ်ပါတယ်။

တာဝန်သိပြည်သူတစ်ဦးကတော့ “ညီလေး တို့ မင်းတို့အပါခံ လို့မရဘူး”ဆိုပြီး တစ်ခုခုဖြစ်ရင် အဆင်သင့်ဖြစ်အောင်လို့ ဓာတ်ဆီအကုန်ခံကာ သူ့ရဲ့ကားကိုစက်နှိုးထားတာဖြစ်ပါတယ်။ဆိုင်ကယ်နဲ့လူတစ်စုကလည်း လူထုလှုပ်ရှားမှု ပြုလုပ်တာ အဆင်ပြေအောင်လို့ဆိုပြီး ဆိုင်ကယ်တွေနဲ့ ကင်းပတ် ကြည့်ပေးခဲ့တာဖြစ်ပါတယ်။ အခုလိုမျိုး ပြည်သူတွေက တက်တက်ကြွကြွနဲ့ ကိုယ်စွမ်းဆောင်နိုင်တဲ့နေရာကနေ ပါဝင်ကူညီပေးနေကြတာဖြစ်ပါတယ်။ကိုယ်တိုင်ကြုံတွေ့ခဲ့ရတဲ့ လူငယ်လေးကတော့ ဒီအဖြစ်အပျက်တွေကို ကြည်နူးပီတိဖြစ်စွာနဲ့ ရေးသားမျှဝေလာခဲ့တာဖြစ်ပါတယ်။

Photo Credit: Original Uploder

zawgyi

ျပည္သူလူထုကေတာ့ အခုအေျခအေနမွာဆိုရင္ ႐ိုင္းပင္း ကူညီခ်င္ စိတ္အျပည့္နဲ႔ အခက္အခဲေတြကို မွ်ေဝခံစားၿပီးတတ္ႏိုင္သေလာက္ကူညီေဖးမေပးေနၾကတာျဖစ္ပါတယ္။အခုဆိုရင္ေတာ့ လမ္းေပၚမွာလူေတြေျခာက္ကပ္ေနၾကခ်ိန္ သူငယ္ခ်င္းႏွစ္ေယာက္တည္းထြက္ၿပီး လႈပ္ရွားေနၾကတာေၾကာင့္ ဦးဇင္းတစ္ပါးေရာက္လာကာ ပါဝင္ အားျဖည့္ေပးတာျဖစ္ပါတယ္။ ဘုန္းဘုန္းကေတာ့ လူငယ္ေလးႏွစ္ေယာက္နဲ႔အတူ လက္သုံးေခ်ာင္းေထာင္ၿပီးတစ္တပ္တစ္အားကူညီေပးေနတဲ့ပုံက ပီတိ ျဖစ္စရာေကာင္းလွပါတယ္။

ေနာက္ထပ္လည္း ဆိုင္ကယ္နဲ႔ျပည္သူ တစ္ေယာက္က သူ႔ရဲ႕ ဆိုင္ကယ္ကိုရပ္ကာ “အစ္ကိုလည္းပါဝင္ေပးမယ္”ဆိုၿပီး အင္အားျဖည့္ေပးလိုက္တာျဖစ္ပါတယ္။ေစ်းကျပန္လာတဲ့ဦးေလးႀကီးတစ္ေယာက္ကေတာ့ “သားတို႔မနက္စာမစားရေသးဘူး ထင္တယ္”ဆိုၿပီး သူ႔အိမ္အတြက္ဝယ္လာတဲ့ အသီးေတြကို ေစတနာအျပည့္နဲ႔ ေပးသြားခဲ့တာျဖစ္ပါတယ္။လမ္းေပၚမွာျဖတ္သြားၾကတဲ့သူေတြနဲ႔ ကားေပၚကလူေတြကလည္း လက္သုံးေခ်ာင္းေထာင္ျပၿပီး ျပည္သူေတြ နဲ႔အတူ တစ္သားတည္းရပ္တည္ေပးၾကတာ ျဖစ္ပါတယ္။

တာဝန္သိျပည္သူတစ္ဦးကေတာ့ “ညီေလး တို႔ မင္းတို႔အပါခံ လို႔မရဘူး”ဆိုၿပီး တစ္ခုခုျဖစ္ရင္ အဆင္သင့္ျဖစ္ေအာင္လို႔ ဓာတ္ဆီအကုန္ခံကာ သူ႔ရဲ႕ကားကိုစက္ႏႈိးထားတာျဖစ္ပါတယ္။ဆိုင္ကယ္နဲ႔လူတစ္စုကလည္း လူထုလႈပ္ရွားမႈ ျပဳလုပ္တာ အဆင္ေျပေအာင္လို႔ဆိုၿပီး ဆိုင္ကယ္ေတြနဲ႔ ကင္းပတ္ ၾကည့္ေပးခဲ့တာျဖစ္ပါတယ္။ အခုလိုမ်ိဳး ျပည္သူေတြက တက္တက္ႂကြႂကြနဲ႔ ကိုယ္စြမ္းေဆာင္ႏိုင္တဲ့ေနရာကေန ပါဝင္ကူညီေပးေနၾကတာျဖစ္ပါတယ္။ကိုယ္တိုင္ႀကဳံေတြ႕ခဲ့ရတဲ့ လူငယ္ေလးကေတာ့ ဒီအျဖစ္အပ်က္ေတြကို ၾကည္ႏူးပီတိျဖစ္စြာနဲ႔ ေရးသားမွ်ေဝလာခဲ့တာျဖစ္ပါတယ္။

Photo Credit: Original Uploder

Leave a Reply

Your email address will not be published. Required fields are marked *