လမ်းမပေါ်မှာ သီချင်းတွေ သီဆို ဖျော်ဖြေရင်း ပြည်သူတွေ နဲ့ အတူ ငြိမ်းချမ်းစွာ လူထု လှုပ်ရှားမှုတွေ ပြုလုပ်ခဲ့ကြတဲ့ အနုပညာရှင်များ

Posted on

ပရိသတ်ကြီးရေ.. အနုပညာလောကမှာ အောင်မြင်မှုတွေ အခိုင်အမာနဲ့ ရပ်တည် နေကြတဲ့ နယ်ပယ်အသီးသီးက အနုပညာရှင်တွေကလည်း လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး ပြည်သူတွေ နဲ့အတူ ရပ်တည်နေတာ အားလုံးမြင်တွေ့ရမှာပါနော်..။ ပြည်သူတွေ အားလုံးရဲ့ဆန္ဒနဲ့အတူ ထပ်တူကြတဲ့သူတို့ရဲ့ ရည်မှန်းချက်ပန်းတိုင်တွေ အတွက် တတ်နိုင်တဲ့ဘက်ကနေ အင်တိုက်အားတိုက်အားဖြည့်နေကြတဲ့ အနုပညာရှင်တွေကိုတော့ ပရိသတ်တွေ အနေ နဲ့ သဘောကျနေကြတာလည်း ဖြစ်ပါတယ်..။

ယနေ့ ဖေဖော်ဝါရီလ(23)ရက်နေ့ မှာတော့ ပြည်သူတွေ နဲ့အတူ ရာဇာနေဝင်း၊ ဟေမာနေဝင်း၊ ဇွဲနိုင်ဝင်း၊ ကောင်းမြတ်၊ ရဲမွန် နဲ့ အခြားသောအနုပညာရှင်တွေဟာ သီချင်းတွေသီဆိုဖျော်ဖြေ‌နေကြပြီး တက္ကသိုလ်ရိပ်သာလမ်းမပေါ်မှာ ငြိမ်းချမ်းစွ ာလူထုလှုပ်ရှားမှုတွေပြု လုပ်နေကြတာ တွေ့ရပါတယ်နော်..။ သီချင်းတွေသီဆိုကာ ဖျော်ဖြေမှုတွေ ပြုလုပ်ရင်း ပြည်သူလူထုနဲ့အတူ ပူပေါင်းပြီး ငြိမ်းချမ်းစွာ လှုပ်ရှားမှုတွေ ပြုလုပ်နေကြတဲ့ သူတို့အဖွဲ့ရဲ့ပုံရိပ်လေးတွေကိုလည်း ဇွဲနိုင်ဝင်းက ပရိသတ်တွေကို ပြန်လည်ဝေမျှထားတာ ဖြစ်ပါတယ်..။

“23.2.2021 ကောင်းမြတ် ရဲမွန် ကျွန်တော် ကိုရာဇာနေဝင်း 7days..” ဆိုပြီး ငြိမ်းချမ်းတက်ကြွစွာ ပါဝင်အားဖြည့်ခဲ့ကြတဲ့ လှုပ်ရှားမှုပုံရိပ်လေးတွေကို ဇွဲနိုင်ဝင်းက ဝေမျှထားတာပါ..။ အဲ့ဒီပို့စ်ရဲ့ အောက်မှာတော့ ပြည်သူတွေနဲ့ တန်းတူရပ်တည်နေကြတဲ့ ဂီတ အနုပညာရှင်တွေအပြင် နယ်ပယ်အသီးသီးကအနုပညာရှင်တွေကိုလည်း ပြည်သူပရိသတ်တွေကလည်း ထောက်ခံအားပေးနေကြတာလည်း တွေ့ရပါတယ်နော်..။

Zwe Naing Win’s Fb Acc

Leave a Reply

Your email address will not be published. Required fields are marked *