လမ်းမပေါ်က ပြည်သူတွေ ရဲ့ ကျန်းမားရေး စောင့်ရှောက်မှု များကို တက်နိုင်တဲ့ ဘက်နေ ကိုယ်တိုင် ကိုယ်ကျ အပင်ပန်း ခံပြီး လုပ်ကိုင် ပေးနေတဲ့ ဝေဠုကျော်

Posted on

ပြည်သူတွေ လေးစား ချစ်ခင်ရတဲ့ ဝါရင့်မင်းသားကြီး ဝေဠုကျော် ကတော့ လက်ရှိမှာ အနုပညာ အလုပ်တွေထက် ပရဟိတဖောင်ဒေးရှင်းတစ်ခုကို ဖွဲ့စည်းပြီး တကယ့်ကိုမွန်မြတ်လှတဲ့ လူမှုရေးအကျိုးပြု လုပ်ငန်းတွေကို အားကြိုးမာန်တက် ဦးဆောင်ပြီး လုပ်ကိုင် ပေးနေတဲ့ အနုပညာရှင် တစ်ယောက်ပဲ ဖြစ်ပါတယ်။ သူ့ရဲ့ ဖောင်ဒေးရှင်းအသင်းကတော့ အခက်အခဲ ဖြစ်နေတဲ့ ဘယ်နေရာ ဒေသမဆို အလှူရှင်တွေရဲ့ ကိုယ်စား သွားရောက်လှူဒါန်းပေးသလို ကိုဗစ်တိုက်ဖျက်ရေး ကာလတွေမှာလည်း ကျန်းမာရေး ဝန်ထမ်းတွေနဲ့အတူ ရှေ့တန်းကနေ နေ့မနားညမနား ပါဝင် လုပ်ကိုင်ပေးခဲ့ကြပါတယ်။

လတ်တလောမှာဆိုရင်လည်း လူစုလူဝေး လှုပ်ရှားမှုတွေရှိ တဲ့ နေရာတွေ မှာ နေ့စဥ်အမျှဆိုသလို ဝေဠုကျော်က သူ့ရဲ့ အသင်းသားတွေ နဲ့အတူ ကျန်းမာရေးစောင့်ရှောင်မှုတွေပေးခဲ့တာ တွေ့ရပါတယ်။ ဒါ့အပြင် တက်နိုင်တဲ့ ဘက်နေ ပြည်သူပြည်သားတွေအတွက် ကူညီ စောင့်ရှောက်ပေးခဲ့တဲ့ မှတ်တမ်း တင်ပုံလေးတွေကို ပြန်လည်ဖော်ပြပေးပါတယ်။ ယခုမှာလည်း ဝေဠုကျော်ဟာ မနေ့က လမ်းမပေါ်ထွက်ပြီး လူထုလှုပ်ရှားမှုတွေမှာ ပါဝင်နေကြတဲ့ ပြည်သူတွေအတွက် ကျန်းမာရေး စောင့်ရှောက်ပေးခဲ့တာကို ဖော်ပြလာခဲ့ပါတယ်။

ဒီပုံလေးတွေကတော့ ဝေဠုကျော်တို့အသင်းက(ရန်ကုန်) ကြက်ခြေနီတပ်ဖွဲ့တွေနဲ့ ပူးပေါင်းပြီး လမ်းကြောင်း နှစ်ကြောင်းဖြစ်တဲ့ မင်္ဂလာတောင်ညွှန့် မြို့နယ် ယုဇနပလာအနီး နှင့် ရန်ကင်းမြို့နယ် ၁၂ လုံးတန်း အနီးအပြင် သင်္ဃန်းကျွန်းမြို့နယ် စံပြဈေး၊ မီးပွိုင့်လမ်းဆုံ အနီးတွေက ပြည်သူတွေရဲ့ ကျန်းမားရေးအတွက် Medical cover team အဖြစ် ဆောင်ရွက်ပေး ခဲ့တာ ဖြစ်ပါတယ်။ ကဲ…ပရိသတ်ကြီးရေ တိုင်းပြည်အတွက် တစ်ထောင့်တစ်နေရာကနေ ပြည်သူပြည်သားတွေအတွက် လိုအပ်သလိုကူညီပေးခဲ့တဲ့ ဝေဠုကျော် ဖောင်ဒေးရှင်းကို ဒီထက်မက ပိုမိုလုပ်ဆောင်နိုင်အောင် ဆုမွန် ကောင်းတောင်းပေးလိုက်ပါဦး။

Photo Credit – Wai Lu Kyaw foundation fb page

Leave a Reply

Your email address will not be published.