လမ်းမထက် မှာ ပြည့်ကြပ်နေ သည် အထိ ရပ်ကွက်အသီးသီးက သပိတ် တွေ စုစည်းကာ ငြိမ်းချမ်း စွာ ဆန္ဒ ထုတ်ဖော် ခဲ့ ကြတဲ့ မန္တလေးမြို့

Posted on

မြန်မာနိုင်ငံရဲ့ လူထုလှုပ်ရှားမှု ကြီးကတော့ ဒီနေ့ထိ အသက်ဝင်နေဆဲပါ ပြည်သူ အားလုံးကလည်း တစ်ရက်လေး မှမနားဘဲ နေ့စဉ်တိုင်းလိုလို ရရာနေရာကနေ ဆန္ဒ ထုတ်ဖော်မှုတွေ မျိုးစုံပြုလုပ်လျက်ရှိတာတွေ့ရပါတယ်။ဒီလို လှုပ်ရှားမှုတွေပြု လုပ်ရင်း အသက် ပေးသွား ကြတဲ့ သူရဲ ကောင်းတွေ လည်း များစွာ ဒီနေ့ဒီချိန်ထိ ရှိနေဆဲပါ။ ပြည်သူတွေအားလုံးကလည်း ဒီလိုသတ္တိရှိစွာရင်ဆိုင်ခဲ့ကြတဲ့ ကျဆုံးသူရဲကောင်းတွေကို အမြဲလေး စားနေကြတာ ဖြစ် ပါတယ်။

မြို့တိုင်းမှာ ဖိနှိပ်ဖြိုခွဲခံရမှုတွေ ရှိနေတာကြောင့် ဆန္ဒ ထုတ်ဖော်မှုတွေဟာ အရင်ထက်နည်းပါးလာပြီဆိုပေမယ့်လည်း ပြည်သူ တွေက တော့ Strike လုပ်နိုင်မယ့် နည်းလမ်းတွေကို စဉ်းစား ကာ တတ်နိုင်တဲ့ဘက်ကနေ ဆန္ဒထုတ်ဖော်နေကြဆဲ ဖြစ်ပါတယ်။ ခုဆိုရင်တော့ မြန်မာနိုင်ငံရဲ့ မြို့ကြီးတော်တော်များများရဲ့ လမ်းမတွေ ထက်မှာ ရဲရင့်စွာ ဆန္ဒထုတ်ဖော်နေကြတဲ့ သူရဲကောင်းတွေကို ပြန်လည် တွေ့မြင် လာ ရပြီဖြစ်တာ ကြောင့် နွေဦးတော်လှန်ရေးကြီးဟာ ပြန်လည် အသက်ဝင်လာခဲ့ပါပြီ။

ဧပြီ (၂၆) ရက်နေ့ မန္တလေးမှာ ဆိုရင်လည်း ရပ်ကွက် အသီးသီးက GenXYZ တွေ စုပေါင်းပြီး ဆိုင်းဘုတ်များကိုင်ဆောင် ကာ တပ်ပေါင်းစု သ ပိတ် ကြီးကို ငြိမ်းချမ်းစွာ လှုပ်ရှားမှု ပြုလုပ်ခဲ့ကြတာတွေ့ရပါတယ်။ လမ်းမထက်မှာပြည့်ကြပ်သွားသည် အထိလူအင်အားများခဲ့တာကိုလည်း တွေ့မြင်ရ ပါတယ်။ အားလုံးက သက်ဆိုင်ရာ ဆိုင်းဘုတ်များ အလံများကိုင်ဆောင်ကာ သံပြိုင်ကြွေးကြော်ရင်းချီ တက်ခဲ့ ကြတာ လည်းဖြစ် ပါတယ်။

crd

zawgyi




crd

Leave a Reply

Your email address will not be published. Required fields are marked *