လမ်းပေါ် ထွက်နေကြတဲ့ လူငယ်တွေ အားရှိဖို့ အတွက် မိမိတို့မှာ ရှိတာလေးတွေ ကို ရက်ရက်ရောရော လှူဒါန်းကြတဲ့ စေတနာရှင်ပြည်သူများ

Posted on

မြန်မာနိုင်ငံအနှံ့အပြား မှာ ပြုလုပ်နေကြတဲ့ လူထု လှုပ်ရှားမှုတွေ မှာ ဆိုရင် လူကြီး၊လူငယ်မရွေး အသက်အရွယ်အသီးသီးက အားကျိုးမာန်တက်ပါဝင်နေကြတာပဲ ဖြစ်ပါတယ်။ပြည်သူလူထုကလည်း အခုလိုအချိန်မျိုးမှာစိတ်ဝမ်းမကွဲကြဘဲ ပန်းတိုင်ကိုရောက်အောင် ရဲရဲတောက် စိတ်ဓာတ်နဲ့ လျှောက်လှမ်းနေကြတာ ဖြစ်ပါတယ်။ လမ်းပေါ်ထွက်ပြီး လှုပ်ရှားနေကြတဲ့ ပြည်သူတွေအဟာရပြည့်ဝဖို့အတွက် စေတနာရှင်တွေကလည်း အစားအသောက်တွေကို အလျှံအပယ် လှူဒါန်းနေကြတာ ဖြစ်ပါတယ်။

ဒီနေ့အပါအဝင် ရက်ပေါင်း(၄၇)ရက်ကြာမြင့်သွားပြီ ဖြစ်တဲ့ လက်ရှိ အခြေအနေမှာ ဆိုရင် အလှူရှင်တွေကတော့ မလျော့သွားသေးဘဲ နေ့စဉ်ရက်ဆက် လမ်းပေါ်မှာလှုပ်ရှားနေကြတဲ့ ပြည်သူတွေကို စားစရာတွေလှူနေကြဆဲဖြစ်ပါတယ်။သာမန်လက်လုပ် လက်စားပြည်သူတွေ ကလည်း မုန့်တွေ၊ ငှက်ပျောသီးတွေကို လူအုပ်ကြားထဲမှာ လိုက်ဝေပေးနေတာဖြစ်လို့ အရမ်းပီတိဖြစ်ဖို့ကောင်းပါတယ်။ဒီလိုအချိန်မျိုးမှာ တစ်နိုင်တစ်ပိုင်လေးလှူဒါန်းနေကြတဲ့အလှူရှင်တွေရှိကြတာကြောင့် လမ်းပေါ်ကပြည်သူတွေကလည်း စိတ်ဓာတ်အားမာန်အပြည့်နဲ့ ပါဝင်နိုင်ကြတာပဲ ဖြစ်ပါတယ်။

လူငယ်တွေကတော့ တစ်လကျော်ကြာ သွားတာတောင် မမောမပန်းကြသေးဘဲ အမှန်တရား အတွက် လမ်းပေါ်ထွက်နေကြတာဖြစ်ပါတယ်။ပြည်သူတွေကတော့ အချင်းချင်းကာကွယ်စောင့်ရှောက်ကြပြီး ကျဆုံးသွားတဲ့ သူရဲကောင်းတွေအတွက်လည်း သူတို့အသက်ပေးရတာနဲ့တန်အောင် ပိုကြို းစားပေးနေကြတာဖြစ်ပါတယ်။ အခုလိုမျိုး လူငယ်တွေအားရှိဖို့အတွက် စေတနာရှင်ပြည်သူတွေက ရက်ရက်ရောရောလှူဒါန်းနေကြပြီး တစ်ထောင့်တစ်နေရာကနေပါဝင်ကူညီပေးနေကြတဲ့ ပုံရိပ်လေးတွေကို ပြန်လည်မျှဝေပေ းလိုက်ပါတယ်။

Source&Photo Credit: Original Uploder

Leave a Reply

Your email address will not be published. Required fields are marked *