လမ်းပေါ်မှာ ရပ်နေတဲ့ စိတ်မနှံ့သူ တစ်ယောက်ကို အန္တရာယ်ရှိ မှန်းသိရက် နဲ့တောင် အရှေ့အထိ သွားပြီး ရအောင် ပြန်ခေါ်လာခဲ့တဲ့ လူငယ်တွေ ရဲ့ ဗီဒီယို

Posted on

လတ်တလော လူမှုကွန်ယက် စာမျက်နှာထက်မှာ ပျံ့နှံ့နေတဲ့ ဗီဒီယို တစ်ခုကတော့ အတော်လေးကို ကြည့်ရှုသူများပြားနေတာပဲ ဖြစ်ပါတယ်။ ဒီဗီဒီယိုထဲမှာတော့ လူငယ်တစ်စုက စိတ်မနှံ့တဲ့သူတစ်ယောက်ကို အန္တရာယ်ရှိမှန်းသိရက်နဲ့တောင် သွားရောက် ကူညီခဲ့ကြပုံကို မြင်တွေ့ရမှာ ဖြစ်ပါတယ် ။ လမ်းပေါ်ကို တစ်ယောက်တည်း ထထွက်သွားတဲ့ လူတစ်ယောက်ကို လူငယ်တွေက တစ်ဖက်အခြမ်းကနေ ရအောင် ပြန်ခေါ်လာနိုင်ခဲ့တာ ဖြစ်ပါတယ် ။

ဒီဗီဒီယိုရဲ့အစပိုင်းမှာ ပြည်သူတွေက လမ်းမပေါ်မှ ာရပ်ပြီး တက်ညီ လက်ညီ ဆန္ဒထုတ်ဖော်နေကြတာပဲ ဖြစ်ပါတယ် ။ အဲ့ဒီနောက်မှာတော့ စိတ်မနှံ့တဲ့လူတစ်ယောက်က ဆန္ဒပြနေတဲ့ ပြည်သူတွေအရှေ့ကနေ တစ်ဖက်အခြမ်းကို ထထွက် သွားခဲ့တာ ဖြစ်ပါတယ် ။ ဒါကြောင့်ပြည်သူတွေက သူတို့အရှေ့မှာရပ်နေတဲ့သူက စိတ်မနှံ့တဲ့သူ ဖြစ်ကြောင်းကို တစ်ဖက်ကကြားအောင် အော်ဟစ်ပြောပြခဲ့သလို သူ့ကိုအန္တရာယ် မပြုဖို့ လက်ဟန်ခြေဟန်တွေနဲ့ပါ တားမြစ်ခဲ့ကြတာလည်း ဖြစ်ပါတယ် ။

ဒါပေမဲ့လည်း စိတ်မနှံ့တဲ့သူက လမ်းပေါ်မှာ တစ်ယောက်တည်း ငုတ်တုတ် ထိုင်ချလိုက်တာကြောင့် သူ့ကိုစိုးရိမ်နေတဲ့ လူငယ်တစ်စုက ကူညီဖို့ကြိုးစားခဲ့ကြတာ ဖြစ်ပါတယ် ။ ဆန္ဒပြနေတဲ့လူအုပ်စုထဲက လူငယ်တစ်ချို့က ပြည်သူတွေ တားနေတဲ့ကြားကနေ စိတ်မနှံ့တဲ့သူကို ပြန်ခေါ်လာဖို့အတွက် အရှေ့ဆုံးအထိ ရောက်အောင်သွားခဲ့ကြတာ ဖြစ်ပါတယ် ။ အန္တရာယ်ရှိနေမှန်းသိရက်သားနဲ့တောင် ရအောင် သွားခေါ်ခဲ့တဲ့ လူငယ်တွေရဲ့လုပ်ရပ်ကို အားလုံးကလည်းလက်ခုပ်တီးပြီး ဂုဏ်ပြုခဲ့ကြတာ ဖြစ်ပါတယ် ။ ကဲ လေးစားချင်စရာကောင်းတဲ့ စိတ်ဓာတ်ပိုင်ရှင်တွေအဖြစ် ချီးကျူးခြင်းခံလိုက်တဲ့ လူငယ်တစ်စုရဲ့ဗီဒီယိုကို ပြန်လည် ဖော်ပြပေးလိုက်ပါတယ်။

Source & Video Credit-Original Uploader

Leave a Reply

Your email address will not be published. Required fields are marked *