လမ်းပေါ်မှာ ငုံးဥပြုတ်ရောင်းနေ တဲ့ ကလေးငယ်လေး ရဲ့ စိတ်ဓာတ် က လေးစား စရာကောင်း လို့ သူ့ရဲ့ အတွေ့အကြုံ ကို မျှဝေလာတဲ့ ပြည်သူတစ်ဦး

Posted on

အခုလိုအချိန်မျိုးမှာဆိုရင် လူတွေရဲ့ စိတ်ထားနဲ့အကျင့်သီလ တို့ကို ထင်ထင်ရှားရှား တွေ့မြင်နေရတာပဲ ဖြစ်ပါတယ်။လက်ရှိအခြေအနေကြောင့် ကလေးတွေကအစ မိမိတို့တတ်နိုင်တဲ့ အင်အားလေးတွေနဲ့ တစ်ထောင့်တစ်နေရာကနေ ပါဝင် အားဖြည့်ပေးနေကြတာ ဖြစ်ပါတယ်။လမ်းပေါ်မှာ လှုပ်ရှားနေကြတဲ့ ပြည်သူတွေကို ကလေးတွေကလည်း ဖရဲသီးတွေ ၊မုန့်ဖက်ထုတ်တွေ စတဲ့စားစရာလေးတွေကို တစ်နိုင်တစ်ပိုင်လေး လှူဒါန်းနေကြတာဖြစ်လို့ အသက်သာ ငယ်ပေမယ့် လေးစားဖို့ကောင်းတဲ့စိတ်ထားပိုင်ရှင်လေးတွေ ဖြစ်ပါတယ်။

တချို့ကလေးတွေကတော့ မိသားစုရဲ့ စားဝတ်နေရေး အတွက် တစ်ဖက်တစ်လမ်းကနေကူညီပေးနေကြတာဖြစ်ပါတယ်။တစ်ရက်ကဆိုရင်လည်း ပြည်သူတစ်ဦးက ခရီးသွားရင်း အမြန်လမ်းပေါ်တက်ခါနီးမှာ ကလေးငယ်တစ်ယောက်က ကားနားလာပြီး ငုံးဥပြုတ်ရောင်းတဲ့အကြောင်းကို မျှဝေလာတာဖြစ်ပါတယ်။ ငုံးဥပြုတ်ရောင်းတဲ့ကလေးက အခုလိုအရောင်းပါးနေတဲ့အချိန်မှာတောင် ငုံးဥပြုတ်ကို စျေးမှန်နဲ့ပဲရောင်းချနေတာ ဖြစ်ပါတယ်။ ဝယ်သူကလည်း သုံးထုတ်ငါးရာဖြစ်လို့ တစ်ထောင်ဖိုးပေးဆိုပြီး ဝယ်ယူအားပေးလိုက်တာ ဖြစ်ပါတယ်။

အဲ့ဒီအချိန်မှာ ငုံးဥပြုတ်ရောင်းနေတဲ့ ကလေးက နောက်မှာရပ်နေ တဲ့ သူ့သူငယ်ချင်းကို လှမ်းခေါ်ကာ “မင်းထဲကငါးရာဖိုး ပေးလိုက်လေ”ဆိုပြီး မျှရောင်းလိုက်တာဖြစ်ပါတယ်။ဝယ်သူကလည်း ကလေးရဲ့စိတ်ထား လေးကြောင့်“ဒီကောင် တကယ့်လူတော်လူကောင်းပဲ”လို့ စိတ်ထဲကနေ ချီးကျူးလိုက်တာ ဖြစ်ပါတယ်။ပညာတွေသင် ကျင့်ဝတ်တွေ သင်နေတဲ့ ပတ်ဝန်းကျင်မှာ တွေ့ရခဲတဲ့ အမူ အကျင့်ကောင်းလေးတွေကို အခုလိုအရွယ်တောင်မရောက်သေးတဲ့ကလေးတွေဆီမှာမထင်မှတ်ဘဲတွေ့လိုက်ရတာကြောင့် ဒီအကြောင်းအရာလေးကို ပြန်လည်မျှဝေပေးလိုက်ပါတယ်။

Photo Credit: Original Uploder

Leave a Reply

Your email address will not be published. Required fields are marked *