လမ်းပေါ်ထွက်ကာ လူထုလှုပ်ရှားမှုမှာ ပြည်သူ တွေ နဲ့အ တူ ရပ်တည်ခဲ့ တဲ့ အကြောင်းဝေမျှ လာတဲ့ ခင်လှိုင်တို့မိသားစု

Posted on

ပရိသတ်ကြီးရေ.. လတ်တလော ဖြစ်ပေါ်နေတဲ့ အခြေအနေတွေကြောင့် ပြည်သူပရိသတ်တွေနဲ့အတူ အနုပညာရှင်တွေကလည်း အများပြည်သူလှုပ်ရှားမှုတွေမှာ ကိုယ်တိုင်ကိုယ်ကျပူးပေါင်းပါဝင်နေကြတာကို အားလုံ းမြင်တွေ့ကြမှာပါနော်..။အနုပညာရှင်တွေတော်တော်များများဟာ ပြည်သူတွေ နဲ့တစ်သားတည်း လမ်းပေါ်ထွက်လှုပ်ရှားခဲ့ကြသလို အချို့အနုပညာရှင်တွေကလည်း လှူဒါန်းမှုတွေပြုလုပ်ခဲ့ကြပြီး တက်နိုင်တဲ့ဘက်ကနေ အသီးသီးပါဝင်အားဖြည့်နေကြတာကိုလည်း တွေ့ရပါတယ်..။

အခုတစ်ခါမှာလည်း အနုပညာလောကမှ ာ ပရိသတ်တွေတစ်ခဲနက်အားပေးချစ်ခင်မှုတွေကိုရရှိထားကြတဲ့ ခင်လှိုင်တို့မိသားစုဟာလည်း ပြည်သူပရိသတ်တွေနဲ့အတူ လူထုလှုပ်ရှားမှုတွေမှာ ပါဝင်ခဲ့ကြတာကို ဝေမျှလာပါတယ်နော်..။ခင်လှိုင်တို့ဟာ မိသားစု လိုက်ပါဝင်ခဲ့ကြတာဖြစ်ပြီး စည်သူဝင်း၊ ယွန်းယွန်းတို့ကလည်း သူငယ်ချင်းဖြစ်သူသဇင်ထူးမြင့်နဲ့အတူ လက်ညီလက်ညီစည်းစည်းလုံးလုံးနဲ့ လှုပ်ရှားမှုတွေပြုလုပ်ခဲ့ကြတာ ဖြစ်ပါတယ်..။

ယွန်းယွန်း၊ စည်သူဝင်းတို့နဲ့အတူ သူမတို့မိသားစု တွေလည်း ပါဝင်လှုပ်ရှားခဲ့ကြတဲ့ ပုံရိပ်လေးတွေကိုလည်း သဇင်ထူးမြင့်က သူမရဲ့ဖေ့စ်ဘွတ်စာမျက်နှာကနေ ဝေမျှထားတာပါ..။လမ်းပေါ်ထွက်ကာလူထုလှုပ်ရှားမှုမှာ အားတက်သရောပါဝင်ခဲ့ပြီး ပြည်သူတွေနဲ့အတူ တစ်ထောင့် တစ်နေရာကနေ ကိုယ်တိုင်ပါဝင်လှုပ်ရှားခဲ့တဲ့ သူမတို့ရဲ့ ပုံရိပ်လေးတွေကိုလည်း တင်ဆက်ပေးလိုက်ပါတယ်နော်..။

Photo Credit – Thazin Htoo Myint’s Fb Acc

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *