လမ်းပေါ်က ပြည်သူတွေ အတွက် ကိုယ်တိုင် အပင်ပန်းခံ လုပ်ထားတဲ့ ကြာဇံကြော်အပြင် အအေးနဲ့ ရေသန့် ဘူးများ ကိုပါ လှူဒါန်း ပေး ခဲ့တဲ့ ဖွေးဖွေးရဲ့ ဗီဒီယို

Posted on

ပရိသတ်ကြီးရေ လတ်တလောမှာ ဆိုရင် တိုင်းပြည်ရဲ့ အနာဂတ်လှပအောင် ပြည်သူ ပြည်သားတွေက လူထုလှုပ်ရှားမှုတွေကို အားကြိုးမာန်တက်ဖြင့် ယနေ့ အချိန်ထိ ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒီလိုလှုပ်ရှားမှု တွေမှာတော့ ပြည်သူတွေအပြင် ဘက်ပေါင်းစုံက နိုင်ငံ့ဝန်ထမ်းများ ၊ ကျောင်းသားကျောင်းသူများ နဲ့ အနုပညာရှင်များစွာက တက်တက် ကြွကြွ ပါဝင်ခဲ့ကြတာ တွေ့မြင်ရပါတယ်။ ဒါ့အပြင် တချို့အနုပညာရှင်တွေက တက်နိုင်တဲ့ ဘက် ကနေ စားသောက်စရာ လေးတွေ ဝေငှလှူဒါန်းပေးတာ တွေ့ရပါတယ်။

ယခုမှာဆိုရင်လည်း နိုင်ငံကျော် မင်းသမီး ချောလေး ဖွေးဖွေးကတော့ ရဲဝံ့စွာနဲ့ လမ်းမပေါ်ထွက်ပြီး တိုင်းပြည်အတွက် လူထု လှုပ်ရှားမှုမှာ ပါဝင်နေကြတဲ့ ပြည်သူပြည်သားတွေ အတွက် ကြည်နူးစရာအလှူလေးကို ပြုလုပ်ခဲ့ပါတယ်။ အလှူလေး ကို ပြုလုပ်ခဲ့တဲ့ ဗီဒီယိုလေးတွေကိုလည်း သူမရဲ့ Myday မှာ ပရိသတ်တွေအတွက် ဖော်ပြပေးခဲ့ပါတယ်။ ဒီဗီဒီယိုလေး ထဲမှာတော့ လူထုလှုပ်ရှားမှုမှာ ပါဝင်တဲ့ပြည်သူတွေအတွက် ကိုယ်တိုင် ကိုယ်ကျ အပင်ပန်းခံပြီး ကြော်ထား တဲ့ ကြာဇံကြော်တွေအပြင် အမောပြေသောက်စရာ အအေး နဲ့ ရေသန့်ဘူးများကို လှူဒါန်းပေးခဲ့တာ ဖြစ်ပါတယ်။

မင်းသမီးချောလေး ဖွေးဖွေးကတော့ အရင်ရက်တွေ ကလည်း လမ်းမပေါ်ထွက်ပြီး ပြည်သူပြည်သားတွေနဲ့အတူ လူထုလှုပ်ရှားမှုတွေ မှာ အားကြိုးမာန်တက် ပါဝင်ခဲ့တဲ့ အပြင် ယခုလိုမျိုး အလှူလေးတွေ ကို လှူဒါန်းပေးတာ တွေ့ရပါတယ်။ ကိုယ့်ရဲ့ ထင်ပေါ်ကျော်ကြားမှု ကိုဘေးချိတ်ထားပြီး ပြည်သူတွေနဲ့အတူ တစ်သားတည်း ရပ်တည်ပေးတာဟာ တကယ့်ကို လေးစား ဖို့ကောင်းတဲ့ အနုပညာရှင်တစ်ယောက်ပဲ ဖြစ်ပါတယ်။ ကဲ..ပရိသတ်ကြီးရေ ယခုမှာတော့ မင်းသမီးချောလေး ဖွေးဖွေးရဲ့ ကြည်နူးစရာ အလှူ ဗီဒီယိုလေးကို ပြန်လည်ကူးယူဖော်ပြပေးလိုက်ပါတယ်။

crd

Leave a Reply

Your email address will not be published. Required fields are marked *