လမ်းထိပ်မှာ မိသားစု အလှူလေး ပြုလုပ်ဖို့ အတွက် ရပ်ကွက်သူ ရပ်ကွက်သား တွေ နဲ့အတူ ကိုယ်တိုင်ပြင်ဆင်ပြီး ချက်ပြုတ်နေခဲ့တဲ့ ပိုးကြာဖြူခင်

Posted on

မင်းသမီးပိုးကြာဖြူခင် ကတော့ MRTV – 4 ဇာတ်လမ်းတွဲတွေမှာ ပါဝင်သရုပ်ဆောင် လျက်ရှိနေတဲ့ အနုပညာရှင်တစ်ယောက်ဖြစ်ပြီး ကြော်ငြာတွေကိုလည်း ရိုက်ကူးလျက်ရှိနေကာ ပရိသတ်တွေရဲ့အားပေးချစ်ခင်မှုကိုလည်း အခိုင်အမာရယူထားနိုင်ခဲ့ပါတယ်။ ပိုးကြာဖြူခင်ကတော့ လက်ရှိကိစ္စတွေ နဲ့ပတ်သက်ပြီး ပြည်သူတွေနဲ့အတူ ရပ်တည်နေကာ လူထု လှုပ်ရှားမှုတွေ မှာလည်း စိတ်အားထက်သန်မှုအပြည့်နဲ့ ပါဝင်နေသူ တစ်ယောက်ပဲဖြစ်ပါတယ်။

အလှူအတန်းတွေမှာလည်း လက်မနှေးဘဲ တတ်နိုင်သလောက် ပါဝင် လှူဒါန်းလေ့ရှိတဲ့ မင်းသမီးချောပိုးကြာဖြူခင်ကတော့ တက်တက်ကြွကြွနဲ့ လူထူလှုပ်ရှားမှုပြုလုပ်နေကြတဲ့ ပြည်သူတွေကိုလည်း စားသောက်ဖွယ်ရာတွေ မကြာခဏလှူလေ့ရှိတာဖြစ်ပါတယ်။ ပိုးကြာဖြူခင်ကတော့ လမ်းထိပ်မှာကြက်သားခေါက်ဆွဲကြော်နဲ့အအေးတွေလှူဒါန်းဖို့ အတွက် ရပ်ကွက်သူရပ်ကွက်သားတွေနဲ့အတူ ကိုယ်တိုင်ပြင်ဆင်ပြီး ချက်ပြုတ်နေခဲ့ပါတယ်။

ပိုးကြာဖြူခင်ကတော့ ” ဒီနေ့ ကျမတို့ မိသားစု ရဲ့ ကြက်သား ခေါက်ဆွဲကြော် အလှူအတွက် ချက်ပြုတ် ပြင်ဆင်နေပါပြီ “ဆိုပြီး ဗီဒီယိုဖိုင်လေးနဲ့အတူ လူမှုကွန်ယက်စာမျက်နှာထက်မှာ ရေးသားထားခဲ့တာပဲဖြစ်ပါတယ်။ လမ်းထိပ်မှာအလှူပြုလုပ်ဖို့အတွက် ကိုယ်တိုင်ပြင်ဆင်နေတဲ့ ပိုးကြာဖြူခင်ရဲ့ ဗီဒီယိုဖိုင်လေးကို ချစ်ပရိသတ်တွေအတွက် ပြန်လည်ဖော်ပြပေး လိုက်ပြီး အဆိုပါဗီဒီယိုဖိုင်လေး ကို အောက်မှာကြည့်နိုင်ပါတယ်။

Source : poe kyar phyu khin ‘ s facebook page

zawgyi





Leave a Reply

Your email address will not be published. Required fields are marked *