လမ်းကြာကြာ လျှောက်ရင် “ညောင်းတယ်” လို့ ညည်းတတ် တဲ့ လူပျော့ကလေး အနာဂတ် ကို ကျည် နဲ့လဲ ကျဆုံးသွားရရှာပြီ

Posted on

လမ်းကြာကြာလျှောက်ရင် “ညောင်းတယ်”လို့ ညည်းတတ်တဲ့ လူပျော့ကလေးဟာ ခေတ်ရဲ့ဝန်ကို ကျောပိုးအိတ်ထဲထည့်၊ လက်သုံးချောင်းထောင်ပြီး အိမ်ကထွက်ခဲ့တယ်။ “စာတော်တာကလွဲလို့ ကျန်တဲ့နေရာ လူပျော့ပါကွာ”လို့ အမြဲစခဲ့တဲ့ မင်းဖေဖေဟာ သားဖြစ်သူလူပျော့လေး ရဲ့ ဝိညာဉ်ကင်းမဲ့ကိုယ်ခန္ဓာကို အံတင်းတင်းကြိတ်ပြီး အလေးပြုနေရော့မယ်။

လူပျော့လေးဟာ ဖားတစ်ကောင် ကို မသတ်ရဲဘူး။ လူပျော့လေးဟာ ပင့်ကူတစ်ကောင်ကို မနင်းရဲဘူး။ ဒါပေမယ် လူပျော့လေးဟာ ဒိုင်းကာမပါပဲ သေနတ်ပြောင်းရှေ့တော့ အရောက်လှမ်းရဲခဲ့ပါတယ်။ ခွပ်ဒေါင်းအလံ ကို ဆုပ်ကိုင် ခဲ့တဲ့ မင်းရဲ့လက်နုနုတွေ သွေးခြေမှဥခဲ့ပါရဲ့လား။ နေပူပူ၊ချွေးစိုစိုကြားက မင်းဆိုခဲ့တဲ့ “နိုင်ငံတော်အတွက်ဆို အသက်ကိုလည်းဘာမထီ သေပါစေ ခွပ်ဒေါင်းသွေးဟေ့ ရဲရဲရှေ့ကိုချီ”ဆိုတဲ့ စစ်ချီသံဟာ ဘဝဂ်ထိညံပြီး ငါတို့နှလုံးသားထိလာဖောက်တယ်။

မင်းဟာလူပျော့ကလေး ကျောင်းတက်ခွင့် မရှိတေ ာ့တဲ့ လူပျော့ကလေး။ ဂိမ်းဆော့ခွင့်မရှိတော့တဲ့ လူပျော့ကလေး။ ငါတို့ဦးညွတ်အလေးပြုရမယ့် လူပျော့ကလေး။ ခွပ်ဒေါင်းအပေါင်းတို့ရဲ့ ရဲရင့်စစ်သည်တော်လေး။ မင်းဟာ လူပျော့ကလေး အနာဂတ်ကိုကျည်နဲ့လဲ ကျဆုံးသွားတဲ့ရဲဘော်လေး စိတ်ဓာတ်မာလွန်းတဲ့ လူပျော့ကလေး နွေဦးတော်လှန်ရေး မော်ကွန်းရဲ့ သူရဲကောင်းလူပျော့ကလေး

crd

zawgyi

လမ္းၾကာၾကာေလွ်ာက္ရင္ “ေညာင္းတယ္”လို႔ ညည္းတတ္တဲ့ လူေပ်ာ့ကေလးဟာ ေခတ္ရဲ႕ဝန္ကို ေက်ာပိုးအိတ္ထဲထည့္၊ လက္သုံးေခ်ာင္းေထာင္ၿပီး အိမ္ကထြက္ခဲ့တယ္။ “စာေတာ္တာကလြဲလို႔ က်န္တဲ့ေနရာ လူေပ်ာ့ပါကြာ”လို႔ အၿမဲစခဲ့တဲ့ မင္းေဖေဖဟာ သားျဖစ္သူလူေပ်ာ့ေလး ရဲ႕ ဝိညာဥ္ကင္းမဲ့ကိုယ္ခႏၶာကို အံတင္းတင္းႀကိတ္ၿပီး အေလးျပဳေနေရာ့မယ္။

လူေပ်ာ့ေလးဟာ ဖားတစ္ေကာင္ ကို မသတ္ရဲဘူး။ လူေပ်ာ့ေလးဟာ ပင့္ကူတစ္ေကာင္ကို မနင္းရဲဘူး။ ဒါေပမယ္ လူေပ်ာ့ေလးဟာ ဒိုင္းကာမပါပဲ ေသနတ္ေျပာင္းေရွ႕ေတာ့ အေရာက္လွမ္းရဲခဲ့ပါတယ္။ ခြပ္ေဒါင္းအလံ ကို ဆုပ္ကိုင္ ခဲ့တဲ့ မင္းရဲ႕လက္ႏုႏုေတြ ေသြးေျခမွဥခဲ့ပါရဲ႕လား။ ေနပူပူ၊ေခြၽးစိုစိုၾကားက မင္းဆိုခဲ့တဲ့ “ႏိုင္ငံေတာ္အတြက္ဆို အသက္ကိုလည္းဘာမထီ ေသပါေစ ခြပ္ေဒါင္းေသြးေဟ့ ရဲရဲေရွ႕ကိုခ်ီ”ဆိုတဲ့ စစ္ခ်ီသံဟာ ဘဝဂ္ထိညံၿပီး ငါတို႔ႏွလုံးသားထိလာေဖာက္တယ္။

မင္းဟာလူေပ်ာ့ကေလး ေက်ာင္းတက္ခြင့္ မရွိေတ ာ့တဲ့ လူေပ်ာ့ကေလး။ ဂိမ္းေဆာ့ခြင့္မရွိေတာ့တဲ့ လူေပ်ာ့ကေလး။ ငါတို႔ဦးၫြတ္အေလးျပဳရမယ့္ လူေပ်ာ့ကေလး။ ခြပ္ေဒါင္းအေပါင္းတို႔ရဲ႕ ရဲရင့္စစ္သည္ေတာ္ေလး။ မင္းဟာ လူေပ်ာ့ကေလး အနာဂတ္ကိုက်ည္နဲ႔လဲ က်ဆုံးသြားတဲ့ရဲေဘာ္ေလး စိတ္ဓာတ္မာလြန္းတဲ့ လူေပ်ာ့ကေလး ေႏြဦးေတာ္လွန္ေရး ေမာ္ကြန္းရဲ႕ သူရဲေကာင္းလူေပ်ာ့ကေလး

crd

Leave a Reply

Your email address will not be published. Required fields are marked *