လတ် တလော ဆို ရှယ် မီဒီယာ ပေါ် မှာ သတင်း အမှား နှစ်ခု ပြန့်နှံ့နေ …

Posted on

ပထမတစ်ခုက မြန်မာစစ်တပ် ရဲ့ ဂြိုလ်တုစနစ်တွေ ထိန်းချုပ် ခံလိုက် ရတယ်။ ကိုကိုကျွန်းမှာ အထိုင်ချ ထားတဲ့ ရေဒါစနစ်တွေ ရပ်တန့်ကုန်တယ်။ ဒါကြောင့် မြန်မာ့ လေကြောင်းရန်ကာကွယ်ရေး စနစ်တွေလည်း အလုပ်မလုပ်တော့ဘူး။ မကြာခင် လေကြောင်း စစ်ဆင်ရေးတွေလာတော့မယ် ဆိုပြီး ပြောနေကြတာပါ။

အဲ့တာက ဒီလိုပါ။ ဂြိုလ်တုစနစ်နဲ့ လေကာ စနစ်နဲ့ က မဆိုင်ပါဘူး။ လေကာစနစ်သည် ရေဒါ နဲ့ အလုပ်လုပ်တာပါ။ ကိုကိုးကျွန်းက ရေဒါစနစ်အလုပ်မလုပ်တာက မှန်ပါတယ်။ ဒါပေမဲ့ ကြာပါပြီ အရင်ကတည်းကပါ။ အဲ့ဒီရေဒါစနစ် အလုပ်မလုပ်ရင် အဲ့ Sector တစ်ခုပဲ Block ဖြစ်နေမှာပါ။ တစ်နိုင်ငံလုံးမှာ ဖြန့်ကျက် ထားတဲ့ စစ်ဘက် အရပ်ဖက် ရေဒါစနစ်တွေ အများကြီးရှိပါတယ်။ ဒါမှသာ ဝေဟင်ပိုင်နက် လုံခြုံရေးနဲ့ ကာကွယ်ရေးအတွက် အသုံးဝင်မှာပါ။

ဒါကြောင့် ကိုကိုးကျွန်းက ရေဒါစနစ်အလုပ်မလုပ်တာနဲ့ပဲ မြန်မာ့ လေကာ စနစ်ကြီးတစ်ခုလုံး ပျက်သွားလို့ လေကြောင်းစစ်ဆင်ရေးတွေလာတော့မယ် ဆိုတာ သတင်းအမှားကြီးပဲဖြစ်ပါတယ်။
နောက်တစ်ခုကတော့ ဂျပန်ကနေ မြန်မာပြည်ကို ဂြိုလ်တုနဲ့ အင်တာနက် ဖရီးလွှင့်ပေးဖို့ အရေးပေါ်စီစဉ်နေပြီ ဆိုတာပါ။ အဲ့တာလည်း ဘယ်သတင်းဌာနမှာမှ ဖော်ပြထားတာ မတွေ့ပါဘူး။ ကျနော်သိသလောက် ဂြိုလ်တုအင်တာနက်ဆိုတာ ပင်လယ်ထဲတွေ၊ ဝေးလံခေါင်သီတဲ့ အရပ်ဒေသတွေ၊ သံရုံးတွေမှာပဲ အသုံးပြုတာပါ။

အများပြည်သူအသုံးပြုတဲ့ အင်တာနက်က ပင်လယ်အောက် ကနေ Fiber Cable တွေနဲ့ လာပါတယ်။ ဂြိုလ်တု အင်တာနက်က ဈေးလည်းကြီးပါတယ်။ နောက်ပြီး ဂျပန်က သူ့နိုင်ငံမှာတောင် ဖရီးမပေးတာ ကျနော်တို့နိုင်ငံကို ဖရီးပေးပါ့မလားဗျာ။ ပြီးတော့ ဒီလို ဂြိုလ်တု အင်တာနက်က ကျနော်တို့ ဖုန်းလေးထဲက Data Network လေး ဖွင့်လိုက်ရုံနဲ့ အင်တာနက်မရပါဘူး။

Receiver တွေထပ်လိုပါဦးမယ်။ လက်ရှိ ဂြိုလ်တု အင်တာနက် နဲ့ အများပြည်သူကို ဝန်ဆောင်မှုပေး နေတာကလည်း Elon Musk ရဲ့ Starlink တစ်ခုပဲ လုပ်နိုင်ပါသေးတယ်။

ဒါကြောင့် ခုသတင်းသည် အခြေအမြစ်မရှိ သတင်းအမှားသာဖြစ်ပါတယ်။

အထက်ပါ သတင်းအမှား (၂) ခုမှာ အများပြည်သူအတွက် သတင်းအမှား သာဖြစ်၍ မယုံကြည်ကြပါရန် အကြုံပြုလိုပါတယ်ခင်ဗျာ။

We Check

We Check Community

zawgyi

ပထမတစ္ခုက ျမန္မာစစ္တပ္ ရဲ႕ ၿဂိဳလ္တုစနစ္ေတြ ထိန္းခ်ဳပ္ ခံလိုက္ ရတယ္။ ကိုကိုကြၽန္းမွာ အထိုင္ခ် ထားတဲ့ ေရဒါစနစ္ေတြ ရပ္တန႔္ကုန္တယ္။ ဒါေၾကာင့္ ျမန္မာ့ ေလေၾကာင္းရန္ကာကြယ္ေရး စနစ္ေတြလည္း အလုပ္မလုပ္ေတာ့ဘူး။ မၾကာခင္ ေလေၾကာင္း စစ္ဆင္ေရးေတြလာေတာ့မယ္ ဆိုၿပီး ေျပာေနၾကတာပါ။

အဲ့တာက ဒီလိုပါ။ ၿဂိဳလ္တုစနစ္နဲ႔ ေလကာ စနစ္နဲ႔ က မဆိုင္ပါဘူး။ ေလကာစနစ္သည္ ေရဒါ နဲ႔ အလုပ္လုပ္တာပါ။ ကိုကိုးကြၽန္းက ေရဒါစနစ္အလုပ္မလုပ္တာက မွန္ပါတယ္။ ဒါေပမဲ့ ၾကာပါၿပီ အရင္ကတည္းကပါ။ အဲ့ဒီေရဒါစနစ္ အလုပ္မလုပ္ရင္ အဲ့ Sector တစ္ခုပဲ Block ျဖစ္ေနမွာပါ။ တစ္ႏိုင္ငံလုံးမွာ ျဖန႔္က်က္ ထားတဲ့ စစ္ဘက္ အရပ္ဖက္ ေရဒါစနစ္ေတြ အမ်ားႀကီးရွိပါတယ္။ ဒါမွသာ ေဝဟင္ပိုင္နက္ လုံၿခဳံေရးနဲ႔ ကာကြယ္ေရးအတြက္ အသုံးဝင္မွာပါ။

ဒါေၾကာင့္ ကိုကိုးကြၽန္းက ေရဒါစနစ္အလုပ္မလုပ္တာနဲ႔ပဲ ျမန္မာ့ ေလကာ စနစ္ႀကီးတစ္ခုလုံး ပ်က္သြားလို႔ ေလေၾကာင္းစစ္ဆင္ေရးေတြလာေတာ့မယ္ ဆိုတာ သတင္းအမွားႀကီးပဲျဖစ္ပါတယ္။
ေနာက္တစ္ခုကေတာ့ ဂ်ပန္ကေန ျမန္မာျပည္ကို ၿဂိဳလ္တုနဲ႔ အင္တာနက္ ဖရီးလႊင့္ေပးဖို႔ အေရးေပၚစီစဥ္ေနၿပီ ဆိုတာပါ။ အဲ့တာလည္း ဘယ္သတင္းဌာနမွာမွ ေဖာ္ျပထားတာ မေတြ႕ပါဘူး။ က်ေနာ္သိသေလာက္ ၿဂိဳလ္တုအင္တာနက္ဆိုတာ ပင္လယ္ထဲေတြ၊ ေဝးလံေခါင္သီတဲ့ အရပ္ေဒသေတြ၊ သံ႐ုံးေတြမွာပဲ အသုံးျပဳတာပါ။

အမ်ားျပည္သူအသုံးျပဳတဲ့ အင္တာနက္က ပင္လယ္ေအာက္ ကေန Fiber Cable ေတြနဲ႔ လာပါတယ္။ ၿဂိဳလ္တု အင္တာနက္က ေဈးလည္းႀကီးပါတယ္။ ေနာက္ၿပီး ဂ်ပန္က သူ႔ႏိုင္ငံမွာေတာင္ ဖရီးမေပးတာ က်ေနာ္တို႔ႏိုင္ငံကို ဖရီးေပးပါ့မလားဗ်ာ။ ၿပီးေတာ့ ဒီလို ၿဂိဳလ္တု အင္တာနက္က က်ေနာ္တို႔ ဖုန္းေလးထဲက Data Network ေလး ဖြင့္လိုက္႐ုံနဲ႔ အင္တာနက္မရပါဘူး။

Receiver ေတြထပ္လိုပါဦးမယ္။ လက္ရွိ ၿဂိဳလ္တု အင္တာနက္ နဲ႔ အမ်ားျပည္သူကို ဝန္ေဆာင္မႈေပး ေနတာကလည္း Elon Musk ရဲ႕ Starlink တစ္ခုပဲ လုပ္ႏိုင္ပါေသးတယ္။

ဒါေၾကာင့္ ခုသတင္းသည္ အေျခအျမစ္မရွိ သတင္းအမွားသာျဖစ္ပါတယ္။

အထက္ပါ သတင္းအမွား (၂) ခုမွာ အမ်ားျပည္သူအတြက္ သတင္းအမွား သာျဖစ္၍ မယုံၾကည္ၾကပါရန္ အႀကဳံျပဳလိုပါတယ္ခင္ဗ်ာ။

We Check

We Check Community

Leave a Reply

Your email address will not be published. Required fields are marked *