ပရိသတ်ကြီးရေ.. သရုပ်ဆောင် မင်းသမီး ခင်ဇာခြည်ကျော် ကတော့
သရုပ်ဆောင်ကောင်းပြီး သဘာဝကျကာ ပီပြင်တဲ့ ဟန်ပန်တွေကြောင့်
အနုပညာလောကမှာ အောင်မြင်စွာနဲ့ ဇာတ်ကားတွေများစွာ ရိုက်ကူး ထားသူပဲ ဖြစ်ပါတယ်နော်..။
အနုပညာအလုပ်တွေ ဆယ်စုနှစ်တွေကတည်းက လုပ်ဆောင်လာတဲ့
ခင်ဇာခြည်ကျော်ကတော့ ကျော့ရှင်းတဲ့အလှတရားတွေကို ပိုင်ဆိုင် ထားကာ
အရွယ်တင်နုပျိုနေပြီး ယနေ့အချိန်ထိလည်း အနုပညာအလုပ်တွေနဲ့
ပရိသတ်တွေကို အချစ်ပိုစေသူပါပဲ..။
ပရိသတ်အချစ်တွေကို အခိုင်အမာ သိမ်းပိုက်ထားတဲ့ မဇာလေးကတော့
အနုပညာအလုပ်တွေကို ဆက်တိုက် လုပ်ဆောင်ကာ လတ်တလောမှာလည်း
ချစ်ရတဲ့ အနုပညာရှင်မောင်နှမတွေနဲ့ ကြော်ငြာရိုက်ကွင်းပေါ်က
ပျော်စရာလေးတွေကို ဝေမျှလာပါတယ်နော်..။
ချစ်ခင်ရတဲ့ အနုပညာရှင်မောင်နှမတွေနဲ့အတူ ကြော်ငြာတွေရိုက်ကူးနေတာဖြစ်ပြီး
ကျော့ရှင်းပြီး လှရက်လွန်းနေတဲ့ ပုံရိပ်လေးတွေနဲ့အတူ မြင်သူတိုင်းကို
အချစ်ပိုစေမယ့် မဇာလေးကိုတော့ ပရိသတ်တွေချစ်ခင်အားပေးနေကြမှာပါနော်..။
“ဒီနေ့ အနုပညာ မောင်နှမတွေ ဆုံကြတာပျော်လိုက်တာ😍..” ဆိုပြီး
အနုပညာမောင်နှမတွေ ပျော်ပျော်ပါးပါးဆုံကာ
အလုပ်တွေအတူတွဲဖက်လုပ်ဆောင်နေတဲ့ အမှတ်တရလေးတွေကို
မဇာလေးက ပရိသတ်တွေကို ဝေမျှ ထားတာပါနော်..။
သူမရဲ့ အဲ့ဒီ့ပို့စ်အောက်မှာတော့ အရွယ်တင်နုပျိုမှုတွေနဲ့
လှသွေးကြွယ်နေဆဲဖြစ်တဲ့ မင်းသမီးချော ခင်ဇာခြည်ကျော်ရဲ့ပုံရိပ်လေးတွေကို
ပရိသတ်တွေကလည်း သဘောကျကာ အချစ်ပိုအားပေးနေကြတာလည်း တွေ့ရပါတယ်နော်..။
crd